Friday, July 31, 2009

*ကျွန်တော်ပေးသော မွေးနေ့လက်ဆောင် (ကိုဝိမုတ္တိသုခသို့)*

အစ်ကို မင်္ဂလာပါနော…

အစ်ကို့ မွေးနေ့အတွက် ညီ ဒီရက်ပိုင်း တရားတွေထဲက သိလိုက်တဲ့ ပုံပြင်လေး နှစ်ပုဒ်ကိုပဲ မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက် ပါရစေ အစ်ကို။ ညီ့မွေးနေ့ တုန်းက အစ်ကိုက ညီ့ကို ပုံပြင်တွေကို မွေးနေ့လက်ဆောင် ပေးခဲ့လို့ အခု အစ်ကို့ မွေးနေ့မှာလည်း ညီက ပုံပြင်တွေကို မွေးနေ့ လက်ဆောင် ပြန်ပေးတယ် လို့တော့ မဟုတ်ပါဘူး အစ်ကို။ တော်တော် များများကလည်း အစ်ကို သိပြီးသား ဆိုတော့ ညီလည်း ဘာလက်ဆောင် ပေးလို့ ပေးရမှန်း ကြံရာမရ ဖြစ်နေတုန်း ဒီပုံပြင်လေး တွေကို သိခွင့်ရလိုက် တာပါ။ အစ်ကို သိပြီးသားတွေ ဖြစ်နေရင်လည်း ထပ်မံဖတ်ရှုလို့ ဆင်ခြင်ပေးပါ အစ်ကို။

ပထမ တစ်ပုဒ်ကတော့…

တစ်ခါက ညီအစ်ကို နှစ်ယောက်ဟာ တရားသွားနာ ကြတယ်တဲ့ အစ်ကို…။ တရားနာက ပြန်လာတော့ ညီလုပ်တဲ့သူက သူ့အဖေကို တိုင်တယ်တဲ့…။ ဘယ်လို တိုင်လဲ ဆိုတော့

“အဖေ… အဖေ… အစ်ကိုကြီးက တရားနာတဲ့ အချိန် တရားမှာ အာရုံမပြုဘဲ တောင်ကြည့် မြောက်ကြည့် လုပ်နေတယ်” ဆိုပြီး တိုင်တယ်တဲ့ အစ်ကို..။ အဲတော့ အဖေက

“ဟေ.. နေစမ်းပါဦး မင်းက.. မင်းအစ်ကိုကြီး အဲသလို တောင်ကြည့် မြောက်ကြည့် ကြည့်နေတာကို မင်းဘယ်လိုလုပ် သိသလဲ” လို့ ပြန်မေးတယ်..။

အဲတော့ ညီလုပ်တဲ့သူ ပြန်ဖြေလိုက်တာက

“ကျွန်တော် တစ်ချိန်လုံး သူ့ကို သတိထားပြီး စောင့်ကြည့်နေတာ” တဲ့…။

ပထမ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ အစ်ကို…။

**************************************************

နောက် ဒုတိယ ပုံပြင်လေးကတော့…

တစ်ခါက မြို့တစ်မြို့မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ရှိတယ်တဲ့ အစ်ကို၊ အဲဒီ စီးပွားရေး လုပ်ငန်းရှင်ဟာ တစ်နေ့ကျတော့ လုပ်ငန်းကို ထပ်မံတိုးချဲ့ဖို့ ငွေလိုတာနဲ့ အရင်က သူ့ဆီက ကြွေးယူထားတဲ့ သူတွေဆီကို ကြွေးသွားတောင်းတယ် အစ်ကို..။ ဒါပေမယ့်လည်း ကြွေးယူသူတွေ ကလည်း ယူတုန်းကသာ ကြည်ကြည် သာသာ၊ ကြွေးလည်း ပြန်တောင်းကော မရတာနဲ့ ဒီလုပ်ငန်းရှင် စိတ်ထဲ တအားပူလောင် ခံစားပြီး ပြန်လာရတယ်တဲ့..၊ အဲဒီလို ပြန်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ ၀င်နားတယ် အစ်ကို…၊ ဒီလို နားပေမယ့်လည်း သူရှေ့ဆက် တိုးချဲ့မယ့် လုပ်ငန်း အကြောင်းတွေ တွေး၊ နောက် ကြွေးမရတာ တွေကို ပြန်စဉ်းစား.. ဒီလိုတွေ တွေးမိနေတော့ သူ့ရင်ထဲ ပိုပြီး ပူလောင်လာတယ်တဲ့..။ အဲဒါနဲ့ သူ အခုလို စဉ်းစားမိတယ်တဲ့ အစ်ကို..။ “အော်.. လူတွေကတော့ ငါ့ကို စီးပွားရေး လုပ်ငန်းရှင်ကြီး၊ တော်တော် ချမ်းသာတာပဲ ဆိုပြီး စိတ်ချမ်းသာမယ် ထင်နေကြတယ်၊ အင်းအခုလို ငါပူလောင် ပင်ပန်းနေတာ ကျတော့ ဘယ်သူမှ မသိကြပါလား” ဆိုပြီး စိတ်ပြေရာ ပြေကြောင်း ဇရပ်ပေါ်မှာ စာတစ်ကြောင်း ရေးခဲ့တယ်တဲ့ အစ်ကို..။ သူရေးခဲ့တာက…

ငါ့အပူ လူမသိ” တဲ့။

ဒီလိုနဲ့ ဒီ စီးပွားရေး လုပ်ငန်းရှင်လည်း ပြန်သွားတယ်ပေါ့ အစ်ကို..။

တစ်နေ့ကျတော့ အဲဒီ ဇရပ်ကို လူတစ်ယောက် ထပ်ရောက်လာတယ် အစ်ကို၊ အဒီလူကျတော့ ကုန်သည် ပွဲစားပေါ့..။ ဒီလူကလည်း သူ့ကုန်တွေ အရှုံးပေါ်လို့ စိတ်ပျက်ပျက်နဲ့ ဒီဇရပ်ကို ရောက်လာတာ အစ်ကို..။ ဒီတော့ ဒီလူ ဒီဇရပ်ကို ရောက်လာ တာလည်း အပူနဲ့ပဲပေါ့ အစ်ကို..။ ဒါနဲ့ ဒီလူက ဇရပ်ပေါ် နားမယ်ဆိုပြီး ထိုင်လိုက်တော့ စီးပွားရေး လုပ်ငန်းရှင် ရေးခဲ့တဲ့ “ငါ့အပူ လူမသိ” ဆိုတဲ့ စာကြောင်းလေး သွားတွေ့တယ်တဲ့ အစ်ကို..။ ဒါနဲ့ ဒီ ပွဲစားလည်း အင်း ဒီလူတောင် ရေးသေးတာ.. ငါလည်း ရေးမယ် ဆိုပြီး ခုန စာကြောင်း အောက်မှာပဲ သူလည်း စာတစ်ကြောင်း ထပ်ရေးလိုက် တယ်တဲ့ အစ်ကို..။ သူရေးလိုက် တာက

ဒီအပူ လူတိုင်းရှိ” တဲ့။

ဒီတော့ ဒီဇရပ်ပေါ်မှာ စာက နှစ်ကြောင်း ဖြစ်သွားတယ်ပေါ့…။

ငါ့အပူ လူမသိ” နဲ့
ဒီအပူ လူတိုင်းရှိ” ဆိုပြီး..။

အဲ.. တစ်ရက်လည်း ကျကော ဒီဇရပ်ကို ရဟန်းတစ်ပါး ရောက်လာပါ တယ်တဲ့..။ ဒီရဟန်းကလည်း အပူနဲ့ ရောက်လာတာ အစ်ကိုရေ..၊ ဘယ်လိုလဲ ဆိုတော့ ဒီရဟန်းက ရွာတစ်ရွာက ကျောင်းထိုင် ဘုန်းကြီးတဲ့… အဲဒါ ကျောင်းမှာ သိမ်ဆောက်ဖို့ အတွက် အလှူငွေ လိုတာနဲ့ အရင်က ကျောင်းဒကာ ဆီကို အလှူခံ တယ်ပေါ့ အစ်ကို..။ ဒါပေမယ့် ကျောင်းဒကာ ကလည်း ဒီရက်ပိုင်းမှာ စီးပွားရေးတွေ အဆင်မပြေ တာနဲ့ “အရှင်ဘုရား တပည့်တော် အခုတော့ မတတ်နိုင်သေးတဲ့ အကြောင်း၊ စီးပွားရေး ပြန်အဆင်ပြေ တာနဲ့ ချက်ချင်း လှူပါမယ် ဆိုတဲ့ အကြောင်း” လျှောက်တော့ ဒီကျောင်းထိုင် ဘုန်းကြီးလည်း ဘာမှ မတတ်နိုင်ဘဲ ပြန်လာခဲ့ရတယ် အစ်ကို၊ ဒါပေမယ့် ဒီရဟန်းတော်ရဲ့ ရင်ထဲမှာ သိမ်ဆောက်ဖို့ အတွက်ကို အာရုံ ရောက်နေတော့ ဒီသိမ်ကို ပြီးစီးအောင် ဘယ်လို လုပ်ရပါ့မလဲ ဆိုတဲ့ စိတ်နဲ့ ပူနေတာပေါ့ အစ်ကို…။ ဒီလိုနဲ့ ဒီဇရပ်ကို ရောက်လာ တယ်ပေါ့..။ ဒါနဲ့ ဒီဆရာတော်လည်း ဇရပ်ပေါ်မှာ နားမယ်လို့ ကြံတော့ ခုန စာလေး နှစ်ကြောင်းကို သွားမြင်တယ်တဲ့ အစ်ကို..၊ “ငါ့အပူ လူမသိ” နဲ့ “ဒီအပူ လူတိုင်းရှိ” ဆိုတာ..။

ဒီတော့ ဆရာတော်လည်း “အင်း.. ဒီစာနှစ်ကြောင်းက ဘယ်သူ ရေးသွားတာပါလိမ့်.. ငါလည်း အားကျမခံ စာတစ်ကြောင်းလောက်တော့ ရေးဦးမှ” ဆိုပြီး ခုန စာနှစ်ကြောင်း အောက်မှာ အခုလို စာတစ်ကြောင်း ထပ်ရေးတယ်တဲ့ အစ်ကို..။ ဆရာတော် ရေးလိုက်တာက..

ဘုန်းကြီးအပူ ပိုဆိုး၏” တဲ့..။

အဲဒီတော့ ဇရပ်ပေါ်မှာ စာလေးက ခုလို သုံးကြောင်း ဖြစ်သွားတာပေါ့ အစ်ကို…။

ငါ့အပူ လူမသိ
ဒီအပူ လူတိုင်းရှိ
ဘုန်းကြီးအပူ ပိုဆိုး၏

ဒုတိယ ပုံပြင်လေးကိုလည်း ဒီမှာပဲ အဆုံးသတ်လိုက် ပါတယ် အစ်ကို…။ အစ်ကိုကတော့ အတွေးကြွယ်တဲ့ သူဆိုတော့ ဒီပုံပြင်လေး နှစ်ပုဒ်ကနေ အတွေးတွေ အများကြီး ရမှာပါ အစ်ကို…။ ညီ အစ်ကို့အပေါ် ဆရာလုပ်သလို ဖြစ်သွားခဲ့ရင်တော့ ဒီနေရာကပဲ တောင်းပန်လိုက် ပါတယ်…။

တရားဓမ္မတွေ ထုံမွှမ်းပြီး အပူကင်းဝေး ချမ်းမြ အေးဆေးတဲ့ မွေးနေ့မင်္ဂလာ ဖြစ်ပါစေ အစ်ကို…။

+++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ညီငယ်
ဖိုးသား
ဆက်လက်ဖတ်ရှုရန်

Wednesday, July 29, 2009

လမင်းလေးလို ချစ်နေမှာ...

ဓမ္မမောင်နှမတို့ ရေ....

ဒီရက်ပိုင်းထဲ နှစ်စင်းမြင်ရမယ် ဆိုတဲ့သတင်းတွေ ပတ်ဝန်းကျင်မှာ ပြောနေကြ၊ အင်တာနက်မှာ ဖတ်ရဖြစ်နေတော့ နှစ်တော်တော်ကြာကြာက ဖတ်ဖူးခဲ့တဲ့ နှင့်ပတ်သတ်တဲ့ ဓမ္မအကြောင်းအရာလေးတစ်ခု ခေါင်းထဲ ရောက်လာပါတယ်။

ဘယ်စာရေးဆရာရေးမှန်းတော့ မမှတ်မိတော့ပါဘူး။ တက္ကသိုလ်ကျောင်းသားဘ၀ ဘာသာရေးစာအုပ်တွေ လေ့လာရင်း ဖတ်ဖြစ်ခဲ့တာပါ။ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို လူတွေနှင့် ဆက်ဆံရာမှာ ထားရှိရမယ့် သဘောထားကို နှင့် ဥပမာ ပေးပြီး ဟောထားတဲ့ အကြောင်းကို စာရေးဆရာက သုတ္တန်တစ်ခုကို ကိုးကားပြီး ရေးထားတာပါ။

ကျွန်တော် မှတ်မိသလောက် ပြန်ပြောရရင်တော့ ရဟန်းတော်တွေဟာ ဒကာ၊ ဒကာမတွေနှင့် ဆက်ဆံရာမှာ လို ကျင့်ရမယ်။ ဟာ ညဘက်မှာ ကောင်းကင်ကနေပြီး ကမ္ဘာလောကကို အေးမြတဲ့ အလင်းရောင်ပေးတယ်။ အချိန်တန်လို့  မိုးလင်းရင် သူ့ ဖာသာသူ မိုးကုတ်စက်ဝိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ သူဟာ ညဘက် သူ့ အလင်းရောင် ဖြန့် ကျက်နေတဲ့ အချိန်မှာ လောကမှာ ရှိတဲ့ ဘယ်အရာနှင့်မှ ငြိတွယ်နေတာမရှိဘူး။ အချိန်တန်လို့  ပျောက်ကွယ်သွားချိန်မှာလည်း ဘာခြေရာ လက်ရာမှ ချန်မထားခဲ့ဘူး။

လောက လူသားတွေကလည်း သူ့ ရဲ့ အလင်းရောင်အပေါ်မှာ မကျေမနပ်နှင့် ပြောကြတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့ ရဲ့ အလင်းရောင် ရှိနေတဲ့အတွက် အားလုံးရဲ့ စိတ်ထဲမှာ နှစ်သက်မှု၊ ကျေနပ်မှုကိုသာ ဖြစ်နေစေတယ်။ ဒီလိုမျိုး လိုဘဲ ရဟန်တော်တွေဟာ ဒကာ၊ ဒကာမတွေနှင့် ဆက်ဆံတဲ့အခါမှာ ငြိတွယ်ကပ်ရောက်မှု မရှိဘဲ ဆက်ဆံကြဖို့ ၊ မိမိကို အကြောင်းပြုပြီး ဒကာ၊ ဒကာမတွေမှာ စိတ်အေးချမ်းမှုကိုသာ ဖြစ်စေဖို့ ၊ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေကို ဆုံးမတဲ့အကြောင်း ကို စာရေးဆရာက ရေးထားတာပါ။

ဒီရက်ပိုင်း အဲဒီ ဥပမာ အဆုံးအမလေးကို သတိတရ ရှိနေတာနှင့် မူရင်းသုတ်တော်ကို ရှာဖတ်ဖြစ်ခဲ့ပါတယ်။ နိဒါနသံယုတ်ပါဠိတော်မြန်မာပြန်မှာပါတဲ့ ကဿပသံယုတ် မှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က အရှင်မဟာကဿပ ကိုယ်တော်ကြီးကို အကြောင်းပြုပြီး နှင့် ဥပမာပေး ဟောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာလေး ဖတ်အပြီးမှာ ကျွန်တော့် စိတ်ထဲမှာ မြတ်စွာဘုရားရှင်ရဲ့  ဆုံးမမှုအပေါ် တော်တော်လေးကို ကြည်နူးမှုဖြစ်ရပါတယ်။ မြတ်စွာဘုရားရဲ့  ထင်သာမြင်သာဖြစ်အောင် ဥပမာဆောင်ပြမှုက စိတ်ထဲမှာ ကွင်းကွင်းကွက်ကွက်နှင့် နားလည်သဘောပေါက်စေပါတယ်။

အော်...ကောင်းလိုက်တဲ့ အဆုံးအမတော်ပါလား။ ဒီအဆုံးအမဟာ ရဟန်းတော်တွေကို ဦးတည်ဆုံးမတယ်လို့  ဆိုပေမယ်လို့  ကျွန်တော်တို့ လို လူဝတ်ကြောင်တွေအတွက်လည်း လူမှုပေါင်းသင်း ဆက်ဆံရေး သဘောတရားတစ်ခုကို လမ်းညွှန်ပြလိုက်သလို ရှိနေတာဘဲ မဟုတ်လား။

ဒီ ဥပမာ အကြောင်းအရာနှင့် စပ်ဆက်ပြီးတွေးရင်းက ကဗျာတစ်ပုဒ်ကိုလည်း သွားပြီး သတိရမိပါတယ်။ အဲဒီကဗျာက ကျွန်တော်အထက်တန်းကျောင်းသားဘဝ အင်္ဂလိပ်ကဗျာတွေသင်တော့ စဖတ်လိုက်ကတည်းက ကြိုက်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်း အကြောင်းတိုက်ဆိုင်လို့  ပြန်ဖတ်ဖြစ်တိုင်း၊ ညီ ညီမငယ်တွေကို စာရှင်းပြဖြစ်တိုင်းလည်း အမြဲသဘောကျ နှစ်သက်နေမိတတ်တဲ့ ကဗျာလို့ ပြောလို့ ရပါတယ်။ တခြားသူတွေကတော့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။ ကျွန်တော် ဒီကဗျာကို အဓိပ္ပါယ် ရှင်းပြတော့ တချို့ ကပြောတယ်။ ဒီလိုဘဝမျိုးကြီးက ပျင်းစရာကြီးပါ...တဲ့။ ကဗျာကို ဒီဘက်ခေတ်လူငယ်နှင့် ၊ လူလတ်ပိုင်းတွေ အားလုံးသိကြမှာပါ။ ကဗျာနာမည်က The Quiet Life

The Quiet Life
by Alexander Pope (1688 - 1744)

Happy the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.


Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.


Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,


Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.


Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.


ကဗျာရွတ်သံနားဆင်ရန်

ရဟန်းသံဃာမဟုတ်တဲ့ လူဝတ်ကြောင်တွေအတွက်တော့ ဒီလို အထီးတည်းဆန်တဲ့ ရောင့်ရဲတဲ့ ဘဝမျိုးနှင့် နေဖို့ ဆိုရင် အတော်လေးတော့ လွယ်မှာမဟုတ်ပါဘူးလေ။ လူတွေဆိုတော့လည်း လူကြားထဲမှာ နေရ၊ ဘဝရှင်သန် ရပ်တည်ရေးအတွက် လူတွေနှင့် ပေါင်းသင်းဆက်ဆံရ တာတွေကတော့ ရှောင်လို့ မှ မရတာကိုး။

ဆရာတော် တစ်ပါးကတော့ တခါတလေ ဒီလို သီးသီးခြားခြား လူတောမတိုးဘဲ ကိုယ့်သီးခြားကမ္ဘာလေးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး ဘယ်သူနှင့်မှ မပတ်သတ်ဘဲ ကိုယ့်စိတ်ကိုဘဲ အဖော်ပြုပြီး နေတတ်တဲ့အကျင့်ကို လုပ်ပေးခြင်းဟာ စိတ်ဓါတ်နှင့် အသိဉာဏ်ကို ရင့်ကျက်တိုးတက်စေတယ်လို့ ဆုံးမထားတာတော့ မှတ်သားဖူးပါတယ်။

ဘာဘဲဖြစ်ဖြစ် ကျွန်တော်အတွက်တော့ အရှင်မဟာကဿပ မထေရ်မြတ်ကြီးရဲ့  လတစ်စင်းလို အင်မတန်မှ ရောင့်ရဲအေးချမ်းစွာဖြင့် နေတတ်တဲ့စိတ်ထားတော်၊ A Pope ရဲ့ ကဗျာထဲက ပုဂ္ဂိုလ်လို သေတာတောင်မှ အမှတ်အသား ကျောက်တိုင်ကျောက်တုံး တစ်ခုတစ်လေမှ မထားဘဲ တိတ်တိတ်လေး လောကကနေ ထွက်သွားချင်တဲ့ စိတ်ထားတွေဟာ အမြဲအတုယူအားကျမိနေတဲ့ စိတ်ထားများဘဲ ဖြစ်ပါတယ်ခင်ဗျား။ တကယ်ဖြစ်လာဖို့ ကတော့ ကျွန်တော် ဆက်လက်ကြိုးစားသွားရပါအုံးမည် ခင်ဗျား လို့ ဘဲ ပြောချင်ပါတော့တယ်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
(31st July အမှတ်တရ)

(တရားတော် မြန်မာပြန်ကို ကူရှာပေးတော်မူသော ဘုန်းဘုန်း ဦးတိက္ခဉာဏအား ကျေးဇူးတင်စွာဖြင့် ရှိခိုးဦးတင် ကန်တော့ပါတယ် ဘုရား။)

ဆက်လက်ဖတ်ရှုရန်

Tuesday, July 28, 2009

ဘလော့ဂ် တစ်နှစ်ပြည့် အမှတ်တရ နှုတ်ခွန်းဆက်သခြင်း

ဓမ္မမိတ်ဆွေတို့ ခင်ဗျား

ဘာလိုလိုနဲ့  ဒီနေ့ ဇူလိုင်လ ၂၉ ရက် ဆိုရင် ကျွန်တော်ရဲ့  ၀ိမုတ္တိသုခ ဘလော့ဂ် (http://vimuttisukha.blogspot.com) ဟာ အွန်လိုင်းဘာသာရေး ဘလော့ဂ်လောကထဲ ရောက်ရှိလာတာ (၁) နှစ်ပြည့်သွားခဲ့ပါပြီ။

မနှစ်က ဒီအချိန်မှာ ဘာရယ်မဟုတ် ဘလော့ဂ်တစ်ခု စမ်းရေးကြည့်မယ်လို့ စိတ်ကူးပြီး စလိုက်တာပါ။ ပထမကတော့ ကိုယ့်ဆီမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အကြောင်းအရာလေးတွေကို အွန်လိုင်းမှာ သိမ်းထားချင်တာရယ်၊ ကိုယ်နှင့် စရိုက် အကြိုက် ၀ါသနာတူတဲ့ မိတ်ဆွေတွေကို ကိုယ့်မှာရှိတာလေးတွေ မျှချင်တာရယ် ဆိုတဲ့ စိတ်ကူးနဲ့ ပါ။

ဟိုးအရင် အင်တာနက် မသုံးနိုင်ခင်တုန်းက ဘာသာရေးနှင့်ဆိုင်တဲ့ ကိုယ်သဘောကျတဲ့ အကြောင်းအရာတွေကို disk တွေထဲသိမ်းထားလိုက်၊ CD တွေနှင့် သိမ်းထားလိုက် လုပ်ရင်း ပျောက်တဲ့ဟာကာ ပျောက်၊ ပျက်တဲ့ဟာက ပျက်ဖြစ်ခဲ့ပါတယ်။ အခု ပြည်ပရောက်ပြီး အင်တာနက်ကို ကောင်းကောင်းသုံးလို့ ရနေတဲ့ အချိန်မှာတော့ ဒေတာတွေ အွန်လိုင်းတက်သိမ်းထားတာ ပိုစိတ်ချရမယ်ထင်တာနဲ့  ဘလော့ဂ်ရေးပြီး သိမ်းတဲ့သဘောပါပဲ။

ဘလော့ဂ်စရေးရေးချင်း အစောပိုင်းလတွေတုန်းက ပုံမှန်မရေးဖြစ်ခဲ့ပါဘူး။ ကိုယ်ပိုင် အင်တာနက် မဆင်ဖြစ်သေးတာလည်း ပါပါတယ်။ မိတ်ဆွေတွေဆီမှာ အင်တာနက်ကို ကြုံတဲ့အချိန် ခဏသွားသုံးရင်း ပို့ စ်တင်ချင်တာလေးတွေ ကြုံရင် ကြုံသလို ကောက်တင်လိုက်တာ မျိုးတွေဘဲ များခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ထဲ ရောက်မှ အင်တာနက်လည်း အဆင်ပြေသွားတာနှင့် ပုံမှန်တင်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး တခြား ဘာသာရေး ဘလော့ဂ်များကိုလည်း သွားရောက်လေ့လာ ဖတ်ရှုဖြစ်ခဲ့ပါတယ်။ ဒီလိုနှင့် အသိအကျွမ်းတွေ မိတ်ဆွေတွေ တိုးလာပါတော့တယ်။

ဝိမုတ္တိသုခ ကို လုပ်နေရင်းဘဲ ပဲခူး ကသစ်ဝိုင်ဓမ္မရိပ်သာဆရာတော်ကြီးရဲ့  တရားတော်တွေ အွန်လိုင်းမှာ မရှိသေးတာ သတိထားမိလာပါတယ်။ ဒါကြောင့် ကသစ်ဝိုင် ယောဂီတစ်ဦးဖြစ်တဲ့ ကျွန်တော့်အမျိုးသမီးနှင့် တိုင်ပင်ပြီး ကသစ်ဝိုင်ရိပ်သာ အတွက် ဘလော့ဂ်တစ်ခုကို (http://kathitwinemyanmar.blogspot.com) နာမည်နှင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ အစပျိုးပေးဖြစ်ခဲ့ပြန်ပါတယ်။

ဘာသာရေးနှင့်ဆိုင်တဲ့ အကြောင်းအရာတွေကို သီးသန့် ရေးနေကြတဲ့ ဘာသာရေးဘလော့ဂ်တွေဟာ အွန်လိုင်းမှာ တော်တော်များများရှိနေပြီဖြစ်သလို ဘလော့ဂ်ဂါတွေရဲ့  ပို့ စ်တွေကလည်း တကယ်ကို တန်ဖိုးရှိပြီး သာသနာအတွက် အကျိုးရှိတဲ့ စာပေတွေချည်းပါဘဲ။ စာဖတ်တာ ၀ါသနာပါတဲ့ ကျွန်တော့်အတွက် နေ့ စဉ် ဘလော့ဂ်ဂါတွေရေးနေသမျှ သူတို့ ဘလော့ဂ်တွေဆီသွားပြီး လိုက်ဖတ်ရတာ တော်တော်အချိန်ပေးရပါတယ်။ အဲဒါနှင့်ဘဲ အကြံရပြီး နေ့ စဉ်ရေးသမျှဘာသာရေးပို့ စ်တွေကို တစ်နေရာတည်းမှာ စုပေးပြီး ကိုယ်လို ၀ါသနာတူတဲ့သူတွေပါ လွယ်လွယ်ကူကူ ဖတ်လို့ ရအောင် လုပ်ပေးချင်လာပါတယ်။ ဒီလိုနဲ့  ၀ိမုတ္တိရသ ဘလော့ဂ် (http://vimuttirasa.blogspot.com) အသစ်တစ်ခု ကို မတ်လကုန်ခါနီးရက်ပိုင်းတွေမှာ စတင်ဖြစ်ခဲ့ပါတယ်။

ဘလော့ဂ်ရေးရင်းကနေ ခင်မင်ပြီး အမြဲအွန်လိုင်းဆုံဖြစ်တဲ့ ရုရှားနှင့် အီတလီက ဓမ္မမောင်နှမတွေနှင့် တိုင်ပင်ပြီး ဓမ္မဆိုင်ရာ သုတ၊ ရသ အစုံခံစားရရှိနိုင်ဖို့ ၊ စာဖတ်သူတွေကိုယ်တိုင်ပါ ၀င်ရောက်ရေးသားနိုင်စေဖို့  ဆိုတဲ့ရည်ရွယ်ချက်စိတ်ကူးနှင့် ၀ိမုတ္တိရသ ဓမ္မ website (www.vimuttirasa.com) အသစ်တစ်ခုကို ဧပြီလထဲမှာ မောင်နှမတွေ အားလုံး ကြိုးစား ဖန်တီးခဲ့ကြပါတယ်။

နောက်တခါ အွန်လိုင်းမှာ လျှောက်ရှာဖတ်လိုက်တော့ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့  တရားတော်တွေနှင့် စာအုပ်တွေက သိပ်မရှိတာ သတိထားမိလာပါတယ်။ အမှန်မှာက ဆရာတော်ကြီးရဲ့ စာအုပ်နှင့် တရားတွေက မြန်မာပြည်မှာ ထွက်ထားတာ အများကြီးရှိပါတယ်။ အကြောင်းကြောင်း တွေကြောင့် အွန်လိုင်းမှာ ကျယ်ကျယ်ပြန့် ပြန့် မဖြစ်သေးတာလို့  ယူဆရပါတယ်။ မကြာသေးခင် လတွေကမှ သဒ္ဓမ္မရံသီရိပ်သာရဲ့  Website အသစ် တစ်ခုကို (http://www.saddhamaransi.org) ဆိုတဲ့နာမည်နှင့် စတင်လာတာ သတိထားမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ရိပ်သာနှင့် ရင်းနှီးကျွမ်းဝင်တဲ့ သူဖြစ်နေတော့ သူ့ ဆီကနေ ဆရာတော်ကြီးရဲ့ တရားတော်တွေကို CD နှင့် DVD တွေ ကျွန်တော့်ဆီ ပို့ လာခဲ့ပါတယ်။ ကျွန်တော်လည်း ဆရာတော်ကြီးကို ကျေးဇူးပြုပူဇော်လိုတာနှင့် သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့  တရားတော်တွေကို Player နှင့် တိုက်ရိုက် နာယူလို့ ရအောင် (http://saddhammaramsi.blogspot.com) ဘလော့ဂ်တစ်ခု သီးသန့်  တင်ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာဘဲ ကျွန်တော့်ရဲ့  ဘလော့ဂ်တွေဖြစ်တဲ့ ၀ိမုတ္တိသုခ နှင့် ၀ိမုတ္တိရသ တို့ အတွက် နော်ဝေးနိုင်ငံရောက် စေတနာရှင် အမတစ်ဦးက ဒိုမိန်းနာမည်တွေ ၀ယ်လှူပေးခဲ့လို့  အခုဆိုရင် Blogspot များ အစား www.vimuttisukha.com နှင့် www.dhammaflavour.net နာမည်အသစ်များ အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နော်ဝေးက စေတနာရှင် အမ ကဘဲ ကျွန်တော်တို့ ဓမ္မမောင်နှမများရဲ့  www.vimuttirasa.com ကိုလည်း ဒိုမိန်းနာမည် ၀ယ်လှူပေးထားတာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ဒီဘလော့ဂ်ဂါသက်တမ်း တစ်နှစ်အတွင်းမှာ လေးစားကြည်ညိုဖွယ် ကောင်းတဲ့ ဆရာတော်သံဃာတော်များ၊ ဓမ္မဘလော့ဂ်ဂါများ၊ ဓမ္မမိတ်ဆွေများ နှင့် သိကျွမ်းရင်းနှီးခွင့် ရရှိခဲ့ပြီး အဖိုးမဖြတ်နိုင်တဲ့ အဆုံးအမသြ၀ါဒများ၊ အတွေ့ အကြုံဖလှယ်မှုများ၊ နှစ်သိမ့်အားပေးချီးမြှောက်မှုများကို အမြောက်အများရရှိခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပုံစံအမျိုးမျိုးနှင့် ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုလို ကျွန်တော့်ရဲ့ ဒီတစ်နှစ်အတွင်း ဖြတ်သန်းမှုမှာ ကျွန်တော့်အပေါ် အမြဲတမ်း အားပေးနေတဲ့ လေးစားကြည်ညိုရပါသော ဆရာတော်အရှင်မြတ်များနှင့် ကျွန်တော့်ရဲ့ ဓမ္မမောင်နှမတွေ၊ မိတ်ဆွေတွေ၊ ဘလော့ဂ်စာဖတ်ပရိတ်သတ်တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ရှေ့ ဆက်ပြီး မြတ်စွာဘုရားရှင်ထားခဲ့တဲ့ သာသနာတော် စည်ပင်တိုးတက်ဖွံ့ ဖြိုးဖို့ အတွက် ကျွန်တော်တတ်နိုင်တဲ့ဘက်က တတ်စွမ်းသလောက် ကြိုးစား ဆောင်ရွက်သွားပါ့မယ် လို့ လည်း ပြောချင်ပါတယ်။

ကျွန်တော် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့ ကို အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းနှင့် ဝေနေယျသတ္တဝါ အားလုံးတို့ ကို အမျှပေးဝေပါတယ်။ အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုတော်မူကြပါခင်ဗျား။

အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတို့ နှင့် ပြည့်စုံနိုင်ကြပါစေကြောင်း မေတ္တာပို့ သအပ်ပါတယ်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၉၊ ဇူလိုင်လ၊ ၂၀၀၉ (ဗုဒ္ဓဟူးနေ့ )

ဆက်လက်ဖတ်ရှုရန်

Monday, July 13, 2009

နှစ်သက်မိသော ဇင် ပုံပြင်များ (၁၁)

Concentration



After winning several archery contests, the young and rather boastful champion challenged a Zen master who was renowned for his skill as an archer. The young man demonstrated remarkable technical proficiency when he hit a distant bull's eye on his first try, and then split that arrow with his second shot. "There," he said to the old man, "see if you can match that!"

Undisturbed, the master did not draw his bow, but rather motioned for the young archer to follow him up the mountain. Curious about the old fellow's intentions, the champion followed him high into the mountain until they reached a deep chasm spanned by a rather flimsy and shaky log.

Calmly stepping out onto the middle of the unsteady and certainly perilous bridge, the old master picked a far away tree as a target, drew his bow, and fired a clean, direct hit. "Now it is your turn," he said as he gracefully stepped back onto the safe ground. Staring with terror into the seemingly bottomless and beckoning abyss, the young man could not force himself to step out onto the log, no less shoot at a target.

"You have much skill with your bow," the master said, sensing his challenger's predicament, "but you have little skill with the mind that lets loose the shot."




ဆက်လက်ဖတ်ရှုရန်

Saturday, July 11, 2009

အမ မသစ္စာအလင်း အတွက် Belated Birthday Present

PDCA ဖြင့် နေ့ စဉ်ဘ၀ကို ချည်းကပ်ကြည့်ခြင်း


အမရေ...

အမအတွက် မွေးနေ့ အမှတ်တရအဖြစ် ရေးမယ့်အကြောင်းအရာလေး မစခင် အမကို ကျွန်တော့်ရဲ့  နောက်ကျမှုအတွက် အလျင် တောင်းပန်ပါတယ်။ ဒီရက်ပိုင်းထဲ အမရဲ့ မွေးနေ့ ရှိတယ်လို့ တခါက အမ ပြောဖူးလို့ မှတ်ထားလိုက်ပေမယ့် ကိုယ့်ဟာကို အလုပ်တွေရှုပ်နေတာနှင့်ဘဲ သတိမထားလိုက်မိဘူး။ မနေ့ က အီးမေးလ်စစ်တော့မှဘဲ အမမွေးနေ့ ရောက်နေမှန်းသိရတော့တယ်။ ကျွန်တော့်ရဲ့ သတိပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။

အမအတွက် မောင်နှမတွေ ၀ိုင်းပြီး ဆုတောင်းပေးကြ၊ အမှတ်တရ ရေးပေးကြတာတွေ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးက လိုလေသေးမရှိအောင် ထောင့်စေ့အောင် ရေးထားကြတော့ ကျွန်တော်အတွက် ရေးဖို့ တောင် မကျန်တော့ပါဘူး။ နောက်ပြီး အမကိုယ်တိုင်ကလည်း အသိဉာဏ်ပိုင်းရော၊ စိတ်နေသဘောထားပိုင်းမှာပါ လောကီ၊ လောကုတ် အဘက်ဘက်က ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတော့ ကျွန်တော်က ဘယ်လို ၀င်ပြီး နှမ်းဖြူးရမလဲ ဆိုတာ တော်တော်ဦးနှောက်စားရပါတယ်။ တရားဓမ္မနှင့် ပတ်သတ်တာတွေရေးဖို့ ကျတော့လည်း တော်တော်များများက အမလည်း သိပြီးသားတွေကြီးဘဲ ဖြစ်နေတော့ တကယ်ကို ဘာရေးရမလဲ မသိတော့ပါဘူး။

အမမွေးနေ့ အတွက် ရေးစရာစဉ်းစားရင်း ခေါင်းထဲကို မဆီမဆိုင် ဖတ်ဖူးထားတဲ့ စီမံခန့် ခွဲမှု နှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက ခေါင်းစဉ်တစ်ခုဝင်လာပါတယ်။ အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Problem Solving Process တစ်ခုပါ။ ဒါပေမယ့် အဲဒီ Process ကို လက်တွေ့ ဘ၀ထဲမှာ ချသုံးကြည့်လို့ လည်း အသုံးတည့်တာကို တွေ့ ရပါတယ်။ နောက်ပြီး တရားဓမ္မကျင့်သုံးမှုဘက်မှာလည်း ချသုံးကြည့်လို့ ရတာကို တွေ့ ရပါတယ်။ Process ခေါင်းစဉ်က PDCA Cycle ပါ။ အမ သိရင်တောင် သိနေမယ်ထင်ပါတယ်။


File:PDCA Cycle.svg

PDCA (Plan, Do, Check, Act) Cycle ဟာ အဆင့်လေးဆင့်ပါတဲ့ အပြန်အလှန်သုံးလို့ ရတဲ့ ပြဿနာဖြေရှင်းနည်း တစ်ခုပါ။ သူ့ ကို ဖော်ထုတ်ခဲ့တဲ့သူက Dr. W. Edwards Deming ဆိုတဲ့သူဖြစ်ပါတယ်။

ဒီနည်းကို အကျဉ်းချုံးပြီး ပြောရရင်တော့ ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အရင်ဦးဆုံး Plan (ပြင်ဆင်ခြင်း) လုပ်ရပါမယ်။ အဲဒီအဆင့်မှာ ရည်ရွယ်ချက်ကို သတ်မှတ်ရမယ်။ နောက်ဒီရည်ရွယ်ချက်ကို ရရှိပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ရှာဖွေစုဆောင်းရမယ် ပြီးတော့ ရည်ရွယ်ချက်ကို ရောက်အောင်သွားဖို့  နည်းလမ်းကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။

ဒုတိယအဆင့်ကတော့ Do ပေါ့။ စပြီး အကောင်အထည်ဖော်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ ကိုယ်နိုင်သလောက်ကနေစပြီး တဖြည်းဖြည်း ပုံဖော်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တတိယအဆင့်ကတော့ Check ပါ။ မိမိလုပ်ထားပြီးသလောက် အတိုင်းအတာကို ပြန်လည် စစ်ဆေးခြင်းပါဘဲ။ မိမိချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ပန်းတိုင်နှင့် ယခုလက်ရှိရောက်ရှိနေတဲ့ အနေအထား ကိုက်ညီမှန်ကန်မှုရှိမရှိ၊ လမ်းလွဲမှုတွေ လိုအပ်ချက်တွေ ရှိမရှိ ပြန်လည် စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ Deming က Check အစား Study ဆိုတဲ့ အသုံးအနှုန်းက ပိုသင့်လျော်တယ်လို့  ဆိုချင်တဲ့ပုံ ရှိခဲ့ပါတယ်။

နောက်ဆုံးအဆင့်ကတော့ Act ပါဘဲ။ ဒီအဆင့်ကတော့ တကယ်လို့ Check အဆင့်မှာ တွေ့ ရှိလိုက်တဲ့ မိမိရဲ့ လိုအပ်ချက်တွေ၊ လမ်းလွှဲနေမှုတွေ နှင့် တခါတလေ မိမိချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် လုပ်ဆောင်မိလိုက်တာနှင့် လုံးလုံးလွဲချော်သွားတာမျိုးတွေ တွေ့ လာခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင် အသစ်ပြုပြင်ပြောင်းလဲရမယ့် နေရာဖြစ်ပါတယ်။

အဆင့်လေးဆင့်လုံး ပြီးတဲ့အချိန်မှာ မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အတွက် ဘာတိုးတက်မှုမှ ရှိမလာခဲ့ရင် မိမိရွေးချယ်ထားတဲ့ နည်းလမ်းကို အသစ်ပြင်ဆင်သတ်မှတ်ပြီး မူလစက်ဝိုင်းကို နောက်ထပ်တစ်ခါ ပြန်စရပါမယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့ရင်တော့ နောက်ထပ်တစ်ခါ ရည်မှန်းချက်အသစ်တစ်ခု ထပ်မံချမှတ်ပြီး စက်ဝိုင်းကို ပြန်စရပါမယ်။ ဒီလိုနှင့် ဒီ Cycle ဟာ တောက်လျောက်လည်ပတ်ပါလိမ့်မယ်။

အမရေ... ဒီလောက်ဆိုရင်တော့ ဒီ စက်ဝိုင်းရဲ့ သဘောတရားကို အမ ကောင်းကောင်း နားလည်အသုံးချတတ်သွားလောက်မယ်
ထင်ပါတယ်။

ကျွန်တော်တို့ တွေရဲ့ လက်ရှိဘ၀မှာလည်း ရည်မှန်းချက်တွေအတွက် Problem Solving တွေ အမြဲလုပ်နေကြရတာပါဘဲ။ ကိုယ်သတိမထားမိပေမယ့် ဒီ Cycle လေးကို သုံးမိသလို ဖြစ်နေတာ အမ သတိထားမိလိမ့်မယ် ထင်ပါတယ်။

တရားအားထုတ်မယ့် ယောဂီတစ်ယောက်အတွက်ဆိုရင်လည်း ဒီစက်ဝိုင်းကို အသုံးချမယ်ဆိုပါတော့။ တရားအားမထုတ်ခင် မိမိရဲ့  တရားအားထုတ်ရတဲ့ ရည်မှန်းချက်ကို သတ်မှတ်၊ အားထုတ်မယ့်နည်းကို သတ်မှတ်၊ တရားအားထုတ်ဖို့ ရန်အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်၊ လိုအပ်တဲ့ ဆရာသမား၊ မိတ်ဆွေ၊ နေရာဒေသ၊ အချိန်ကာလ အစရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကို Plan လုပ်တယ်လို့  ပြောလို့ ရမယ် ထင်ပါတယ်။

ဒုတိယ Do ကတော့ တရားကိုကြိုးစား အားထုတ်တဲ့ ကာလ ဖြစ်ပြီပေါ့။

တရားအားထုတ်လို့  မိမိသတ်မှတ်ထားတဲ့ ကာလတစ်ခု သို့ မဟုတ် အသိဉာဏ်အနေအထားတစ်ခုကို ရောက်လောက်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်လည် စိစစ်ဆင်ခြင်ကြည့်ပြီး မိမိ ရည်မှန်းသလောက် ခရီးပေါက်ခဲ့ရဲ့ လား၊ မိမိအားထုတ်ခဲ့တာ နည်းလမ်းစနစ်ကျ မှန်ကန်ပါရဲ့ လား၊ တကယ် တရားတိုးတက်မှုရှိပါရဲ့ လား၊ ဘာတွေကို သိခဲ့ပြီး ဘာတွေကို မသိသေးဘူးလဲ၊ နောက်ထပ် ဘာဆက်လုပ်ဖို့ ကျန်သေးလဲလို့ သုံးသပ်တဲ့အပိုင်းကို Check (or) Study လုပ်တဲ့ နေရာလို့ ဆိုလို့ ရပါတယ်။

နောက်ဆုံးအနေနှင့် တကယ်လို့ မိမိရဲ့ တရားအသိက ရည်မှန်းထားသလောက် ခရီးမပေါက်သေးတာများတွေ့ ခဲ့ရင် ဘာတွေ လိုအပ်သလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်လည် ဝေဖန်ချိန်ဆပြီး သင့်လျော်တဲ့ နည်းလမ်း၊ သင့်လျော်တဲ့ ဆရာသမား၊ မိတ်ဆွေများနှင့် ပြင်ဆင်ညှိနှိုင်းပြီး Cycle ကို အသစ်တစ်ဖန် ပြန်စရမှာဖြစ်ပါတယ်။ အဲဒါကတော့ Act ပေါ့နော်။ တကယ်လို့ များ မှန်းထားတဲ့ခရီး ပေါက်ခဲ့ရင်တော့လည်း နောက်ထပ်၊ နောက်ထပ်သော ပန်းတိုင်အသစ်များကို ချမှတ်လို့  ခရီးစဉ်အသစ်ကို စက်ဝိုင်းအသစ်နှင့် ပြန်စကြတာပေါ့။

ကဲ...အမရေ။ ကျွန်တော်တော့ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်ပြီ။ ဒီ Cycle လေးက ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘ၀အတွက်ရော၊ ဓမ္မခရီးလမ်းအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ထင်လို့  အမကို မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်။ ဒါလေးနှင့်ဘဲ အမ ကျေနပ်နှစ်သိမ့်ပေးပါလို့  တောင်းပန်ချင်ပါတယ်။

ကျွန်တော့်ရဲ့  နောက်ကျမွေးနေ့ လက်ဆောင်အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ......

အမ အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်နှင့် လောကသားတို့ ရဲ့ အကျိုးစီးပွားကို တိုးလို့ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။
အမချစ်သော မိသားစုများ၊ သူငယ်ချင်မိတ်ဆွေများနှင့်လည်း အသက်ထက်ဆုံး အေးချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ပါစေ။
အမ အသက်ရာကျော်ရှည်၍ ဗုဒ္ဓအလိုကျ အရည်အသွေးပြည့်ဝသော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။


မောင်ငယ်
Bliss
(၀ိမုတ္တိသုခ)



ဆက်လက်ဖတ်ရှုရန်

Thursday, July 9, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)

သညာသိနှင့် ပညာသိ


စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး
နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။


သဿတ ဒိဋ္ဌိ


တဖန် အနောက်တိုင်းသားများ ယခုတလောတွင် အထူး အလေးပေး၍ လေ့လာလိုက်စားလျက်ရှိကြသော စိတ်ပညာတစ်ရပ် ရှိသေး၏ ။ ၎င်းတို့ သည် ကာယကံရှင်ကိုယ်တိုင်က သိသောစိတ် ( conscious ) ကိုသာ မကသေးဘဲ ကိုယ်တိုင်က မသိရသော ဘ၀င်္ဂ ခေါ် ဘ၀င်စိတ် ( unconscious of subconscious ) အကြောင်းကိုပင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျက်ရှိကြလေသည်။ ဤပညာသည် တကယ်နက်နဲသည်ကား မှန်သည်။ သို့ ရာတွင် ၎င်းပညာရှိကြီးများ၏ အတွေးခေါ်မှာ လူသတ္တ၀ါတို့ ၏ အတွေ့ အကြုံများသည် မသိသောစိတ် ( ဘ၀င်္ဂ ) ထဲတွင် အခါခပ်သိမ်း နစ်မြုပ်သိုလှောင်လျက်ရှိ၍ အရေးကြုံမှ ပေါက်လာတတ်သည်ဆိုရာ ၎င်းအတွေးအခေါ်၏ မှန်ခြင်း၊ မှားခြင်းကို အပထား၍ သဿတဒိဋ္ဌိ ဘက်သို့  ယိမ်းတတ်သောကြောင့် ဗုဒ္ဓအလိုတော်ကျ မဟုတ်ချေ။ မမေ့ပျောက်နိုင်သကဲ့သို့  မှတ်သားထားသည်ဟု ထင်ရသည်ကားမှန်၏ ။ သို့ ရာတွင် ဗုဒ္ဓဟောတော်မူသည့် ဘ၀င်စိတ်သည်ပင်လျှင် မြစ်ရေအလျဉ်သဖွယ် အခါခပ်သိမ်း တသွင်သွင်စီးလျက်ရှိသည်ဆိုသောကြောင့် ရေထဲ၌ ( ကျောက်ဆူး ချထားဘိသကဲ့သို့  )
အမြဲတည်နေနိုင်သော အခြင်းအရာ တစ်စုံတစ်ခု ရှိသည့်အလား မှတ်ယူထားခြင်းသည် သဿတဒိဋ္ဌိအယူ ဖြစ်သွားတတ်လေသည်။


ဦးနှောက်နှင့် နှလုံး


ထို့ ပြင် စိတ်၏ တည်နေရာဌာနနှင့် ပတ်သက်သော အယူအဆ တစ်ခုလည်းရှိသေး၏ ။ စိတ်နှင့် ပတ်သက်သမျှတွင် အနောက်တိုင်း ပညာသည်များသည် ဦးနှောက်ကို အလေးပေး၍ ဖော်ပြတတ်၏ ။ ဗုဒ္ဓ၀ါဒအရမူ နှလုံးအိမ်ကို အရေးတကြီး ဖော်ပြထားသည်။ ဤခေတ်တွင် ဥာဏ်ကောင်းခြင်း၊ စဉ်းစားစိတ်ကူးခြင်း စသော အခြင်းအရာများမှာ ဦးနှောက်ကို အမှီပြု၍ ဖြစ်ပေါ်လာသည်ဟု လက်ခံနားလည်လျက် ရှိကြသော်လည်း ရိုးဖြောင့်ခြင်း၊ စိတ်သဘောကောင်းခြင်း စသော အခြင်းအရာမျိုးတို့ မှာမူ နှလုံးအိမ်တွင် အမှီပြု၍ ဖြစ်ရသည်ဟု ယုံကြည်ကြသည့် လက္ခဏာရှိသည်။ ထို့ ကြောင့် ( good heart ) စိတ်နှလုံးကောင်းခြင်း ဟူ၍လည်းကောင်း၊ ( change of heart ) စိတ်နှလုံးနှင့် တကွ ပြောင်းလဲပါမှ တန်ဖိုးရှိသည် ဟူ၍လည်းကောင်းသုံးနှုန်းကြခြင်း ဖြစ်လေသည်။ ဥာဏ ( ဦးနှောက် ) ဘယ်လိုပင်ကောင်းစေကာမူ စိတ်နှလုံး ( အကျင့် စာရိတ္တ ) မကောင်းလျှင် တန်ဖိုး များစွာမရှိနိုင်ဟူသော အသုံးအနှုန်းလည်း ရှိပေသေးသည်။ “ လူတော်လူကောင်း ” ဟူသော စကားလုံးတွင်လည်း ( လူတော် ) သည် ဦးနှောက် ကောင်းခြင်းကို ဆိုလို၍ “လူကောင်း ” သည် နှလုံးကောင်းခြင်းကို ဆိုလိုပေသည်။ ထို့ ကြောင့် စိတ်နှင့် ပတ်သက်၍ ဖော်ပြသည့်အခါ ဦးနှောက်ကို အလေးပေးချင်ကြသော်လည်း နှလုံးကို လွှတ်ထား၍ မဖြစ်နိုင်ပေ။


တိုက်ခတ်မှ ဖြစ်ပေါ်ခြင်း


စိတ်နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့် အသိအမျိုးမျိုးတို့ သည် မည်မျှပင် ခက်ခဲနက်နဲစေကာမူ ( လောကီတွင် တန်ဖိုးရှိသည် ဆိုစေဦး ) စဉ်းစားဥာဏ် ( intellect ) ဖြင့် သိခြင်းမျှသာ ဖြစ်ကြပေရာ ဗုဒ္ဓသိစေလိုသော ( ထိုးထွင်း၍ သိခြင်းခေါ် ) ပညာသိ မဟုတ်သောကြောင့် ကြီးစွာသော တန်ဖိုးရှိကြသည် မဟုတ်ချေ။ ပညာသိဟုခေါ်သည့် သိခြင်းမျိုးမှာ လွန်စွာနက်နဲသည်ဖြစ်၍ ဥပမာအားဖြင့်သာ ဖော်ပြနိုင်ပေမည်။

သုတ္တန်ကျမ်းတစ်နေရာ၌ ကျွန်မတစ်ယောက်သည် ၎င်း၏သခင်မအတွက် သနပ်ခါးသွေးလျက်ရှိစဉ် လက်ကောက်နှစ်ဖက် ၀တ်ထားသည်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခတ်မိခြင်းကြောင့် တချွင်ချွင်အသံ ထွက်လျက်ရှိ၏ ။ ဤတွင် ကျွန်မသည် တစ်ဖက်ကို ဖြုတ်ထားလိုက်ရာ တိုက်ခတ်စရာ မရှိခြင်းကြောင့် အသံမထွက်တော့ခြင်း ကို တွေ့ ရ၏ ။ ဤနေရာတွင် ဆင်ခြင်သုံးသပ်မိသည်မှာ တိုက်ခတ်စရာ ရှိ၍ အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော “ ၀ိညာဉ်စိတ် ” ဆိုသည်မှာ ဤအတိုင်းပေတကားဟု ထိုးထွင်းသိမြင်လိုက်သည်နှင့် တစ်ချက်တည်း သောတာပန်တည်သွားသည်ဟု တွေ့ ရဖူးလေသည်။


ထိုးထွင်း သိမြင်ခြင်း


၎င်းကျွန်မသည် စိတ်တစ်ခုယုတ် ၉၀၊ အကျယ် ၁၂၀ ပါး ကိုလည်း ရေတွက်တတ်မည်မထင်။ စိတ္တက္ခဏ၏ လျင်မြန်ပုံအကြောင်းကိုလည်း (ကျွန်မတစ်ယောက်သာ ဖြစ်၍ ) ကြားဖူးကောင်းမှ ကြားဖူးပေမည်။ ဘ၀င်စိတ်၏ တသွင်သွင်စီးခြင်း အကြောင်းကိုလည်း နားစွန်နားဖျားဖြင့် ကြားဖူးမည်လော မပြောတတ်ချေ။ သို့ ရာတွင် အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်ဆိုသောကြောင့် အကြောင်းမတိုက်ဆိုင်လျှင် မဖြစ်၊ ဖြစ်ခြင်းကြောင်းလည်း ရှိသည်။ ချုပ်ရာသော လမ်းစဉ်လည်း ရှိသည်။ ချုပ်ခြင်းသဘောလည်း ရှိသည် စသည်ဖြင့် ထိုးထွင်းသိမြင်သွားဟန်ရှိသည်။

ဤစာကို ဖတ်သောသူသည်လည်း ကျွန်ုပ်ရေးပြသည့်အတိုင်း နားလည်ပါသည်ဟု ဆိုစေကာမူ ကျွန်မ မြင်သကဲ့သို့  မမြင်ခြင်းမှာ ထိုးထွင်းမှုဟု ဆိုအပ်သော ၀ိပဿနာဥာဏ် မပါသောကြောင့် ဖြစ်လေသည်။ ၎င်း ကျွန်မသည် ပါရမီခံ ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့ ရာတွင် နောက်ဆုံးအချိန်၌ လုပ်နေသော အလုပ်မှာ သနပ်ခါးသွေးခြင်းဖြစ်၍ သူ၏ နှလုံးသွင်းတရားမှာ လက်ကောက်ခြင်း တိုက်ခတ်မိ၍ တချွင်ချွင်မြည်ခြင်းနှင့် အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်၏ တူညီပုံအခြင်းအရာပင် ဖြစ်လေသည်။

ထို့ ကြောင့်လည်း နည်းခြင်း များခြင်းသည် အရေးမကြီးလှ။ အရာဟုတ်-မဟုတ်သာလျှင် အရေးကြီးသည်ဟု ဗုဒ္ဓဟောတော်မူခြင်းဖြစ်သည်။


ဥာဏ်ကောင်းတိုင်း မဟုတ်သေး


ဘုရားလက်ထက်တော်၌ သစ္စကပရိဗိုဇ် သိဉ္စည်းဆရာကြီးမှစ၍ ဥာဏ် (intellect ) ကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၏ ။ ဤလက်ထက်တွင်လည်း လောကဓာတ် ဆရာကြီးများ၊ အဘိဓမ္မာ ဆရာကြီးများ၊ သင်္ချာ ဆရာကြီးများ၊ စိတ်ပညာ ဆရာကြီးများသည် စဉ်းစားဥာဏ်အရာ၌ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်ဟု ( ဘယ်သူမှ မယုံချင်နေ ) ကျွန်ုပ်ယုံကြည်၏ ။ ဤမျှသာမကသေး၊ ဗုဒ္ဓ အဘိဓမ္မာကို “ အရည်ကျို ” သောက်ပြီး ကျမ်းကြီး ကျမ်းငယ်များ ရေးထုတ်နိုင်ကြသည့် အရှေ့ တိုင်းသားများ၊ အနောက်တိုင်းသားများလည်း အမြောက်အမြား ရှိကြ၏ ။ “ စိတ် ” အကြောင်းဆိုလျှင် စာအုပ်ပေါင်း အမြောက်အမြား ရေးထုတ်နိုင်ကြ၏ ။ အထက်ပါ ကျွန်မသည် ဥာဏ် ( intellect ) အရာတွင် ၎င်းပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ရေနှင့်ဆီလောက် ကွာပေလိမ့်မည်။ သို့ ပါလျက် “ စိတ် ” အကြောင်းနှင့် ပတ်သက်၍ ကျမ်းအစောင်စောင် ပြုနိုင်သော ပညာရှိကြီးများသည် ၎င်းကျွန်မကဲ့သို့ စိတ်အကြောင်းကို ဗုဒ္ဓအလိုတော်ကျ မသိမြင်ကြသဖြင့် သောတာပန် မတည်နိုင်ကြခြင်းမှာ စဉ်းစားစရာကောင်းလှသည်။

ဆက်လက်ဖတ်ရှုရန်