Wednesday, September 30, 2009

စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ အပိုင်း (၁)

စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ
ခင်မောင်ညို (ဘောဂဗေဒ) နှင့် မအိမ်သူ
မင်္ဂလာရှိသော နေ့ ရက်များ




မင်္ဂလာရှိသော နေ့ ရက်များ သို့ မဟုတ် မင်္ဂလာဓါရဏကထာဆိုတဲ့ကျမ်းမှာ မဟာဗောဓိမြိုင်ဆရာတော်က “ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ” မင်္ဂလာတွေကို အကြားအမြင် ဗဟုသုတုများနှင့်လည်း ပြည့်စုံစေ၊ လက်မှုပညာလည်း တတ်ကျွမ်းနေစေလို့  အဓိပ္ပါယ်ဖွင့်ဆိုတော် မူထားပါတယ်။ ဆရာတော်ဘုရားကြီးက “မျက်စိနှင့် နား၊ အမြဲတံခါးဖွင့်ထားပါ” လို့  မိန့် တော်မူပါတယ်။

အကြားအမြင်ဗဟုသုတ ဘယ်လောက်များရမလဲ?
၁။ တိုင်းပြည်အကြောင်း ကောင်းကောင်းသိနေစေရမည်။
၂။ စီးပွားရေးအကြောင်း ကောင်းကောင်းရိပ်မိနေစေရမည်။
၃။ လူမှုရေးအကြောင်း ကောင်းကောင်း နားလည်နေစေရမည်။


အဲဒီလိုဆိုထားတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကုန်ပါရောလား။ ဒီ ၃ ချက်ကို ကျွမ်းကျင်နေရင် ဘယ်နေရာနေနေ၊ ဘယ်ပြည်ရောက်ရောက် လူတော်ပဲ။ အဲဒီသုံးခုစလုံးဟာ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်တယ်။

ရှေးက နိုင်ငံရေးကို “ကြက်ဥအရောင် တိမ်တောင်သဖွယ်” လို့  တင်စားခဲ့ကြတယ်။ စီးပွားရေးမှာ ဒီနေ့ ဒီပစ္စည်း အသုံးတွင်ကျယ်နေပေမယ့် နောက်ရက်မှာ သူ့ ထက်သာတဲ့ပစ္စည်းဝင်လာရင် နောက်ကောက်ကျတတ်တယ်။ ကျီးအစာစားသလိုပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေရာက ဘယ်သူတွေဘာလုပ်နေသလဲဆိုတာ အမြဲအကဲခတ်နေရတယ်။ မဟုတ်ရင် “စီးပွားရေး၊ လူအိုရုံ”ထဲ ရောက်သွားတတ်တယ်။ ကိုယ့်စီးပွားရေး အမြဲတမ်း နုပျိုလန်းဆန်းနေချင်ရင် အမြဲ မျက်စိနှင့်နားကို ဖွင့်ထားဖို့ လိုတယ်။ အရည်အသွေး ကောင်းသည်ထက်ကောင်းအောင် “သုတေသနပြုမှု” လိုတယ်။ စားသုံးသူကို မလိမ်ချင်ရဘူး။

လူမှုရေးမှာလည်းဘဲ လူကိုလူလို ဆက်ဆံရမယ်။ စာပေကရတဲ့အတွေ့ အကြုံတွေ၊ ဗဟုသုတတွေကို ၀ိဇ္ဇာပညာရပ်လို့ ဆိုရင် သူနဲ့ ယှဉ်တွဲပြီး လက်တွေ့ အသုံးချစရာတွေကို သိပ္ပံပညာ ဒါမှမဟုတ် လက်မှုပညာလို့ ဆိုနိုင်တယ်။ ဒီနေရာမှာလည်း မင်္ဂလာသုတ်ကို ဆရာတော်ဘုရားကြီးက သေးသေးကြီးကြီး အပြစ်ကင်းမယ့်အလုပ်မျိုးဆို လက်ရာမြောက်နေပါစေ၊ ကိုယ်ကျင့်မပျက်မယ့် အလုပ်မျိုးဆို မရှက်မကြောက်ပါလေနှင့်။ တတ်ပြီးလက်မှုပညာကို မလေးမစား၊ မကိုင်တွယ်ပါလေနှင့်။ အဲဒီသုံးချက်ကို လိုက်နာနိုင်ရင် လောကနိဗ္ဗာန်ဆိုတာ ပြေးမလွတ်တော့ဘူးလို့ မိန့် မှာတော်မူပါတယ်။

တလောက စာရေးဆရာ ရောဘတ်တီကီယိုဆာကီရဲ့ စာအုပ်တွေဖတ်မိတယ်။ သူ့ အရေးအသားတွေထဲမှာ မခံချင်စရာတွေရှိနေပေမယ့် အမှန်တွေများတယ်။ ဥပမာ သူက ကျွန်တော်တို့ လို ဟိုစပ်စပ်ဒီစပ်စပ်သမားတွေအတွက် အရေးအကြီးဆုံးက အလွတ်ရအောင်ကျက်ဖို့ နဲ့  အမျိုးစုံအောင်ကျက်ဖို့ ဘဲတဲ့။ မခံချင်စရာပါ။ ဒါပေမယ့် အမှန်တွေပါနေတယ်။ စာမေးပွဲဆိုတာ ဘွဲ့ တွေ၊ လက်မှတ်တွေ၊ ဒီဂရီတွေဆိုတာဟာလည်း အများအားဖြင့် သင်ထားတာကို ဘယ်လောက်မှတ်မိသလဲလို့  ပြန်မေးတာတွေများတယ်။ ဒါတောင်သိပ်ပြီး မှတ်ချင်ကျက်ချင်ကြတာမဟုတ်ဘူး။ တကယ်တမ်း လောကကို ရင်ဆိုင်၊ ဘ၀နဲ့ ထိတွေ့ တဲ့အခါမှာ အလွတ်ကျက်ထားတာတွေနဲ့ မလုံလောက်ပါဘူး။

ဗီယက်နမ်စစ်ပွဲသွားတိုက်မယ့် တိုက်လေယာဉ်မှူးတစ်ယောက်ကို ပထမဆုံးက လေကြောင်းသင်ကျောင်းမှာ လေ့ကျင့်ပေးတယ်။ သင်တန်းဆင်းလက်မှတ်ရလာတော့ မြောက်ကြွမြောက်ကြွနဲ့ ပေါ့။ လက်တွေ့ တာဝန်ပေးပေးချင်း သက်ဆိုင်ရာတာဝန်ရှိသူက အရေးပေါ်အခြေအနေနဲ့ ကြုံရင် ဘာလုပ်ရမယ်ဆိုတာ သိလားလို့ မေးတော့ မေးရကောင်းလားဆိုပြီး စိတ်တွေဆိုးလို့  ချရေးစမ်းဆိုတော့လည်း တစ်ခုမကျန် ပြန်ဖြေနိုင်တယ်။

ဒါနဲ့ လက်တွေ့ စမ်းကြည့်ရအောင်ဆိုပြီး လေယာဉ်ပျံမောင်းကြည့်တယ်။ ဒါလေးများပေါ့လေ။ နောက်အဲဒီစမ်းသပ်တဲ့အရာရှိက စက်ရပ်ပစ်လိုက်တယ်။ ဘယ်ပြောကောင်းမလဲ လေယာဉ်က ဦးစိုက်ပြီး ဆင်းနေတော့တာပေါ့။ စမ်းသပ်တဲ့အရာရှိက အေးအေးဆေးဆေးပါပဲ။ အစမ်းသပ်ခံရတဲ့ပုဂ္ဂိုလ်က ဘယ်ကစလုပ်ရမှန်းတောင် မသိပါဘူး။ နောက်ဆုံးမှာ စမ်းသပ်တဲ့အရာရှိကပဲ လေယာဉ်ကိုအချိန်မီ ပြန်ထိန်းလိုက်ရတယ်။ စောစောက အလွတ်ရထားတဲ့စာတွေ ဘယ်ရောက်ကုန်ပြီလဲ။

ဒီတော့ စမ်းသပ်တဲ့အရာရှိက စကားတစ်ခွန်းပြောပြတယ်။ ဒီစကားကို ပိုင်းလော့တစ်ယောက်အတွက် ပြောပေမယ့် ကျန်တဲ့ ကျွန်တော်တို့ တစ်တွေနဲ့ လဲ ပတ်သတ်နေတယ်။

“သူများ သတ်လို့ သေမှာမဟုတ်ဘူး။ ကိုယ်ညံ့တာ၊ ကိုယ့်အရည်အချင်းမပြည့်တာတွေကြောင့် သေမှာတဲ့။” ကျွန်တော်တို့ တစ်တွေဟာ မင်္ဂလာရှိတဲ့ နေ့ ရက်များကို လိုချင်ရင် မပြည့်တာတွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့ ကိုယ်မသိသေးတာ မတတ်သေးတာတွေကို လေ့လာဆည်းပူးဖို့ အများကြီးလိုပါအုံးမယ်။

ဘယ်သူဖြစ်ဖြစ် အလွတ်ကျက်နိုင်၊ ပြန်ဆိုနိုင်ကြတာချည်းဘဲ။ ဒါပေမယ့် တကယ့်တကယ် အရေးရယ် အကြောင်းရယ်ဆိုရင် ပြန်စဉ်းစားနေရသေး။ ဘယ်ကစလို့  စရမှန်းမသိ ဖြစ်နေသေးရင်တော့ တကယ် မသိသေးမတတ်သေးတာ အမှန်ပါ။ အလွတ်ရတာဟာ တကယ်သိတာမဟုတ်ဘူး။ အရေးပေါ် အခြေအနေတွေကို သာမန်အခြေအနေလို သဘောထား လေ့ကျင့်ပေးနိုင်မှ အကြောက်တရားရဲ့ နေရာမှာ အရည်အချင်းတွေ၊ အရည်အသွေးတွေ ၀င်လာမှ အတ္တကြီးမှု၊ မာနကြီးမှုရဲ့ နေရာမှာ စိတ်ချယုံကြည်မှုတွေဝင်လာမှ တကယ်တတ်၊ တကယ်သိလို့ ဆိုနိုင်မယ်။

တကယ်တော့ လောကီလူ့ ဘောင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် အလွတ်ကျက် မှတ်မိတာထက် ပိုတဲ့ အခြေခံစွမ်းရည်တွေ လိုအပ်ပါတယ်။ အနည်းဆုံး အဲဒီစွမ်းရည်တွေရအောင် ဘယ်လိုလေ့လာဆည်းပူးမလဲဆိုတာက စရပါမယ်။ ပြီးရင် ရေထဲမိုးထဲမှာ ချက်ချင်းတုန့် ပြန် ဆောင်ရွက်နိုင်တဲ့အထိ လေ့လာရ၊ ဆည်းပူးရ၊ လေ့ကျင့်ထားရပါမယ်။

အခုလိုပြောလို့  လေ့လာဆည်းပူးရာမှာ အလွတ်မကျက်ရဘူး၊ မှတ်သားမထားရဘူးလို့  ဆိုလိုတာမဟုတ်ပါဘူး။ အချက်အလက်တွေကို ဦးနှောက်ထဲမှာ မှတ်သားထားတာဟာ ကွန်ပျူတာတစ်လုံးထဲ အချက်အလက်တွေထည့်ထားတာနှင့်တူပါတယ်။ ဒီကတဆင့် အာရုံငါးပါး အပါအ၀င် လက်တွေ့ အတွေ့ အကြုံတွေကို မြင်တာနှင့်သိ၊ ကြားတာနှင့်လုပ်တတ်တာမျိုးတွေ၊ အာရုံကြောတွေရဲ့ နိုးကြားတက်ကြွမှုတွေလိုအပ်ပါတယ်။ ပြီးတော့ခံစားရမှုတွေ၊ မသိစိတ်တွေရဲ့ ဆည်းပူးလေ့လာမှုတွေလဲ ရရှိပါမယ်။ ပျော်စရာ၊ ကြောက်စရာ၊ ချစ်ခင်စရာ၊ ကြင်နာသနားစရာ၊ ၀မ်းမြောက်စရာတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာဟာလဲ လေ့လာဆည်းပူးအပ်ပါတယ်။ တစ်ခုတည်းရွေးပြီး လေ့လာဆည်းပူးတာမျိုးဟာ အဓိပ္ပါယ်မပြည့်စုံပါဘူး။

လေ့လာဆည်းပူးရာမှာ ဘယ်လိုလေ့လာဆည်းပူးရမယ်ဆိုတာ အရေးအကြီးဆုံးပါ။ တကယ်တော့ ဘ၀ဆိုတဲ့ကျောင်းဟာ စာသင်ကျောင်းထက် ပညာတွေအများကြီး ပေးနေတာပါ။ ငယ်ငယ်က စက်ဘီးစီးသင်တဲ့အကြောင်း ပြန်စဉ်းစားကြည့်မိတယ်။ စက်ဘီးစီးသင်ရတော့မယ်ဆိုတော့ ပျော်လိုက်၊ တက်ကြွလိုက်တယ်ဖြစ်ခြင်းပေါ့။ ခုနေအခါ ဘာသာရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို လေ့လာတော့မယ်ဆိုရင် စက်ဘီးစီးသင်တုန်းကလောက် စိတ်အားထက်သန်မှုမျိုး ရှိသေးရဲ့ လား စဉ်းစားစရာပါ။

ဝမ်းသာပေမယ့် စက်ဘီးစီးသင်တာ၊ ဘာတွေလုပ်ရကိုင်ရမယ်ဆိုတာ၊ ဘာတွေ ဆည်းပူးလေ့လာရမယ်ဆိုတာ မသိပါဘူး။ စက်ဘီ စ စီးကြည့်တယ်။ လဲတယ်။ အဲဒီတော့မှ ကိုယ်မသိသေးတာတွေ ဘာတွေရှိနေသေးတယ်ဆိုတာ သိလာတယ်။ နောက်တော့ လဲလိုက်၊ ပြန်ထလိုက်၊ ပြန်စီးလိုက်၊ လဲလိုက် လုပ်ပါများလာတော့ မှားတာတွေပြင်လာနိုင်တယ်။ စက်ဘီးစီးတက်လာတယ်။ ဘယ်လိုလုပ်ရင် လဲတယ်။ ဖြောင့်ဖြောင့်စီးချင်ရင် ဘယ်လို၊ ကွေ့ ချင်ရင်ဘယ်လိုဆိုတာ သိလာတယ်။ ဒါပေမယ့်  ဒီအဆင့်ဟာ တကယ်တတ်တာ မဟုတ်သေးဘူး။

ကိုယ်သိထား၊ တတ်ထားတာတွေကို အရေးရယ် အကြောင်းရယ်မှာ ထုတ်သုံးနိုင်တယ်။ စက်ဘီးစီးဖို့ အရေး ဘာမှစဉ်းစားနေစရာမလိုတော့ဘူး။ ကုန်ကုန်ပြောရရင် တတ်လို့ တတ်မှန်းတောင်မသိ၊ သတိမရတော့ဘဲ တက်စီးနိုင်တယ်။ ဘယ်အကြောင်းအရာဖြစ်ဖြစ် ဒီအဆင့်လေးဆင့်ကို ဖြတ်သန်းရတယ်။ ပညအလိုက်၊ လူအလိုက် အချိန်ယူရတာ ကွာခြားမှုတော့ရှိတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် ဒီအတိုင်းဘဲ။ “ဒူးလည်းကွဲရော၊ စက်ဘီးစီးလက်တတ်ရော” ဆိုတဲ့စကားရှိတယ်။ အမှားတွေတွေ့  အမှားတွေပြင်ပြီးမှ တတ်ကျွမ်းနားလည်သူဖြစ်လာတာပါ။ မှားရမှာကြောက်သူ၊ စင်းလုံးချောဖြစ်ချင်သူတွေ၊ အမှားတွေကို မပြင်မဆင် တပွေ့ တပိုက် တယုတယထားချင်သူတွေဟာ တတ်ကျွမ်းသူတွေ ဖြစ်မလာနိုင်ပါဘူး။

ုဟုတ်ကဲ့။ ပညာခေတ်ကြီးမှာ မသိတာ မတတ်တာတွေ ၀န်ခံရင်း၊ မှားရဲရင်း၊ ပြင်ဆင်ရင်းနဲ့  မင်္ဂလာရှိသော နေ့ ရက်များကို ဖြတ်သန်းကြရမှာ ဖြစ်ကြောင်းပါ။

(ဆက်လက်ဖော်ပြပါမည်။)

ဆက်လက်ဖတ်ရှုရန်

Tuesday, September 29, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)

ယိုးဒယားကနည်းနှင့် တူခြင်း

“အိပ်မက်လောက” ထဲမှ တတုံ တတုံထွက်၍ “ဒိဋ္ဌလောက” ထဲ၌ စိတ်ကိုထားခြင်းအားဖြင့် တစ်ချက်တစ်ချက်တွင် သိမြင်ရသော အခြင်းအရာများမှာ တန်ဖိုးရှိလှသည်။ အတော်ကြီးကျင့်သားရလာသောအခါ “အိပ်မက်လောက” မှထွက်၍ ဒိဋ္ဌလောကသို့  ၀င်လိုက်ဆိုလျင်ပင် ယခင်က ပူပန်သောကရောက်ခြင်းများ၊ အလိုမကျသဖြင့် ဒေါသဖြစ်ခြင်း စသော နှလုံးမသာယာမှုများသည် မီးကို ရေနှင့် ငြိမ်းသတ်လိုက်ဘိသကဲ့သို့  ရုတ်ချည်း ပျောက်ကွက်သွားတတ်ပေသည်။

သတိလွတ်နေခြင်းကြောင့် ပူပန်စရာထင်၍ ပူပန်မိရာမှ ရုတ်တရက် သတိရ၍ ပူပန်စရာမဟုတ်ကြောင်း သိရသည်နှင့် တပြိုင်နက် အပူကင်းကွာသွားပုံကို ဥဒါဟရုဏ်ဆောင်၍ ပြရဦးမည်။

မင်းသမီးနှင့်မင်းသား ယိုးဒယားကဟန်ဖြင့် ထွက်လာခြင်းကို ပွဲထဲ၌ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ ကထွက်လာ၍ မင်းသမီးက နောက်မှကပ်ပါလာ၏။ နှစ်ယောက်စလုံးသည် ဆိုင်းချက်နှင့် ကလျက်ရှိကြသည်။ ကိုယ့်ဟန်နှင့်ကိုယ် ကလျက်ရှိရာမှ တစ်ချက်တစ်ချက်တွင် မင်းသားက နောက်သို့ လှည့်ကြည့်လိုက်တိုင်း မင်းသမီးသည် လက်အုပ်ချီလျက် ရှိခိုးနေခြင်းကို တွေ့ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ သို့ လှည့်လျက် ကသည့်အခါတိုင်း မင်းသမီးသည် ကချင်သလို ကလျက်ရှိသော်လည်း မင်းသားက နောက်သို့ လှည့်ကြည့်လိုက်သော အခါများတွင် မင်းသမီးမှာ လက်အုပ်ချီလျက်သာ တွေ့ ရသည်။

“ဒိဋ္ဌေဒိဋ္ဌ မတ္တံ” အလုပ်၌ ၀ါရင့်သောယောဂီ၏ စိတ်မှာလည်း သတိလွတ်ခိုက်တွင် ရောက်ချင်ရာ ရောက်နေစေကာမူ၊ သတိရ၍ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ယိုးဒယားကသော မင်းသမီး၏ လက်အုပ်ချီခြင်းကဲ့သို့  ပြားပြားဝပ်လျက် ရှိနေသည်ကို တွေ့ ရတတ်ပေသည်။ သို့ ဆိုလျင် အတော်ဟန်ပြီဟု ၀မ်းမြောက်ထိုက်ပေပြီ။ မဂ်ဆိုက်ခြင်းမျိုးကား မဟုတ်သေးပေ။

ဘာကြောင့် “ငါ” ထင်ရသနည်း

ပုဂ္ဂိုလ်အမျိုးမျိုး ရှိသည့်အနက် ရုပ် (ကိုယ်) ကောင်ကြီးကို “ငါ” ထင်သူများလည်း ရှိ၏။ ကြံစည်စိတ်ကူးတတ်သော စိတ်ကလေးကို “ငါ” ထင်တတ်သူများလည်း ရှိ၏။ ကိုယ်နှင့် စိတ်တို့ ကို ပိုင်ဆိုင်သော ဥစ္စာရှင် “ငါ” ကောင်ကလေး (soul or atman) တသီးတခြားရှိသေးသည်ဟု ယူဆသူများလည်း ရှိကြ၏။ အနောက်တိုင်းပြည်များ၌ “ငါ” ရှိသည်ဟူသော အထောက်အထားကို ဒဲ့စ်ကာတီ (Descartes) ဟူသော ဂရိတ်ပညာရှိကြီး တင်ပြခဲ့ဖူးသည့်အတိုင်း သူငါကစ ပြောတတ်ကြသည်။ ၄င်းဆရာကြီးက (I think, therefore I am) “ငါစဉ်းစားသည်။ ထို့ ကြောင့် ငါရှိသည်။” ဟု ပြောခဲ့သည်။ အဓိပ္ပါယ်မှာ စဉ်းစားစိတ်ကူးတတ်သော ငါကောင်ကလေးရှိနေခြင်းကို ထောက်ခြင်းအားဖြင့် ငါရှိကြောင်းထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှေးပညာရှိကြီး တစ်ဦးတစ်ယောက်က တင်ပြထားခဲ့သော အကိုးအကားဖြစ်သည်ဆို၍ အနောက်တိုင်းပြည်များတွင် အတော်အတန်လူများ မငြင်းဝံ့ဘဲ လက်ခံထားကြသည်။ စင်စစ်မှာလည်း စဉ်းစားစိတ်ကူးတတ်သော သဘာဝကဲ့သို့  “ငါ” နှင့်တူသော အခြင်းအရာသည် မရှိတော့ချေ။

ကျွန်ုပ်ကိုယ်တိုင် (တရားအားမထုတ်ရသေးမီက) ဤအတိုင်းပင် မျက်စိလည်ခဲ့ဖူးသည်။ ဤကိုယ်ကြီးသည် သေဆုံးသောအခါ၌ မြေကြီးထဲသို့ ရောက်ရမည်ဖြစ်သောကြောင့် “ငါ” မဟုတ်နိုင်။ သို့ သော် စဉ်းစားကြံစည်တတ်သော စိတ်ကလေးမူကား “ငါ” အဖြစ်နှင့် ဘ၀တပါးသို့  ကူးပြောင်းသွားမည် ဖြစ်သည်ဟု ယူဆခဲ့ဖူးလေသည်။ (စာထဲက ဘယ်လိုဆိုစေ၊ ကိုယ်တိုင်သဘောပေါက်မှ လက်ခံနိုင်သည်။) သို့ သော် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း လေ့ကျင့်၍ “အိပ်မက်လောက” ထဲမှထွက်ပြီး “ဒိဋ္ဌလောက” ထဲ၌ ခဏခဏ နေဖန်များလာသောအခါ စဉ်းစားကြံစည်တတ်သော သဘောတရားကလေးသည် “ငါလည်းမဟုတ်၊ ငါ့ပစ္စည်းလည်းမဟုတ်၊ ပိုင်ဆိုင်သော ဥစ္စာရှင်လည်း မရှိသည့်အဖြစ်ကို တစ်လထက် တစ်လ လက်တွေ့ သဘောကျလာပေတော့သည်။ “ငါ” သော်လည်းကောင်း၊ “ငါ့ပစ္စည်း” သော်လည်းကောင်း ဟုတ်ခဲ့ပါမူ၊ ငါထားသောနေရာ၌ နေမည်။ မကြံစည်ပါနှင့်ဟု အမိန့် ပေးလိုက်လျင် (ငါပိုင်ဆိုင်ရိုးမှန်ပါက) ငါ့စကားကို နားထောင်ရမည်။ သူသွားချင်ရာသွား၍ ကြံခဲ့ပြီး မောတော့မှ အိပ်သောဟာကလေးကို “ငါ” ဟူ၍ လည်းကောင်း၊ “ငါ့ပစ္စည်း” ဟူ၍ လည်းကောင်း ဘယ်နည်းနှင့် မှတ်ယူသင့်ပါသနည်းဟု သဘောကျမိသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Monday, September 28, 2009

What is Buddhism? (အပိုင်း ၉)

What is Meditation?

Meditation refers to the mental activity of sustaining conscious awareness on one thing, perception, concept, process or sensation. This may be, for example, the process of breathing, an external object, the concept and emotion of loving-kindness, a meaningful word, a physical sensation or the perception of impermanence Meditation can be done in any posture, but the most common ones are sitting cross-legged and walking back and forth. As mindful attention becomes increasingly continuous, the dispersed and distracted energy of the mind becomes more focused and clear. The act of sustaining awareness calms and soothes both the body and mind, while the focusing of attention energizes and brightens the mind.

The deeper the meditation becomes, the more quiet, still and blissful one feels. This cleansed and purified awareness, developed through repeated training, yields extraordinary clarity of mind. One begins to see things as they truly are, beyound the limitations of conditioned perceptions and habitual thought patterns. As one sees clearly, wisdom is born, and thus serenity and insight form an inseparable pair that are gradually cultivated through meditation.

(to be continued.....)

What is Buddhism? (အပိုင်း ၁)

What is Buddhism? (အပိုင်း ၂)

What is Buddhism? (အပိုင်း ၃)

What is Buddhism? (အပိုင်း ၄)

What is Buddhism? (အပိုင်း ၅)

What is Buddhism? (အပိုင်း ၆)

What is Buddhism? (အပိုင်း ၇)

What is Buddhism? (အပိုင်း ၈)


ဆက်လက်ဖတ်ရှုရန်

Friday, September 25, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၄)

ဘုရားနဲ့ တွေ့ သူ

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး သိထားရမှာက တရားတွေ့ မှ ဘုရားနဲ့ တွေ့ တယ်။ တရားမတွေ့ ရင် ဘုရားနဲ့ မတွေ့ ဘူးလို့ မှတ်ရမယ်။ ဒီတော့ဘုရားနဲ့ တွေ့ ချင်ရင် တရားတွေ့ အောင် ကြိုးစားမှတ်ရမယ်။

ဗုဒ္ဓဘာသာသုံးမျိုး

အောက်တန်း ဗုဒ္ဓဘာသာ၊ အလယ်တန်း ဗုဒ္ဓဘာသာ၊ အထက်တန်း ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ သုံးမျိုးရှိတယ်။ ကံနဲ့  ကံ၏အကျိုးကို ယုံကြည်တဲ့အဆင့်ဟာ အောက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ-အစိုးမရဘူးလို့  လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီးတော့ ဥာဏ်ထဲမှာ ဆင်ခြင်တဲ့သဘောကတော့ အလယ်တန်းဗုဒ္ဓဘာသာ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီး သစ္စာလေးပါး ကို မြင်သွားတဲ့အဆင့်ကတော့ အထက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။ အောက်တန်း၊ အလယ်တန်း အဆင့်မျှနဲ့ ပဲ အားရတင်းတိမ် မနေကြဘဲ အထက်တန်းဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင်ယောဂီသူတော်စင်တွေအားလုံး ကျင့်ကြံ အားထုတ်ကြရမယ်။

ယောက်မ နဲ့  လျှာ

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ကိုယ့်ကိုကိုယ် ယောက်မနဲ့ တူတဲ့ပုဂ္ဂိုလ်မဖြစ်စေနဲ့ ။ ယောက်မဟာ အရသာနှင့်ပြည့်စုံတဲ့ဟင်းတွေ ဘယ်လောက်ပဲ ချက်ချက်၊ မွှေမွှေအရသာ မသိဘူး။ လျှာကသာအရသာမျိုးစုံကို သိနိုင်တယ်။ ဒါ့ကြောင့် တရားတော်တွေကို သိအောင် နာကြား၊ ကြိုးစား ပြီးတော့လဲ ပွားများ အားထုတ်၊ လျှာနဲ့ တူတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ဆောင် အားထုတ်ကြရမယ်။

သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)

ဆက်လက်ဖတ်ရှုရန်

Tuesday, September 22, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)

ဒိဋ္ဌလောက

ဒိဋ္ဌလောကဟူသည်ကား အဘယ်သို့ နည်း။

အထက်ပါ ဥဒါဟရုဏ်၌ ၀န်ကြီးသည် ၄င်း၏နေအိမ်အတွင်း ဆိုဖာပေါ်၌ထိုက်လျက် ဆေးလိပ်သောက်နေသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်တွင် လမ်းပေါ်မှ ကားသွားသံနှင့် ဟွန်းသံများ ကြားကောင်းကြားပေလိမ့်မည်။ နောက်တခဏတွင် ကားသံရော၊ ဟွန်းသံပါ (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ဆုံးကွယ်ပျောက် သွားကြပေလိမ့်မည်။ သူ၏ စပယ်နီယယ် ခွေးကလေးတက်လာသည်ကို မြင်လိုက်ရ၍ သူ၏ခြေသလုံးကို ပွတ်သီးပွတ်သပ် လုပ်ခြင်းကြောင့် ရူပါရုံထိခိုက်ခြင်းနှင့် ဖောဋ္ဌဗ္ဗရုံ အတွေ့ သဘောတို့  (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ဖြစ်ပေါ်ပြီး ကွယ်ပျောက်ကုန်ဆုံးသွားကြပေလိမ့်မည်။ ဆေးလိပ်ကို ဖွာလိုက်သည့်အခါ ဖြစ်ပေါ်လာသော ရသာရုံနှင့် ဆေးလိပ်မှထွက်သော မီးခိုးငွေ့ များသည် အထက်သို့ တလိပ်လိပ်တက်ခြင်းကို မြင်ရ၍ (သူသတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ခန်းကွယ်ပျောက်သွားပေလိမ့်မည်။ စားပွဲပေါ်ရှိ ပန်းစိုက်ကရားထဲမှ နှင်းဆီပန်းရနံ့ သည် သူ၏နှာဝသို့  တစ်ချက်တစ်ချက်တိုးဝင်၍ မွှေးကြိုင်သော ဂန္ဓာရုံကို ခံစားရပေလိမ့်မည်။ ထို့ နောက် လေမသင့်ပြန်သဖြင့် ကွယ်ပျောက်သွားပေလိမ့်မည်။ ထိုင်လျက်ရှိသော ဆိုဖာကြီး၏ နူးညံ့သော အ၀တ်ခင်းနှင့် စပရိန်တို့ ၏ ပျော့အိသော အတွေ့ ကို (သတိပြုမိတိုင်း) ခံစားခွင့်ရှိပေလိမ့်မည်။ သတိမပြုမိသော အခါ၌ ခံစားသောဝေဒနာသည်လည်း ကွယ်ပျောက်ကုန်ဆုံးသွားပေလိမ့်မည်။ ၀န်ကြီး၏ “ဒိဋ္ဌလောက” ၌မူကား ပန်းစည်းဆက်သော အမျိုးသမီးကလေးများလည်း မရှိ။ ပမာမခန့် ရေးသော အယ်ဒီတာလည်း မရှိ။ သောင်းသောင်းဖြဖြ ကြိုဆိုကြသော ပရိတ်သတ်လည်း မရှိချေ။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက” ထဲ၌ မနေမူ၍ “ဒိဋ္ဌလောက” ထဲ၌သာ နေမိပါမူ အယ်ဒီတာအပေါ်၌ ဒေါပွသောစိတ်လည်း ဖြစ်စရာမရှိ။ ငါလုပ်ချင်တိုင်း လုပ်နိုင်ပြီဟု အထင်ရောက်သော မာနသဘောလည်း ၀င်လာနိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။

လက္ခဏာတင်နိုင်ခြင်း

အကြင် ယောဂီပုဂ္ဂိုလ်သည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော ဗုဒ္ဓ၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံးသောအခါတွင် ၄င်း၏စိတ်သည် အိပ်မက်လောကထဲ၌ မျော၍မပါတော့ဘဲ (အချိန်အပိုင်းအခြားနှင့် ဖြစ်စေ) ဒိဋ္ဌလောက၌ နေဖို့ ကြိုးစားရလေတော့သည်။ ယင်းသို့ ကြိုးစားရာ၌ လက်ငင်းအချိန်ကာလနှင့် “ဤနေရာ ဤဌာန” အပေါ်၌သာ (now & here) စိတ်ကိုထိန်းထားနိုင်သည့်အခါ အသစ်အသစ်ဖြစ်ပေါ်လာသော အခြင်းအရာကလေးများသည် နောက်တခဏတွင် ကုန်ဆုံးပျောက်ကွယ်တတ်သော သဘောကို ကြာလေမြင်လေ ဖြစ်လာပေလိမ့်မည်။ တစ်ခါတစ်ရံ အလိုမကျမှုတည်းဟူသော ဒေါမနဿဖြစ်ရာမှ သတိရ၍ ဒိဋ္ဌလောကထဲသို့  ပြန်ဝင်လိုက်သောအခါ ဒေါသစိတ်ပျောက်ကွယ်သွားခြင်းကို တွေ့ ရမည့်ပြင် ခုနက ဖြစ်ခဲ့မိသော ဒေါသစိတ်သည် ဘယ်ဆီသို့ ရောက်သွား၍ ဘယ်နေရာ ဘယ်ဌာန၌ စုပုံလျက်ရှိလေသနည်းဟူသည်ကို ရှာဖွေရင်း၊ စုပုံလျက်မရှိခြင်းကို သိခြင်းဖြင့် တစ်ဆင့်တက်၍ ရင့်ကျက်သောစိတ် ဖြစ်လာနိုင်သည်။ တောင်တောင်အီအီ စဉ်းစားခြင်းမဟုတ်ဘဲ၊ ဒိဋ္ဌလောကထဲမှ ပေါ်ထွက်လာသည့် အနိစ္စသဘော၊ အနတ္တသဘော စသည်ဖြင့် အလျဉ်းသင့်သလို ဆင်ခြင်သုံးသပ်ခြင်းကို သမ္မာသင်္ကပ္ပ ဟု ခေါ်ဆိုရပေလိမ့်မည်။ လက္ခဏာရေးသုံးပါးကို ပါးစပ်မှ ရွတ်ဆို၍ စိပ်ပုတီးအပတ်တစ်ထောင် စိပ်ခြင်းအားဖြင့် ရုပ်၏ အနိစ္စသဘော၊ စိတ်၏ အနတ္တသဘော စသည်ကို တစ်ကြိမ်တစ်ခါမျှပင် ထိုးထွင်းသိမြင်ဖို့  ခဲယဉ်းပေလိမ့်မည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Monday, September 21, 2009

What is Buddhism? (အပိုင်း ၈)

A Path Of Inquiry

The Buddha warned against blind faith and encouraged wise inquiry and tolerance. In one of his talks he pointed out the danger in basing one's beliefs merely on the following criteria: hearsay, tradition, because many others say it is so, the authority of ancient scriptures, due to logical deduction, or out of respect for one's teachers, elders or priests. Instead the traveler on the path of inquiry should maintain an open mind and thoroughly investigate his or her own experience of life. When one sees for oneself that a particular view or belief is both reasonable and in accordance with one's experience, leading to happiness for both oneself and others, only then should that view be adopted. This standard of course applies to the Buddha's own teachings. They should be looked into carefully, and examined with the clarity generated by meditation. As meditation deepens, direct insight into the nature of life grows. Only at this point do the teachings offer the bliss of liberation.

(to be continued.....)

What is Buddhism? (အပိုင်း ၁)

What is Buddhism? (အပိုင်း ၂)

What is Buddhism? (အပိုင်း ၃)

What is Buddhism? (အပိုင်း ၄)

What is Buddhism? (အပိုင်း ၅)

What is Buddhism? (အပိုင်း ၆)

What is Buddhism? (အပိုင်း ၇)


ဆက်လက်ဖတ်ရှုရန်

Sunday, September 20, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၃)

သတိဆိုတဲ့ တံခါးမှူး

တရားအားထုတ်တဲ့အခါမှာ သတိဟာ တံခါးစောင့်နဲ့ တူတယ်။ ပကတိမြို့ အ၀င်ဝတွေမှာစောင့်တဲ့ တံခါးမှူးဟာ ယုံကြည်စိတ်ချမှု မရှိတဲ့သူတွေကိုအ၀င်မခံဘူး၊ ယုံကြည်စိတ်ချရတဲ့သူတွေကိုမှသာ အ၀င်ခံတယ်။ ဒီအတိုင်းပါပဲ၊ သတိဆိုတဲ့ တံခါးစောင့်၊ တံခါးမှူးက အကုသိုလ်တွေကို အ၀င်မခံဘူး။ ကုသိုလ်တွေတော့ အ၀င်ခံတယ်။ ၀င်ခွင့်ပြုတယ်။

အနေလည်းပျော် အသေလည်းပျော်

သတိပဋ္ဌာန်တရားနဲ့  နေတဲ့သူဟာ သေခါနီးမှာ ညည်းညည်းညူညူအော်အော်ဟစ်ဟစ် မသေရဘူး။ ကိုယ့်အမှတ်နဲ့ ကိုယ် နေရတယ်။ သေရတယ်။ လုံးဝသတိမမေ့ဘူး။ သတိ မလွတ်ဘူး။ သတိပဋ္ဌာန်တရားကို ထိထိမိမိပိုင်ပိုင်နိုင်နိုင် မှတ်သားပွားများထားတဲ့ ယောဂီသူတော်စင်ဟာ အနေဖြောင့်တယ်။ အသေဖြောင့်တယ်။

ကျန်းမာရေး နဲ့  တရား

ယောဂီသူတော်စင်အားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ။ကျန်းမာရေးကောင်းအောင် ဆီး၊ ၀မ်း၊ လေ သုံးမျိုးကို အထူးဂရုစိုက်ရမယ်။ လမ်းလျှောက်တဲ့အကျင့် ပြုလုပ်ပေးရမယ်။ သွေးလေညီညွတ်မှ ကျန်းမာရေးကောင်းမယ်။ ကျန်းမာရေး ကောင်းမှ တရားမှတ်ရတာ ပို၍ အဆင်ပြေမယ်။ ဥာဏ်တက်မယ်။ ဥာဏ်ထက်မယ်။


သူငယ်တော်တောရဆရာတော်၏ နေ့ စဉ်ဟောပြသြ၀ါဒများ (တင်ထားပြီးသမျှ)
ဆက်လက်ဖတ်ရှုရန်

Saturday, September 19, 2009

What is Buddhism? (အပိုင်း ၇)

The Illusion Of A Permanent Self Or Soul

The Buddha taught that there is no essential or permanent core to a living being that could be considered one's true self or soul. What appears to be an individual person is actually a changing process of mental and physical qualities combining temporarily in a particular way. Through possessive attachment, the mind identifies with part or all of this process, and this gives rise to the sense of self, 'me' and 'mine'. In fact, all phenomena, animate or inanimate, are dependently arisen from causes and conditions. In a constant state of flux, all things are empty of independent inherent existence and the entirety of reality is a continuous flow of interconnected, causally conditioned events arising and passing away in the present moment

Rebirth however, still occurs without a soul. Consider the simile of a candle burning low and about to go out. A new candle is then lit from the old one. Though the old candle goes out, the new candle now burns brightly. What went across from the old candle to the new? There was a causal link, but no 'thing' went across Similarly, there was a causal link between one's past and present life, but no soul went across.

The Buddha taught that it is precisely this deep misunderstanding, the illusion of a self, that is the root cause of all human suffering. The illusion of self manifests as the ego, and the natural unstoppable function of the ego is to control. Big egos want to control the world, average egos attempt to control their immediate surroundings of home, family and workplace, and all egos strive to control what they assume to be their own bodies and minds. This attempt to control leads to attraction and aversion which consequently proliferates to acquire possessions, manipulate others and exploit the environment.

Although the sense of self seeks its own happiness, its insatiable craving repeatedly produces discontent. As long as one identifies with somethings as oneself, the inevitable result is a lack of outer harmony or inner fulfillment. Only through sharp insight based on profound meditation can this mirage be clearly seen for what it truly is. Only then can one know perfect happiness.

(to be continued.....)

What is Buddhism? (အပိုင်း ၁)
What is Buddhism? (အပိုင်း ၂)
What is Buddhism? (အပိုင်း ၃)
What is Buddhism? (အပိုင်း ၄)
What is Buddhism? (အပိုင်း ၅)
What is Buddhism? (အပိုင်း ၆)
ဆက်လက်ဖတ်ရှုရန်

Thursday, September 17, 2009

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၂)

Full Awareness

After ten years of apprenticeship, Tenno achieved the rank of Zen teacher. One rainy day, he went to visit the famous master Nan-in. When he walked in, the master greeted him with a question, "Did you leave your wooden clogs and umbrella on the porch?"

"Yes," Tenno replied.

"Tell me," the master continued, "did you place your umbrella to the left of your shoes, or to the right?"

Tenno did not know the answer, and realized that he had not yet attained full awareness. So he became Nan-in's apprentice and studied under him for ten more years.

ဆက်လက်ဖတ်ရှုရန်

Wednesday, September 16, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၂)

“ထင်ကြေး” နှင့် ကြည်နူးခြင်း

တဖန် သောင်းသောင်းဖြဖြကြိုဆိုကြခြင်းများ၊ ပန်းစည်းဆက်ကြခြင်းများသည် အတိတ်ကာလ၌ဖြစ်ပျက်ခဲ့သော အခြင်းအရာများသာဖြစ်၍ ဆိုဖာကြီးပေါ်၌ ၀န်ကြီးထိုင်လျက်ရှိသောအချိန်တွင် ပြီးပျက်ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ ထိုအချိန်တွင် ကြိုဆိုကြသော အရာရှိများနှင့် မြို့ မိမြို့ ဖများအနက်မှ တစ်ယောက်နှစ်ယောက်ပင် ကွယ်လွန်ချင် ကွယ်လွန်နိုင်ပြီ မဟုတ်ပါလော။ ၀န်ကြီးအား စည်စည်ကားကား ကြိုဆိုနိုင်စေရန်အတွက် အချို့ အလုပ်ရုံမှ အလုပ်သမားများအား ပိုက်ဆံပေးပြီး အလုပ်ပိတ်ပေးရခြင်းလည်း ဖြစ်နိုင်သည်။ ရှက်တတ်ပါသည်ဆို၍ ပန်းစည်းမဆက်ချင်သော အမျိုးသမီးကလေးအားလည်း ချော့မော့၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ တိုက်တွန်းခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ ကြိုဆိုကြရသော အရာရှိများအနက်တွင်လည်း ၀န်ကြီးတွေ ခဏခဏ ကြိုဆိုကြရ၍ အလုပ်ပျက်လှသည်ဆိုကာ မလွဲမရှောင်သာ၍ စူစူအောက်အောက်နှင့် လိုက်ပါလာရသူများလည်း ပါနိုင်သည်။ ရာထူးတိုးဖို့ မျှော်လင့်ချက်ဖြင့် ကြည်ကြည်ဖြူဖြူ ကြိုဆိုကြသော အရာရှိများလည်း ပါနိုင်သည်။ ၀န်ကြီးတစ်ယောက်နှင့် မျက်မှန်းတန်းမိလျင် မြတ်သည်ထင်သော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။ မနေ၀ံ့သောကြောင့် မလွှဲသာ၍ လိုက်ပါလာကြသော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။

သို့ ပါလျက် ၀န်ကြီးကမူ ယာဉ်ပေါ်မှဆင်း၍ ပရိတ်သတ်ထုကြီးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် “ငါ့ကို ကြည်ညိုလေးစားခြင်းကြောင့် ကြိုဆိုကြသည်” ဟု အားလုံးသိမ်းကျုံး၍ “ထင်” လိုက်ပြီး နှုတ်ခမ်းမွေးသပ်မိလေတော့သည်။ မူလကတည်းက ထင်ကြေးဖြင့် ကြည်နူးခဲ့ရသော အခြင်းအရာတစ်ခုခု ပြီးဆုံးသွားသည်တိုင်အောင် နောင်အခါကာလ၌ ပြန်လည်တွေးတောခြင်းအားဖြင့် (ချေးခြောက်ကို ရေနှူးပြီး) ကြည်နူးရခြင်းသည် ဘယ်လောက်များ ခံတွင်းတွေ့ ဖို့ ထိုက်ပါသနည်း။ အိပ်မက်ထက်ပိုပြီး ဘယ့်ကလောက် ခြေခြေမြစ်မြစ် မည်မည်ရရ ရှိပါသနည်း။

ဝန်ကြီးတစ်ယောက်ကို ဥဒါဟရုဏ်ဆောင်၍ပြရခြင်းမှာ ဤလက်ထက်၌ လူအများမက်မောကြသော အခြေအနေမျိုးဖြစ်သောကြောင့် ထင်ရှားစေရန်အတွက်သာ ဖြစ်ပေရာ၊ ခပ်သိမ်းသော လူတို့ သည်လည်း ဤနည်းနှင်နှင် စိတ်ကူးယဉ်ကာ အိပ်မက်လောကထဲ၌ တစ်သံသရာလုံးလုံး နေလာခဲ့ကြသည်ချည်း ဖြစ်လေသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Tuesday, September 15, 2009

What is Buddhism? (အပိုင်း ၆)

Do Buddhists Believe In A God?

Buddhism s a non-theistic religion in that one does not worship a God, creator or savior Progress on the Buddhist path to enlightenment is not dependent on an external force but on one's own effort. Buddhist cosmology does recognize the existence of heavenly realms, and the divine beings living there are very similar to what people would associate with gods or God. Because of the fundamental law of impermanence however, even these beings are subject to passing away and being reborn, still caught in the cycle of birth and death, and therefore not taken as an ultimate refuge.

(to be continued.....)

What is Buddhism? (အပိုင်း ၁)
What is Buddhism? (အပိုင်း ၂)
What is Buddhism? (အပိုင်း ၃)
What is Buddhism? (အပိုင်း ၄)
What is Buddhism? (အပိုင်း ၅)


ဆက်လက်ဖတ်ရှုရန်

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၂)

အကျဉ်းချုပ်တရားအားထုတ်နည်း

တရားအားထုတ်တယ်ဆိုတာ အစပထမတော့ သမာဓိထူထောင်တဲ့အနေနဲ့  ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့ နှာသီးဖျားမှာပဲ ၀င်လေတိုးထိတာသိ၊ ထွက်လေတိုးထိတာသိ၊ အဲဒီနှစ်ချက်၊ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်စပ်အောင် မှတ်ရမယ်။ ဒါ အကျဉ်းချုပ်ပဲ။

ယောနိသော မနသိကာရ

တရားထိုင်နေတဲ့ ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အားလုံး ခန္ဓာဥာဏ်စိုက်ပြီးတော့ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုတ်တိုင်းမှာ ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်း ) ထားပြီး ရှုမှတ်နိုင်ရတယ်။ အမှတ်ဆက်နိုင်ရတယ်။ ရှေ့ နောက်နှစ်ရပ် အမှတ်ဆက်အောင် ကြိုစားပြီးတော့ မှတ်ကြရမယ်။

နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရ

တရားအားထုတ်နေတဲ့ ယောဂီတစ်ယောက်ဟာ စကားပြော နည်းရတယ်။ စကားပြောရင် တရားလျော့တတ်တယ်။ ဥာဏ်မတက်နိုင်တော့ဘူး၊ တချို့ ယောဂီတွေ အသက် ( ၅၀၊ ၆၀၊ ၇၀ ) တွေဆိုတော့ အချိန်က နှောင်းနေပြီ၊ အချိန်ကနည်းသွားပြီ၊ ဒီတော့ ကိုယ့်တရားကိုသာ တွင်ကျယ်မှု ရှိအောင် ကြိုးစားမှတ်ကြပါ။ နိဗ္ဗာန်လိုချင်ရင် အဖော်မခင်ရဘူး။


ဆက်လက်ဖတ်ရှုရန်

Monday, September 14, 2009

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး

ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။

တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ်
ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို
အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို
ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့
ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊
နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး
ပါရှိပါတယ်။

အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန်ဆင်း ထားတာဖြစ်တယ်”( All men are created equal)
ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀
ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊
လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကို ဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။

(http://www.irrawaddymedia.com မှ အာကာမိုး၏ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်ခင်ဗျား။)
ဆက်လက်ဖတ်ရှုရန်

Sunday, September 13, 2009

ဣဒံ မေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။

ခင်မင်ရတဲ့ ဓမ္မမောင်နှမတို့ ရေ

ပြီးခဲ့တဲ့ တနင်္လာနေ့  (၇၊ စက်တင်ဘာ၊ ၂၀၀၉ ) မှာ ကျွန်တော် ကောင်းမှုကုသိုလ် တစ်ခုကို ထူးထူးခြားခြားလေး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းလေးကို ပြောပြချင်လို့ ပါ။ အဲဒီနေ့ က လုပ်ခဲ့တာကို  စပြီး မပြောပြခင် ဒီကုသိုလ် လုပ်ဖြစ်ဖို့ အတွက် အကြောင်းကြောင်းတွေဖြစ်လာပုံလေး
ကို အရင် ပြောပြချင်ပါတယ်။

မနှစ်ကပါ။ ကျွန်တော်လည်း ဒီတိုင်းပြည်ရောက်ခါစ၊ ဗုဒ္ဓဘာသာဝင်တို့ ထုံးစံအတိုင်း မြို့ ပတ်ဝန်းကျင်အနီးအနားမှာ ရှိတဲ့ ဗုဒ္ဓဘာသာဘုရားရုပ်ပွားတော်တွေကို လိုက်ဖူးဖြစ်ခဲ့ပါတယ်။ အဲဒါနှင့်ဘဲ Tokyo Daibutsu လို့ ခေါ်တဲ့ ဘုရားကြီးဆီကို ရောက်သွားခဲ့ပါတယ်။

ဘုရားကိုရောက်တော့ ဘုရားရှိခိုး၊ ပတ်ဝန်းကျင် လေ့လာစရာရှိတာတွေ လျှောက်လေ့လာရင်းက ဘုရားကျောင်းဝင်း အနောက်ဘက်မှာ သုဿန် တစ်ခု ရှိတာကို သတိထားလိုက်မိပါတယ်။ ဒီနိုင်ငံမှာက များသောအားဖြင့် သုဿန်တွေကို ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ နှင့်တွဲပြီး ထားတတ်ကြပါတယ်။ သုဿန်ဆိုပေမယ့်လို့  အရိုးပြာအိုးကိုဘဲ မြှုပ်ထားကြတာပါ။ နောက်ပြီး သန့် ရှင်းသပ်ရပ်မှုလည်း ရှိပါတယ်။

ကျွန်တော်လည်း စပ်စုချင်တာနှင့် သုဿန်ဝင်းထဲကို ၀င်ကြည့်ဖြစ်ခဲ့ပါတယ်။ အထဲရောက်တော့ သူတို့ တွေရဲ့  အုပ်ဂူ အမှတ်အသား တွေကို လိုက်ဖတ်ကြည့်ရင်းက ကျွန်တော့်ခေါင်းထဲကို အတွေးတစ်ခု ၀င်လာပါတယ်။ အခု ဒီသုဿန်မှာ မြှုပ်ထားကြတဲ့သူတွေဟာ ငါနှင့် သံသရာ ဘ၀ တစ်ခုခုမှာ ဆွေမျိုးတွေတော့ တော်ခဲ့ဖူးမှာဘဲ။ ငါနှင့် မကင်းရာ မကင်းကြောင်း ကျေးဇူးခံ ကျေးဇူးစားတွေ ဖြစ်ခဲ့ဖူးမှာဘဲ။ အခုလည်း အကြောင်းတိုက်ဆိုင်လို့  ငါ ဒီနေရာရောက်လာတယ်။ တကယ်လို့ များ ဒီနေရာမှ သူတို့ တွေ မမြင်အပ်တဲ့ သတ္တ၀ါတွေအဖြစ်ရှိနေခဲ့ရင် ငါရောက်နေတုန်းလေး သူတို့ အတွက် တစ်ခုခု ကောင်းတာလုပ်ပေးမယ် လို့  ဆန္ဒဖြစ်လာပါတယ်။ ဒါနဲ့ ဘဲ ရတနာ (၃) ပါးကို အာရုံပြန်ပြု၊ ဘုရားစာတွေ စိတ်ထဲကနေရွတ်၊ နောက် မေတ္တသုတ်ရွတ်၊ ဂုဏ်တော်တွေရွတ်၊ ပြီးတော့ သူတို့ တွေအတွက်ရည်စူးပြီး မေတ္တာပို့ ၊ အမျှဝေ လုပ်ပေးလိုက်ပါတယ်။

အဲဒီနေ့ က ဘုရားဖူးပြီး အိမ်ပြန်ရောက်တော့ အိပ်တဲ့အခါ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ လူတွေအများကြီးဘဲ။ ကျွန်တော့်ကို လာပြီး ပျော်ရွှင်ပြီး ၀မ်းသာအားရ စကားလာပြောကြတယ်။ ကျွန်တော်နာမည်ကို ခေါ်ပြီး ”.......လုပ်တာ အရမ်းကောင်းတယ်။ အားလုံးအဆင်ပြေတယ်” ဆိုပြီး ပြောသွားကြတယ်။ ကျွန်တော်လည်း အိပ်ရာက နိုးလာတော့ အော်...ဒါ ငါ လုပ်လိုက်တာ သူတို့ အတွက် အကျိုးကျေးဇူးရှိလို့  လာပြောကြတာ ဖြစ်လိမ့်မယ်လို့  မှတ်ယူလိုက်ပါတယ်။

ဒါနဲ့ နောက်ပိုင်း ကျွန်တော် အားတဲ့ ရက်တွေဆိုရင် အဲဒီဘုရားကိုဖြစ်ဖြစ်၊ နောက် ကျွန်တော်တို့ မြို့ ထဲမှာဘဲ နောက်ထပ်သုဿန်အကြီးကြီးတစ်ခုရှိသေးတယ်။ လူနေရပ်ကွက် နှစ်ရပ်ကွက်၊ သုံးရပ်ကွက်စာလောက်ရှိမယ်ထင်တယ်Nippori ဆိုတဲ့ နေရာမှာပါ။ သူကတော့ ကျွန်တော်တို့ မြန်မာပြည်က ထောက်ကြံ့စစ်သင်္ချိုင်းလိုမျိုးဘဲ။ ရှုခင်းလည်း လှတယ်။ Tourists တွေကိုလည်း စွဲဆောင်တဲ့ နေရာတစ်ခုပါ။ အဲဒီ သုဿန်ကို ဖြစ်ဖြစ်သွားပြီး ဘုရားစာရွတ်၊ မေတ္တာပို့ ၊ အမျှဝေ လုပ်လုပ်ပေးပါတယ်။

ကျွန်တော့်စိတ်ထဲမှာ အဲဒီနေရာတွေကို သွားတိုင်း ဒီနေရာမှာ ရှိနေကြတဲ့ သူတွေဟာ ဒါ ငါနှင့်သံသရာမှာ အဘိုးအဘွား၊ မိဘ၊ ဇနီးခင်ပွန်း၊ ညီအကို၊ နှမ၊ အစ်မ၊ သားသမီး၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာ၊ တပည့်၊ အသက်သခင်ကျေးဇူးရှင်စသည်ဖြင့် ပတ်သတ်ဆက်နွယ်ခဲ့ကြတဲ့သူတွေလို့  နှလုံးသွင်းပါတယ်။ သူတို့ ကို ငါတတ်နိုင်သလောက် ကျေးဇူးပြန်တုံ့ ပြန်မယ်လို့ လည်း နှလုံးသွင်းပါတယ်။ နောက် သံသရာဘ၀တွေမှာ သူတို့ တွေနှင့်ငါနှင့် လက်တွဲပြီး အတူတကွ ကောင်းမှုကုသိုလ်တွေကို လုပ်ခဲ့ကြလိမ့်မယ်။ တကယ်လို့ များ သူတို့ တွေက အဲဒီကုသိုလ်လုပ်ခဲ့တာတွေကို မေ့လျော့နေခဲ့ရင် ငါ့ကို ပြန်မြင်တဲ့ခဏမှာ အဲဒါကို ချက်ချင်းပြန်သတိရပါစေ ဆိုပြီးတော့လည်း အာရုံပြုထားပါတယ်။

ဒီတိုင်းပြည်မှာက ဗုဒ္ဓဘာသာဆိုပေမယ့်လို့  သူတို့ အယူအဆတွေက ကျွန်တော်တို့ နှင့် မတူတာများပါတယ်။ နောက်ပြီး လူတွေရဲ့  စိတ်ထဲမှာကိုက ဘာသာတရားက သူတို့ နှင့်ခပ်ကင်းကင်းဖြစ်နေကြပြီး အချိန်တိုင်း လောကီအောင်မြင်ရေးတွေနှင့် နပမ်းလုံးနေကြတဲ့ သူတွေဆိုတော့ သူတို့ လက်ကိုင်ထားတဲ့ဆောင်ပုဒ်ကိုက အလုပ်မလုပ်နိုင်တဲ့နေ့  အသက်မရှိတဲ့နေ့  လို့ကို ဖြစ်နေတာပါ။ ဒီတော့ သူတို့ တွေရဲ့ ဘ၀ကူးဘယ်လိုဖြစ်မယ်ဆိုတာ မောင်နှမတို့ တတွေ မှန်းကြည့်နိုင်လောက်မယ် ထင်ပါတယ်နော်။

ကျွန်တော် အဲဒီလိုမျိုး လုပ်ပေးနေရင်းက စိတ်ထဲမှာ သိပ်အားမရချင်ဘူးဖြစ်လာပါတယ်။ ဒီလိုမျိုး ငါအခုလိုလုပ်နေတာထက် ပိုပြီးထိရောက်တာမျိုး သူတို့ တွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့  တွေးမိပါတယ်။ မိမိထက် သီလ၊ သမာဓိ၊ ပညာ သာလွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကနေ လုပ်ပေးနိုင်ရင် သူတို့ တွေအတွက် ပိုအကျိုးရှိလိမ့်မယ်လို့  ခံစားရပါတယ်။ ဖြစ်နိုင်ရင် ရဟန်း၊ သံဃာတွေကို ပင့်ဆောင်ပြီး လုပ်ပေးလို့ ရရင် သိပ်ကောင်းမှာဘဲလို့  ဆန္ဒပြုမိပါတယ်။

ကျွန်တော် အဲဒီလိုမျိုး သုဿန်သွားသွားပြီး လုပ်ပေးနေတာကို သိတဲ့သူတွေထဲမှာ တချို့ ကလည်း ၀မ်းသာကြည်နူးကြသလို၊ တချို့ ကလည်း ဒီကို ရောက်တာမှာ နှစ်မပေါက်သေးဘူး၊ ဂေါက်သွားပြီထင်တယ်လို့  ပြောသူတွေလည်း ရှိပါတယ်။ နောက် တချို့ ကလည်း သေတာတို့ ၊ သုဿန်တို့ ဆိုရင် တွန့် ကြ၊ စပ်ဆုပ်ကြတာတို့ တွေ ရှိသေးတော့ ကျွန်တော့်မှာ နောက်ပိုင်း ကိုယ်ဘာသွားသွားလုပ်နေတယ်ဆိုတာကို လူသိမခံဘဲ တိုးတိုးတိတ်တိတ် နှင့် လုပ်ခဲ့ရပါတယ်။

ဘုန်းကြီးကျောင်းက သီတင်သုံးနေကြတဲ့ ဆရာတော်တွေကို လျှောက်ကြည့်ချင်ပေမယ့်လို့  အခွင့်အခါမပေးသေးတာကြောင့်ထင်ပါရဲ့ ။ ကျောင်းတောင် သိပ်မရောက်ဖြစ်ခဲ့ပါဘူး။

ဒီလိုနှင့် ဒီဘက်လပိုင်းတွေမှာ ဘုန်းကြီးကျောင်း ခဏခဏရောက်ဖြစ်တာရယ်၊ အခုလောလောဆယ် သီတင်းသုံးနေတဲ့ ဘုန်းဘုန်းတွေကလည်း လူငယ်ပိုင်းကိုယ်တော်တွေ၊ ဆက်ဆံရတာ စိတ်ထဲမှာ ရင်းနှီးပွင့်လင်းမှုလည်း ရှိနေတာနှင့် ဘုန်းဘုန်းတွေကို အကျိုးအကြောင်းပြောပြပြီး တပည့်တော် သူတို့ သူတို့ တွေအတွက် ကောင်းမှုကုသိုလ်လုပ်ပေးချင်၊ အမျှဝေပေးချင်လို့ ပါလို့  လျှောက်ထားတော့ ဘုန်းဘုန်းတွေက လိုလိုလားလားဘဲ ဒါ တအားကောင်းတဲ့ကိစ္စ၊ လုပ်ကြတာပေါ့ဆိုပြီး ဘုန်းဘုန်းတွေ အားမယ့်တစ်ရက်ကို Appointment ယူလာလိုက်ပါတော့တယ်။

ဒါနဲ့ ဘဲ ပြီးခဲ့တဲ့ (၇) ရက်နေ့ က ကျွန်တော် တအားလုပ်ချင်နေတဲ့ ဆန္ဒတစ်ခုပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

အဲဒီနေ့ က မနက်ပိုင်း ဘုန်းဘုန်း သုံးပါးကို နေ့ ဆွမ်း ဘုန်းကြီးကျောင်းမှာဘဲ ဆက်ကပ်လှူဒါန်းပါတယ်။ နောက် ကျောင်းမှာရောက်နေကြတဲ့ ဧည့်သည်တွေကို နေ့ လည်စာ ကျွေးမွေးဧည့်ခံပါတယ်။ အားလုံး စားသောက်ပြီးကြတာနှင့် ဘုန်းဘုန်းတွေနှင့်အတူ Tokyo Daibutsu ကို စတင်သွားရောက်ကြပါတယ်။ ကျွန်တော်နှင့်အတူ ကျောင်းကိုရောက်နေတဲ့ ဧည့်သည်တွေကလည်း စိတ်ဝင်စားပါတယ်ဆိုပြီး လိုက်လာခဲ့ကြတော့ အားလုံး လူစုံတက်စုံတပျော်တပါးပါဘဲ။

ဘုရားရောက်တော့မှ ဘုရားဆင်းတုတော်ကြီးရှေ့ မှာ ဘုန်းဘုန်းတွေက သီလပေး၊ တရားဟော၊ တရားနာ၊ ပရိတ်ရွတ်၊ မေတ္တာပို့ ၊ သံသရာဆွေမျိုးတွေအတွက် ရည်မှန်းပြီး သင်္ကန်းပရိက္ခရာလှူဒါန်း၊ ပြီးတော့ အမျှဝေ လုပ်ပါတယ်။ ဘုန်းဘုန်းတွေကလည်း တကယ့်ကို စေတနာ၊ မေတ္တာ၊ ကရုဏာ အပြည့်နှင့် ဦးဆောင်စီမံဆောင်ရွက်ပေးတော်မူကြပါတယ်။

အဲဒီဘုရားရုပ်ပွားတော်ကြီးရှေ့ နေရာမှာ တရားဟော၊ တရားနာပြီးသွားကြတော့မှ သုဿန်နေရာကို သွားပြီး ဘုန်းဘုန်းတွေက မေတ္တာပို့ ၊ အမျှဝေကို ထပ်ဆင့် လုပ်ဆောင်ပေးတော်မူကြပါတယ်။  ဘုန်းဘုန်းတွေက အားလုံးကိုယ်စား တညီတညာတည်း အောက်ပါအတိုင်း ရွတ်ဆိုတော်မူပါတယ်။ ကျွန်တော်တို့ တွေက စိတ်ထဲကနေ အာရုံပြုထားလိုက်ကြပါတယ်။

“ဣဒံ မေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။”

အနက်အကျဉ်း-
မေ =
အကျွန်ုပ်၏ ၊ ဣဒံ (ပုညံ) = ဤယနေ့ ယခုပြုလုပ်ဆောက်တည်ရသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည့် ကုသိုလ်ကောင်းမှုအစုစုတို့ သည် ၊ ဉာတီနံ = အစမထင်သော သံသရာတစ်လျှောက်တွင် ဘ၀အဆက်ဆက်က တော်စပ်ပတ်သက်ခဲ့ကြသော အဆွေအမျိုးတို့ အား ((၀ါ) ဆွေမျိုးတို့ ၏ အတ္တာယ = အကျိုးငှာ ) ဟောတု = ဖြစ်ပါစေသတည်း။
ဉာတယော = ထိုဆွေမျိုးအပေါင်းတို့ သည် ၊ သုခိတာ = ချမ်းသာခြင်း ရှိကြကုန်သည်၊ ဟောန္တု = ဖြစ်ကြပါစေ ကုန်သတည်း။

မေတ္တာပို့ ရွတ်ဆိုပြီးတဲ့နောက် သုဿန်ထဲမှာဘဲ ရေစက်ချအမျှဝေခြင်းကို ထပ်မံပြုလုပ်ပါတယ်။ ကျွန်တော်တို့ မှာ အယူဝါဒမတူတဲ့သူတွေပိုင်ဆိုင်တဲ့  အရပ်ဒေသတစ်ခုမှာ ထေရ၀ါဒအယူအဆနှင့် လုပ်နေကြရတာဖြစ်တော့ ဘေးလူတွေ သတိမထားမိအောင်ဘဲ Informal တော့ ဆန်တာပေါ့ခင်ဗျာ။ အားလုံးက မတ်တပ်ရပ်ပြီးဘဲ နေကြပါတယ်။ ရွတ်တဲ့ ဘုန်းဘုန်းတွေကလည်း တိုးတိုးညင်ညင်လေးရွတ်၊ လိုက်ဆိုကြတဲ့ သူတွေကလည်း ခပ်တိုးတိုးဘဲပေါ့။ ရေစက်ချတော့လည်း မသိမသာလေးဘဲ။ (ကျွန်တော့်တစ်သက်မှာ ဒီတစ်ခါဘဲ ရေသန့် ဗူးနှင့် မြေကြီးပေါ်ကို လောင်းပြီး ရေစက်ချအမျှဝေ ပထမဆုံး လုပ်ဖူးခြင်းပါဘဲ။)

အဲဒီလိုနှင့် Tokyo Daibutsu မှာ လုပ်တဲ့ အစီအစဉ် အောင်မြင်စွာနှင့် ပြီးသွားခဲ့ပါတယ်။ အဲဒီကပြီးတော့ ကျွန်တော်တို့ တွေ Nippori သုဿန်ကို ဆက်လက်ချီတက်ကြပါတယ်။

Nippori မှာတော့ တရားထပ်ဟော၊ ထပ်နာမလုပ်တော့ဘဲ တန်းပြီးဘဲ သုဿန်ထဲမှာ မေတ္တာပို့ ဆုတောင်း အမျှဝေ၊ ရေစက်ချ လုပ်ပါတယ်။ မနက်ပိုင်းက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်အာရုံပြုပြီးတော့ပေါ့။

အားလုံးပြီးသွားတော့ ညနေလည်း စောင်းသွားပါပြီ။ ဘုန်းဘုန်းတွေရော၊ ပရိတ်သတ်ရော အားလုံးလည်း ပင်ပန်းသွားကြပါပြီ။ ဒါပေမယ့် အားလုံးရဲ့ စိတ်ထဲမှာတော့ ကြည်နူးဝမ်းမြောက်မှုတွေ ကိုယ်စီနှင့်ပါဘဲ။ ကျွန်တော့်ကိုတော့ မမေးနှင့်တော့လေ။ ကျွန်တော် ဘယ်လောက် ၀မ်းသာကြည်နူးနေမလဲဆိုတာကို။

ကျွန်တော်တို့ တွေ ပျော်ရွှင်ဝမ်းမြောက်ကြည်နူးနေသလိုဘဲ ကျွန်တော်တို့ မမြင်နိုင်တဲ့ သူတွေ အယောက်ပေါင်းများစွာဟာလည်းဘဲ ဒီလို ကြုံတောင့်ကြုံခဲ ကုသိုလ်အခွင့်အရေးမျိုးနှင့် ဆုံဆည်းကြုံကြိုက်ခွင့်ရကြလို့  ဘယ်လောက်များ ၀မ်းသာနေကြရှာမလဲ။ သူတို့ သူတို့ တွေရဲ့  လက်ရှိဘ၀အနေအထားကနေ ဒီ့ထက်မက သာလွန်ကောင်းမွန်တဲ့ အခြေအနေတစ်ခုခုကို သူတို့ ကံအားလျော်စွာ ရောက်ရှိခံစားကြရမှာကတော့ ဧကန်အမှန်ဘဲဖြစ်မှာပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီအမှတ်တရ ကုသိုလ်ကောင်းမှုလေးကို တွေးမိတိုင်း ကြည်းနူးဝမ်းသာလို့ မဆုံး ဖြစ်မိပါတယ်။ တကယ်ပါ။ ဘာ အကျိုးခံစားခွင့်ကိုမှ မမျှော်လင့် မတောင့်တပါဘူး။ ဒီကုသိုလ်ကောင်းမှုကို လုပ်ချင်တဲ့ စိတ်ဆန္ဒဘဲရှိတာပါ။ လုပ်ပေးလိုက်ရတော့ စိတ်ထဲမှာ ချမ်းသာတယ်။ ကြည်နူးတယ်။ ဒါလေးပါဘဲ။ ကျွန်တော် တစ်ခါက ရေးပြခဲ့ဖူးတဲ့ George Bernard Shaw ရဲ့  Splendid Torch ကဗျာထဲက စာသားလေးတစ်ကြောင်းအတိုင်းပါဘဲ။ It is my privilege to do for it တဲ့။ ဒါဟာ ငါ့လုပ်ရမယ့် တာဝန် ၀တ္တရားမဟုတ်ပါဘူး။ ဒါဟာ ငါ့ရဲ့  ရပိုင်ခွင့် အခွင့်အရေးတစ်ခုပါ လို့ ။ အဲဒီလိုလေး ခံစားမိပါတယ်။

အဲ.... ကျွန်တော် အာလူးဖုတ်တာများသွားပြီ။ အဓိက မောင်နှမတွေဆီ ဒီစာရေးရတဲ့ ရည်ရွယ်ချက်က ကျွန်တော်လုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုတို့ ကို အမျှပေးဝေချင်လို့ ပါ။ ကျွန်တော်အဲဒီနေ့ က သံသရာတစ်လျှောက်ကတော်စပ်ခဲ့ဖူးတဲ့ ဆွေဟောင်းမျိုးဟောင်းတွေ အားလုံးအတွက် လုပ်ခဲ့သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုအစုစုတို့ ကို ဓမ္မမောင်နှမတွေအားလုံးကို အမျှပေးဝေပါတယ်။ အားလုံး ကျွန်တော်နှင့်ထပ်တူ ကုသိုလ်ကောင်းမှုတွေအတွက် ၀မ်းမြောက်ကြည်နူးစွာဖြင့် သာဓုခေါ်ဆိုတော် မူကြပါခင်ဗျား။

အမျှ....အမျှ...အမျှ....ယူတော်မူကြပါခင်ဗျား.......။

(ဤ အီးမေးလ်စာစုဖြင့် တပည့်တော်၏ ကုသိုလ်ပြုလိုသော ဆန္ဒကို မငြိုမငြင် ဖြည့်ဆည်းဆောင်ရွက် မေတ္တာ ကရုဏာ အပြည့်အ၀ဖြင့် ကူညီတော်မူသော တိုကျို မြန်မာဘုန်းကြီးကျောင်းမှ သံဃာတော်အရှင်မြတ် ဘုန်းဘုန်းတို့ အား တပည့်တော် ရိုသေစွာ ရှိခိုးဦးတင် ကန်တော့ပါတယ် အရှင်မြတ်အပေါင်းတို့ ဘုရား။ )

လေးစားခင်မင်စွာဖြင့်

ဆက်လက်ဖတ်ရှုရန်