Tuesday, March 31, 2009

အားကျမိသော ဘ၀ခရီးဖော် နှစ်ဦး (၁)

အားကျမိသော ဘ၀ခရီးဖော် နှစ်ဦး (၁)

အရှင်မဟာကဿပမထေရ်နှင့်
ဘဒ္ဒါကာပိလာနီထေရီမကြီးတို့ အကြောင်းလေးပါ။ အတိတ်သံသရာဘ၀မှာ ဆုတောင်းကောင်းခဲ့ကြပုံလေးကို ဖတ်ကြည့်မိပြီး အားကျမိလို့ ပါ ခင်ဗျား။
AshinKassapha
(ဒီ ebook ကို ဘုန်းဘုန်း ဦးလောကနာထ (http://www.lknt.org) က ကျေးဇူးပြုပါတယ်ခင်ဗျား။)

ဆက်လက်ဖတ်ရှုရန်

Thursday, March 26, 2009

ဗောဇ္ဈင်သုတ်တရားတော်

မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော

ဗောဇ္ဈင်သုတ်တရားတော်






ဆက်လက်ဖတ်ရှုရန်

Wednesday, March 25, 2009

သက္ကပဉှာသုတ် တရားတော်

မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော
“သက္ကပဉှာသုတ် တရားတော်”




ဆက်လက်ဖတ်ရှုရန်

Tuesday, March 24, 2009

နှစ်သက်မိသော ဇင် ပုံပြင်များ (၇)

Wanting God

A hermit was meditating by a river when a young man interrupted him. "Master, I wish to become your disciple," said the man. "Why?" replied the hermit. The young man thought for a moment. "Because I want to find God."

The master jumped up, grabbed him by the scruff of his neck, dragged him into the river, and plunged his head under water. After holding him there for a minute, with him kicking and struggling to free himself, the master finally pulled him up out of the river. The young man coughed up water and gasped to get his breath. When he eventually quieted down, the master spoke. "Tell me, what did you want most of all when you were under water?"

"Air!" answered the man.

"Very well," said the master. "Go home and come back to me when you want God as much as you just wanted air."

(ဒီပုံပြင်လေးက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ညီလေးဖိုးသား-ကိုပြည့်စုံအောင် -အဖြူရောင်မေတ္တာ (http://sonesiyar.blogspot.com) ကို ပြောပြဖြစ်ခဲ့တဲ့ ပုံပြင်လေးပါ။ သူ့ ကို ပြောတုန်းကတော့ ဗမာမှုပြုပြီး "God" အစား "တရား" လို့ ပြောင်းပြောခဲ့ပါတယ်။ အခုကတော့ Original Version ပါခင်ဗျား။)
ဆက်လက်ဖတ်ရှုရန်

Monday, March 23, 2009

The Benefits Of Walking Meditation

The Benefits Of Walking Meditation
By
Ven. Sayardaw U Silananda



Benefits of Walking Meditation
ဆက်လက်ဖတ်ရှုရန်

Thursday, March 19, 2009

မင်္ဂလသုတ်မှ မှတ်သားမိသမျှ (၄)

ဒါရသင်္ဂဟ။ ။ မယားကိုချီးမြှောက်ခြင်းဟူသည်မှာ လင့်ဝတ်တရား ကျေပွန်ခြင်းကို ဆို၏။ လင့်ဝတ်တရားများကား မြတ်နိုးခြင်း၊ မထီမဲ့မြင်မပြုခြင်း၊ မိန်းမတပါး မလိုက်စားခြင်း၊ စည်းစိမ်အစိုးရမှု အပ်နှင်းခြင်း၊ ၀တ်စားတန်းစာ ပေးခြင်းအားဖြင့် ငါးပါးတို့ တည်း။

ထိုတွင် မြတ်နိုးခြင်းဟူသည် ချစ်ဖွယ်စကားဖြင့် မြှောက်စားပြောဆိုခြင်းတည်း။ မထီမဲ့မြင်ပြုခြင်းဟူသည်မှာ ကဲ့ရဲ့ရှုတ်ချခြင်း၊ မောင်းမဲခြင်းစသော အမှုမပြုခြင်းပင်။ စည်းစိမ်အစိုးရမှု အပ်နှင်းခြင်းမှာ စီမံရန် အိမ်တာဝန်အားလုံး လွှဲအပ်ခြင်းတည်း။ လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းစသော တာဝန်မှာ ယောင်္ကျား၏တာဝန်ဖြစ်၍ ထိုမှဖြစ်လာသော ပစ္စည်းကို လုံခြုံအောင်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အိမ်၌စီမံရန် တာဝန်မှာ မိန်းမတာဝန်ဟု ရှေးကအစဉ်အလာရှိ၏။ ၀တ်စားတန်းစာပေးခြင်းမှာ မိမိအခြေအနေအလိုက် ပေးကမ်းခြင်းကိုဆိုသည်။

ဝတ်တရားနှင့်အညီ မယားအား ချီးမြှောက်တတ်သော လင်ယောင်္ကျားကောင်းတစ်ယောက် ရနေသောမယားကလည်း မိမိဝတ္တရားများ မလစ်ဟင်းစေခြင်းဖြင့် တုံ့ ပြန်မှ မယားကောင်းတစ်ယောက် ဖြစ်နိုင်သည်။ မယားဝတ်များကား အိမ်တွင်းအလုပ်များကို ကောင်းစွာလုပ်ခြင်း၊ ဆွေမျိုးများအား ချီးမြှောက်ခြင်း၊ မိမိလင်ယောင်္ကျားမှတပါး အခြားယောင်္ကျားနှင့် မကျူးလွန်ခြင်း၊ ပစ္စည်းဥစ္စာကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ချက်ရေးပြုတ်ရေးစသည်၌ ကျွမ်းကျင်၍ မပျင်းမရိခြင်းအားဖြင့် ငါးပါးတည်း။

အတွဲလေးမျိုး။ ။ ဇနီးမောင်နှံနှစ်ဦး ၀တ်တရားကျေပွန်၍ ကိုယ်ကျင့်သီလပြည့်စုံကြလျင် သူတို့ ၏အိမ်မှာ အမြဲတမ်းသာယာ၍ ကျက်သရေရှိသော “သီရိဂေဟာ” ဖြစ်လျက်ရှိတော့သည်။ ဤသို့ သောဇနီးမောင်နှံလည်း နတ်သားနှင့်နတ်သမီး စုံဖက်ထားသော အတွဲဟု ဆိုရသည်။ စတုကင်္ဂုတ္တရ ဒုတိယပဏ္ဏာသက ပုညာဘိသန္ဒ၀ဂ် (၃၆၈)၌ ဇနီးမောင်နှံ အတွဲလေးစုံကို ဟောတော်မူ၏။ ထိုအတွဲများကား-

(၁) သူသေယောင်္ကျားနှင့် သူသေမိန်းမ = လင်ကလည်းအကျင့်မကောင်း၊ မယားကလည်း အကျင့်မရှိသော အတွဲ။ ဂုဏ်မတိုးတက် သေလျက်ရှိသောကြောင့် သူသေဟုဆိုရသည်။
(၂) သူသေယောင်္ကျားနှင့် မယားနတ်သမီး = လင်က သီလမရှိ၊ မယားကသီလရှိသော အတွဲ။
(၃) နတ်ယောင်္ကျားနှင့် မယားသူသေ = လင်ကသီလရှိ၍ မယားကသီလမရှိသော အတွဲ။
(၄) နတ်ယောင်္ကျားနှင့် မယားနတ်သမီး = နှစ်ဦးစလုံးသီလရှိကြသောအတွဲ။

(သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿယသစ် စာမျက်နှာ ၁၁၆-၁၁၇ မှ ကူးယူဖော်ပြပါသည်။)

ဆက်လက်ဖတ်ရှုရန်

Wednesday, March 18, 2009

Launch Of The Global Vipassana Pagoda





အဋ္ဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တစ်ခုဖြစ်လာမယ့် ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန်ဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှာ ၂၀၀၉ ခု ဖေဖေါ်ဝါရီလ ၇ ရက်နေ့  နဲ့ ၈ ရက်နေ့များမှာ စတင်ဖွင့်လှစ် ခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို့  ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ၀ိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဂုရုကြီး ဦးဂိုအင်ကာ ပဲ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက ဂိုရိုင်းကျွန်း (Gorai Island) ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ ၅ သန်းတန် မြေ ၁၁ ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။


စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သော အားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ ၁ ပေ နှိမ့်ချပြီး ၃၂၅ ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။

အမြင့်ပေ ၃၂၅ ပေ။ အကျယ်အ၀န်း အချင်း ပေ ၂၈၀ နဲ့ မြေ ၁၁ ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ရဲ့  အထူးခြားဆုံး အချက်ကတော့ အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တစ်ခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံးဝမသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့် ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ် ဆောက်လုပ်ထားတာ ဖြစ်တယ်လို့  ဆိုပါတယ်။

ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို့  ဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ၀ိပဿနာ တရားအားထုတ်တဲ့ ရောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ့ အကျယ်အ၀န်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမ ဗုဒ္ဓ ရဲ့  ဓါတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် ၂ ဆူပါဝင်ပါတယ်။



(စေတီတော်နှင့် ပတ်သက်သော အချက်အလက်များကို http://nyimuyar.blogspot.com/2009/02/global-vipassana-pagoda.html မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆက်လက်ဖတ်ရှုရန်

အမြဲနှလုံးသွင်း လိုက်နာကျင့်သုံးရမည့် တရားများ

ချမ်းမြေ့ ရိပ်သာဆရာတော်ကြီး

(ကျွန်တော့် အီးမေးလ်ထဲကို Forward Mail အဖြစ်ရောက်လာတဲ့ ဒီတရားအဆုံးအမလေးကို အားလုံးအတွက် ဓမ္မဒါနပြန်လည် ဝေငှပေးလိုက်ပါတယ်ခင်ဗျား။)

ဆက်လက်ဖတ်ရှုရန်

Tuesday, March 17, 2009

ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ

ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ
သပြေကန်ဆရာတော်ကြီး

ဗောဇ္ဈင်
အမည်ရပုံ

‘ဗောဇ္ဈင်’ဆိုတာ ‘ဗောဇ္ဈင်င်္ဂ’ ဆိုတဲ့ ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရပဲ။

‘ဗောဇ္ဈင်င်္ဂ’ဆိုတာလည်း ‘ဗောဓိ’နဲ့ ‘အင်္ဂ’နှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာ ဖြစ်ပါတယ်။

‘ဗောဓိ’မှာ ‘နိုးမှု’ ‘သိမှု’ အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။

အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ်ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနစ်ခု အစုအပေါင်းဖြင့် ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်။

သစ္စာလေးပါးကို သိတတ်တယ်။

နိဗ္ဗာန်ကို ကိုယ်တွေ့ အသိရောက် မျက်မှောက်ပြုတတ်တယ်။

ဒီတော့ သတိစသော တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြောင်း၊ သစ္စာသိကြောင်း၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ ထိုတရား အစုအပေါင်းကို ‘ဗောဓိ’ ဆိုရပါတယ်။

‘သတိ’စသော တရားတခုခုကိုတော့ ထို‘ဗောဓိ’ခေါ်တဲ့ တရားအပေါင်း၏ အစိတ် ‘အင်္ဂ’ ဆိုရပါတယ်။

ဒါကြောင့် သတိစသော တရားတခုစီကို ‘ဗောဓိအင်္ဂ’၊ ဗောဓိခေါ် တရားအစုအဝေး၏ အစိတ်အင်္ဂါ - ဗောဇ္ဈင်င်္ဂလို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဈာနင်္ဂ - ဈာနင်၊ မဂ္ဂင်္ဂ - မဂ္ဂင် ဆိုတဲ့ အမည်များလိုပါပဲ။

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားငါးပါးအပေါင်းကို ဈာန-ဈာန်လို့ ဆိုရပြီး၊ ထိုဈာနမည်တဲ့ တရားထဲက ဝိတက်စသော တခုတခုစီကိုတော့ ဈာနအင်္ဂ - ဈာန်၏အစိတ် ဈာနင်ဆိုရသလိုပါပဲ။

သမ္မာဒိဋ္ဌိစသော တရားရှစ်ပါးအပေါင်းကို မဂ္ဂ - မဂ် ဆိုရပြီး၊ ထိုအပေါင်းမဂ်တွင် ပါဝင်သော သမ္မာဒိဋ္ဌိစသော တရားတခုစီ တခုစီကိုတော့ မဂ္ဂအင်္ဂ - မဂ်၏အစိတ်အပိုင်း မဂ္ဂင် ဆိုရပါတယ်။

ဒီတော့ ဗောဓိနဲ့ ဗောဇ္ဈင်င်္ဂဟာ အပေါင်းနဲ့ အစိတ်အဖြစ်ဖြင့် ကွဲပြားကြတယ်။

သတိစသော တရားအပေါင်းနဲ့ အစိတ်သာ ဖြစ်ကြတယ်။

ဗောဇ္ဈင်အမည်ရပုံ တနည်း

တနည်းအားဖြင့် သစ္စာကို သိတတ်သောကြောင့် အရိယာဖြစ်တဲ့ ဘုရားတပည့်ကို ‘ဗောဓိ’ ဆိုရပါတယ်။

အရိယာ ဘုရားတပည့် သစ္စာသိတာ နောက်ကပြောခဲ့တဲ့ သတိစသော ခုနစ်ပါးအပေါင်းနဲ့ သိတာပါပဲ။

ဒါကြောင့် ဒီတရားအပေါင်းနဲ့ အရိယာသာဝကဟာ မကွဲမပြား တခုတည်းပါပဲ။

ဒါကြောင့်ပဲ ‘ဗောဓိ’ဆိုရတဲ့ အရိယာဘုရားတပည့်၏ အစိတ်အင်္ဂါလို့လည်း ဆိုရပါတယ်။

ဒါက ပညတ်အားဖြင့် ဗောဇ္ဈင်ဆိုရတဲ့နည်းပေါ့။

သေနင်္ဂ - စစ်တပ်အင်္ဂါ၊ ရထင်္ဂ - ရထားအင်္ဂါ အစိတ်အပိုင်း ဆိုတာလိုပါပဲ။

ဆင် မြင်း ရထား ခြေသည် အရာဝတ္ထုလေးခုအပေါင်းကို သေနာ - စစ်တပ် ခေါ်တယ်။

တကယ်တော့ ဆင် မြင်း ရထား ခြေသည် ဝတ္ထုသာ အရှိ။ စစ်တပ်ဆိုတာက ထိုလေးခုအပေါင်းကို အစွဲပြု ခေါ်ရတဲ့ အခေါ်ဝေါဟာရ ပညတ်သာ။

ဒီ ပညတ်ကလည်း သမ္မုတိအရ အရှိပဲမို့ စစ်တပ်လို့ပဲ ဆိုရပါတယ်။

အဲဒီ စစ်တပ်ရဲ့ အစိတ် ဆင် မြင်း စသည်ကိုတော့ သေနင်္ဂ - စစ်တပ်ရဲ့ အစိတ်အင်္ဂါ ဆိုပါတယ်။

ဒါလိုပဲ ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုပေါင်းမိတဲ့အခါ ‘ရထား’ဆိုတဲ့ ဝေါဟာရ ဖြစ်လာရတယ်။

တကယ်တော့ ဘီး ဝင်ရိုးစသော အစိတ်ဝတ္ထုသာ။ တကယ်အရှိ ‘ရထား’ဆိုတာက အမည်ဝေါဟာရ ပညတ်မျှပဲ။

သို့သော်လည်း ဝေါဟာရဟာ လောကသမ္မုတိ လူအများရဲ့ သမုတ်ချက်အရ အရှိပဲ။

ဒါကြောင့် ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုမိတဲ့အခါ ‘ရထား’ဆိုရပြီး၊ အစိတ်အစိတ် ဘီး ဝင်ရိုး စသည်ကိုတော့ ရထင်္ဂ - ရထား၏ အစိတ်အင်္ဂါ ဆိုရပါတယ်။

အဲဒါလိုပဲ အရိယာ ဘုရားတပည့်ဟာ ဒီတရားအပေါင်းနဲ့ သစ္စာသိတယ်။

အရိယာသာဝကဟာ တကယ်အရှိတော့ မဟုတ်ဘူး။

အဝိဇ္ဇမာန ပညတ်ခေါ်၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ ပညတ်ပါပဲ။

ဒီတရားအပေါင်း အစွဲပြု ပညတ်ထားတာဖြစ်တော့ တရားအပေါင်းရဲ့ အစိတ်ဟာ ပုဂ္ဂိုလ်၏ အစိတ်လို့လည်း ဆိုနိုင်ပါတော့တယ်။

ဒါကြောင့် ယခင် ပထမနည်းအရ သစ္စာသိကြောင်း သတိစသော တရားအပေါင်း၏ အစိတ်အပိုင်းဟုလည်းကောင်း၊ ယခုနည်းအရ သစ္စာမြင်သိ အရိယာသာဝက၏ အင်္ဂါ အစိတ်အပိုင်းဟုလည်းကောင်း ဗောဇ္ဈင်၏အနက်ကို သိရပါတယ်။

ဒါက အဋ္ဌကထာလာနည်းများ ဖြစ်ပါတယ်။

ပါဠိတော်နည်းကို ပြောကြဦးစို့။

ပါဠိတော်လာအရ ဗောဇ္ဈင်အနက်

ရဟန်းတပါးက “မြတ်စွာဘုရား ဗောဇ္ဈင်တွေ ဗောဇ္ဈင်တွေလို့ ဆိုကြပါတယ်၊ ဘယ်မျှလောက်သော အကြောင်းဖြင့် ဗောဇ္ဈင်တွေလို့ ဆိုအပ်ပါသလဲ”၊ ဤသို့လျှောက်ထားတဲ့အခါ -

“ဗောဓာယ သံဝတ္တန္တိ ခေါ ဘိက္ခု တသ္မာ ဗောဇ္ဈင်္ဂါတိ ဝုစ္စန္တိ”

ရဟန်း နိဗ္ဗာန်ကို သိခြင်းငှာ ဖြစ်ကြသောကြောင့် ဗောဇ္ဈင်တရားများဟု ဆိုရတယ်လို့ ဘုရားရှင်က ဖြေကြားတော်မူခဲ့တယ်။

ဒီ ဘုရားရှင် မိန့်ခွန်းတော်အရဆိုလျှင် ဗောဓိ - နိဗ္ဗာန်ကို သိခြင်း၏၊ အင်္ဂ - အကြောင်း၊ ဗောဇ္ဈင်င်္ဂ - နိဗ္ဗာန်ကို သိခြင်းအကြောင်းလို့ ဗောဇ္ဈင်အနက်ရလာပါတယ်။

ဒီအနက်က အမှတ်ရ လွယ်ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို သိခြင်းအကြောင်းဖြစ်တဲ့ သတိစသော တရားများကို ဗောဇ္ဈင်လို့ ခေါ်ရကြောင်း ဒီပါဠိအရ မှတ်သားဖို့ပါပဲ။


(အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဌ၊ ကျမ်းပြုအကျော်၊ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”၊ ဒုတိယအကြိမ်နှိပ်-၂၀၀၅၊ စာ ၃၇-၄၀)





Tha Pyay Kan Sayadaw _ 7 Baw Zin
ဆက်လက်ဖတ်ရှုရန်

Monday, March 16, 2009

Don't Look Down On The Defilements


Don't Look Down On The Defilements
They Will Laugh At You

By
Sayardaw U Tejaniya (Shwe Oo Min Tawya)


Sayadaw U Tejaniya began his Buddhist training as a young teenager in Myanmar under the late Shwe Oo Min Sayadaw (1913–2002). After a career in business and life as a householder, he has become a permanent monk since 1996. He teaches meditation at Shwe Oo Min Dhammasukha Tawya in Yangon, Myanmar.

part1-pp1-39


part2-pp40-65


part3-pp66-78
ဆက်လက်ဖတ်ရှုရန်

နှစ်သက်မိသော ဇင် ပုံပြင်များ (၆)

Moving Mind

Two men were arguing about a flag flapping in the wind. "It's the wind that is really moving," stated the first one. "No, it is the flag that is moving," contended the second. A Zen master, who happened to be walking by, overheard the debate and interrupted them. "Neither the flag nor the wind is moving," he said, "It is MIND that moves."

ဆက်လက်ဖတ်ရှုရန်

Thursday, March 12, 2009

Interview With Joseph Goldstein



Joseph Goldstein (born 1944) is one of the first American Vipassana teachers, co-founder of the Insight Meditation Society (IMS) with Jack Kornfield and Sharon Salzberg, contemporary author of numerous popular books on Buddhism, including Insight Meditation: The Practice of Freedom, One Dharma, etc., resident guiding teacher at IMS, and leader of retreats worldwide on insight (vipassana) and lovingkindness (metta) meditation.


The following is the video interview of Joseph Goldstein talking with Robert Wright about his life and the dhamma.



(The above video is reproduced from http://meaningoflife.tv.)
ဆက်လက်ဖတ်ရှုရန်

Tuesday, March 10, 2009

The Benefits of Meditation and Sacrifice

The Benefits of Meditation and Sacrifice
Aung San Suu Kyi


The rainy season retreat has begun. It is a time for offering robes to monks and for making special efforts toward gaining a better understanding of Buddhist values. In Burma, we look upon members of the sangha (the Buddhist religious order) as teachers who will lead us along the noble eightfold path. Good teachers not merely give scholarly sermons, they show us how we should conduct our daily lives in accordance with right understanding, right thought, right speech, right action, right livelihood, right effort, right mindfulness and right concentration.

Not long ago before my house arrest in 1989, I was granted an audience with the venerable U Pandita, an exceptional teacher in the best tradition of great spiritual mentors whose words act constantly as an aid to a better existence. U Pandita, the hole teacher, spoke of the importance of right speech. Not only should one speak only the truth, one's speech should lead to harmony among beings, it should be kind and pleasant and it should be beneficial. One should follow the example of the Lord Buddha who only spoke words that were trustful and beneficial, even if at times such speech was not always pleasing to the listener.

The holy teacher also urged me to cultivate mindfulness. Of the five spiritual faculties (ie, faith, energy, concentration, wisdom, and mindfulness), it is only mindfulness that can never be in excess. Excessive faith without sufficient wisdom leads to blind faith, while excessive wisdom without sufficient energy leads to undesirable cunning. Too much energy combined with weak concentration leads to indolence. But as for mindfulness, it is in excess, but always in deficiency. The truth and value of this Buddhist concept that holy teacher U Pandita took such pains to impress on me became evident during my years of house arrest. Like many of my Buddhist colleagues, I decided to put my time under detention to good use by practicing meditation. It was not an easy process. I did not have a teacher and my early attempts were more than a little frustrating. There were days when I found my failure to discipline my mind in accordance with prescribed meditation practices so infuriating I felt I was doing myself more harm than good. I think I would have given up but for the advice of a famous Buddhist teacher, that whether or not one wanted to practice meditation, one should do so for one's own good.

So, I gritted my teeth and kept at it, often rather glumly. Then my husband gave me a copy of Sayadaw U Pandita's book, "In this Very Life, the Liberation Teachings of the Buddha."

By studying this book carefully, I learned how to overcome difficulties of meditation and to realize its benefits. I learned how practicing meditation led to increased mindfulness in every day life and again and again. I recalled the holy teacher's words on the importance of mindfulness with appreciation and gratitude.

In my political work, I have been helped and strengthened by the teachings of members of the sangha. During my very first campaign trip across Burma, I received invaluable advice from monks in different parts of the country. In Prome, a holy teacher told me to keep in mind the hermit Sumedha, who sacrificed the possibility of early liberation for himself alone and underwent many lives of striving that he might save others from suffering. So must you be prepared to strive for as long as might be necessary to achieve good and justice, exhorted the holy teacher.

In a monastery at Pakokku, the advice that an abbot gave to my father when he went to that town more than 40 years ago was repeated to me: "Do not be frightened every time there is an attempt to frighten you, but do not be entirely without fear. Do not become elated every time you are praised, but do not be entirely lacking in elation."

In other words, while maintaining courage and humility, one should not abandon caution and healthy self-respect.

When I visited Natmauk, my father's home town, I went to the monastery where he studied as a boy.

There the abbot gave a sermon on the four causes of decline and decay: failure to recover that which had been lost; omission to repair that which had been damaged; disregard of the need for reasonable economy; and the elevation to leadership of those without morality and learning. The abbot went on to explain how these traditional Buddhist views should be interpreted to help us build a just and prosperous society in the modern age.

Of the words of wisdom I gathered during that journey across central Burma, those of a 91-year-old holy teacher of Sagaing are particularly memorable. He sketched out for me how it would be to work for democracy in Burma.

"You will be attacked and reviled for engaging in honest politics," pronounced the teacher, "But you must persevere. Lay down an investment in suffering and you will gain bliss."

Aung San Suu Kyi, Bangkok Post, September 1996.

(Original article from http://www.enabling.org/ia/vipassana/Archive/K/Kyi/meditationSacraficeKyi.html )
ဆက်လက်ဖတ်ရှုရန်

Monday, March 9, 2009

တပေါင်းလပြည့်နေ့  နှုတ်ခွန်းဆက်


ဒီနေ့  တပေါင်းလပြည့်နေ့  ဟာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဘာသာရေးနေ့ ထူးနေ့ မြတ်တစ်ခုဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်၏ ပြည်တော်ဝင်အခါတော်နေ့ လို့ လည်း သတ်မှတ်ထားကြပါတယ်။

ရန်ကုန်မှာဆိုရင်တော့ ရွှေတိဂုံစေတီတော်ကြီးရဲ့  ဗုဒ္ဓပူဇနိယပွဲတော်နေ့ ဖြစ်ပါတယ်။

လပြည့်နေ့ အခါသာမယမှာ သတ္တ၀ါတွေ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့  ပြည့်စုံကြ၍ ဓမ္မ၏ အေးငြိမ်း စစ်မှန် ချမ်းသာသော အဆုံးတိုင်လွတ်မြောက်မှုပန်းတိုင်ကို လွယ်ကူ လျင်မြန် သက်သာသော နည်းကောင်းလမ်းမြတ်ဖြင့် သိမြင်ရောက်ရှိ နိုင်ကြပါစေကြောင်း မေတ္တာပို့ သ ဆုမွန်ကောင်း တောင်းအပ်ပါသည် ခင်ဗျား။

စာဖတ်သူဓမ္မမိတ်ဆွေအပေါင်းအား တပေါင်းလပြည့်နေ့ အမှတ်တရ အဖြစ် ဓမ္မပဒ၊ မဂ္ဂ၀ဂ္ဂ မှ ကျွန်တော်အလွန်နှစ်သက်သော ဂါထာ (၃) ပုဒ်ကို ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်ခင်ဗျား။

၂၇၇။ "သဗ္ဗေ သင်္ခါရာ အနိစ္စာ" တိ၊ ယဒါ ပညာယ ပဿတိ။
အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

၂၇၇။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

277. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are transient. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

၂၇၈။ "သဗ္ဗေ သင်္ခါရာ ဒုက္ခာ" တိ၊ ယဒါ ပညာယ ပဿတိ။
အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

၂၇၈။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

278. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are suffering. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

၂၇၉။ "သဗ္ဗေ ဓမ္မာ အနတ္တာ" တိ၊ ယဒါ ပညာယ ပဿတိ။
အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
၂၇၉။ အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

279. Through Vipassana wisdom (pyin nyar) one sees by insight that all things, Dhamma are anatta which means 'no self'. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

ဝိမုတ္တိသုခ
Vimuttisukha

ဆက်လက်ဖတ်ရှုရန်

Sunday, March 8, 2009

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်



(ကျွန်တော့်အီးမေးလ်ထဲကို သူငယ်ချင်းတစ်ယောက်စီက Forward Message ၀င်လာတဲ့ ဆရာတော် ဦးဇောတိကရဲ့  “စိတ်ချမ်းသာဖို့ လိုရင်းပါ” စာအုပ်ထဲက ကောက်နှုတ်ချက်လေးတွေပါ။ ကျွန်တော်အဲဒီစာအုပ်ကို ဖတ်နေတာ မပြီးသေးပါဘူး။ ပြီးသွားမှ Point လေးတွေ ဘလော့ဂ်မှာ ရေးတင်မယ်လို့ စိတ်ကူးထားတာ။ အခု ရေးပြီးသား အဆင်သင့် ရလိုက်တော့ တော်တော်လေး အဆင်ပြေသွားတယ်။ ဓမ္မမိတ်ဆွေများကို ထပ်ဆင့်ဝေမျှပေးလိုက်ပါတယ်ခင်ဗျား။ )

====================================================================
ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ်

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့
မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို
ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို
မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ
တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း
ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး
နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ
ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၈) ` အပ္ပမာဒေန သမ္ပာဒေထ` လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကို
မမေ့ဘူး။ အရေးးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို နေ့တိုင်း
အားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ
စိတ်ချမ်းသာမယ်။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ
ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ
ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။
ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို
အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို
လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။
ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။

ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကိုပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။



စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ


Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။

Brightness: အသိဉာဏ် တောက်ပြောင်တယ်။

Cheerfulness: ရွှင်လန်းတယ်။

Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။

Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။

Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။

Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။

Forgiveness: ခွင့်လွှတ်နိုင်တယ်။

Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။

Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။

Joyousness: ကြည်လင်ရွှင်လန်းတယ်။

Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။

Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။

Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။

Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။

Peacefulness: စိတ်ငြိမ်းချမ်းတယ်။

Power: စိတ်စွမ်းအားကြီးတယ်။

Productiveness: အလုပ်များများလုပ်နိုင်တယ်။

Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ
အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်
ဖြေရှင်းရတာကို သဘောကျတယ်။


ဆက်လက်ဖတ်ရှုရန်

Friday, March 6, 2009

ခင်ပွန်းကြီး (၁၀)ပါး ကန်တော့ခန်း

PilotSayadaw-KhinPonGyi10Par

ခင်ပွန်းကြီး(၁၀)ပါး
Publish at Scribd or explore others: Religion & Spiritual eBooks buddhism


(ပိုင်းလော့ဆရာတော်ဘုရား ဗိုလ်တစ်ထောင်စေတီတော်ရင်ပြင်၌ ဟောကြားထားသော ခင်ပွန်းကြီး(၁၀)ပါး တရားတော်ကို ဒီဘလော့ဂ်ရဲ့  http://vimuttisukha.blogspot.com/2008/08/10-persons-of-khin-pon-gyi-by-pilot.html နေရာမှာ ပြန်လည် ကြည့်ရှုကြည်ညိုနာယူနိုင်ပါသည်ခင်ဗျား။)

ဆက်လက်ဖတ်ရှုရန်

သြ၀ါဒပါတိမောက် (သို့ ) မြတ်စွာဘုရားရှင်တိုင်း တို့ ၏ အဆုံးအမတော် (၄)

စိတ် (မနော) နှင့်ပတ်သက်၍ မဇ္ဈိမပဏ္ဏာသ၌ မြတ်စွာဘုရားဟောကြားထားသည်ကို ဤသို့ တွေ့ရပါသည်။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ကောင်းစွာ မဖြတ်ရသေးသော ရဟန်းသည် ဤသာသနာတော်၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းမရှိ။"

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ဘုရား၊ တရား၊ သံဃာ အကျင့်သိက္ခာတို့၌ ယုံမှား၏။ သို့လော - သို့လော တွေးတော၏။ သက်ဝင်ကြည်လင်ခြင်းမရှိ၊ သီတင်းသုံးဖော်တို့အား မကျေနပ် မနှစ်သက်သော စိတ်ရိုင်းကို၊ ရဟန်း၏ စိတ်သည် အားထုတ်ကျင့်ကြံရန် လိုက်နာရန် မတိမ်းညွှတ်။ ဤသို့ ဘုရား၌ ယုံမှား၊ တရား၌ ယုံမှားခြင်းစသည်တို့သည် စိတ်၏ ငြောင့်တံသင်း ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ အနှောင်အဖွဲ့ ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ကိုယ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ရုပ်အဆင်း၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ အလိုရှိသလောက် ဝမ်းပြည့်ရုံစားပြီး၊ အိပ်စက်ရခြင်း ချမ်းသာ၊ လဲလျောင်းနေရခြင်း ချမ်းသာ၊ ငိုက်မျဉ်းနေခြင်း ချမ်းသာတို့ကို အစဉ်အားစိုက်၍ နေ၏။ ငါသည် ဤအကျင့်သီလဖြင့် နတ်တစ်ပါးပါး ဖြစ်ရလိမ့်မည်ဟု တစ်ခုခုသော နတ်လောက၌ တောင့်တလျက် အကျင့်မြတ်ကို ကျင့်၏။ ရဟန်းတို့၊ ဤကာမဂုဏ်၌ မကင်းသော တပ်စွန်းမှုရှိခြင်း စသည်တို့ကို စိတ်၏ အနှောင်အဖွဲ့ ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို ပယ်ပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ဖြတ်ပြီးသော ရဟန်းသည် ဤသာသနာ၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းရှိပေ၏။ "

ထိုမှတစ်ပါး နေနှင့်လ တို့၏ နေနှင့်လ တို့၏ အညစ်အကြေး ငါးပါးရှိသကဲ့သို့ ပုထုဇဉ်တို့၏ စိတ်သန္တာန်တွင်လည်း အညစ်အကြေး ငါးပါးရှိကြောင်း ကြားနာဖတ်ရှုရဖူးပါသည်။

ပကတိ ပင်ကိုအားဖြင့် ကြည်လင်ရွှန်းပသော နေနှင့်လ တို့အား -

(၁) ဆီးနှင့်များ ဖုံးအုပ်သောအခါ၊
(၂) နွေဦးကာလ မြူထသောအခါ၊
(၃) တိမ်ဖုံးအုပ်သောအခါ၊
(၄) အသူရိန်နတ် ဖမ်းစားသောအခါ၊
(၅) မီးခိုးများ ဖုံးအုပ်သောအခါ။

ဤ ငါးပါးအနက် တစ်ပါးပါးက အနှောင့်အယှက်ပြုလျှင် ညှိုးမှိန်မည်းမှောင်စေတတ်သကဲ့သို့ ထို့အတူ ပကတိပင်ကိုအားဖြင့် ရွှန်းပကြည်လင်နေသောစိတ်ကိုလည်း -

(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊
(၄) မိဒ္ဓ၊
(၅) ဝိစိကိစ္ဆာ။

ဤငါးပါးတို့မှ တစ်ပါးပါးတို့က အနှောင့်အယှက်ပြုလျှင် မကြည်မလင် မရွှင်မပျ နောက်ကျိသွားလေ၏ ဟူသတည်း။ သဂါထာဝဂ္ဂဒေဝတာ သံယုတ်တွင်လည်း ဤသို့တွေ့ရသည်။

စိတ္တေန နိယျတိလောကော = စိတ်သည် လောကကို ရှေ့ဆောင်၏။
စိတ္တေန ပရိကဿတိ = စိတ်သည် လောကကို ဆွဲငင်၏။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူတိ = အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟုဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏။


(ဤဆောင်းပါးကို http://kyawkyawoo81.blogspot.com မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆက်လက်ဖတ်ရှုရန်

Thursday, March 5, 2009

သြ၀ါဒပါတိမောက် (သို့ ) မြတ်စွာဘုရားရှင်တိုင်း တို့ ၏ အဆုံးအမတော် (၃)

အရှင်အာနန္ဒာသည် သတိ အမှတ်သညာ၌ ဧတဒဂ် ရရှိထားသူ ဖြစ်၍ ထို အကြောင်းအရာများကို ကောင်းစွာ မှတ်မိလျက် ရှိသည်။

ထို အကြောင်းမှ တစ်ပါး ပါတိမောက် ပြဆိုတော်မူခြင်းကို သိလိုသော ဆန္ဒ ဖြစ်ပေါ်လေ၏။ အဘယ်ကဲ့သို့နည်း ဟူမူ အခြား အခြားသော တထာဂတ များသည် ယခုကဲ့သို့ပင် လခွဲတစ်ကြိမ်စီ ဥပုသ် ပြု၍ ဘုရားရှင်က ပါတိမောက် ပြတော် မူလေသလော။ ထို ပါတိမောက် ဒေသနာတော် များသည်လည်း ယခု ဗုဒ္ဓသခင်၏ အဆိုအမိန့် သြဝါဒများ နှင့်မတူ ကွဲပြား ခြားနားမှုများ ရှိပါသေး သလား။ ကြားနာ လိုသည်။ အာနန္ဒာ မထေရ်သည် မိမိကိုယ်တိုင် မဝေခွဲနိုင်သော သိလိုသမျှသော သံသယ ပြဿနာ အမျိုးမျိုး တို့ကို ဖြေရှင်း ဟောကြား ပေးပါရန် မြတ်စွာဘုရားသခင်အား ချဉ်းကပ် လျှောက်ထားခွင့် အထူးကိုလည်း ရရှိထားသည့် မထေရ်ဖြစ်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မေးလျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်ကြားတော်မူ၏။

“ ချစ်သား အာနန္ဒာ၊ ဝိပဿီမြတ်စွာဘုရားသည် ခုနစ်နှစ်တစ်ကြိမ် သြဝါဒပါတိမောက် ဥပုသ်ကို ပြု၏။ အဘယ့်ကြောင့်ဆိုသော် တစ်ကြိမ်ပြသော သြဝါဒသည် ခုနစ်နှစ်ပတ်လုံး တည်၏။ ထို့ကြောင့် ခုနစ်နှစ်ကြာမှ တစ်ကြိမ်မျှလောက်သော ဆုံးမသြဝါဒ ဥပုသ်ကို ပြုလေသည်။

“ ထို့အတူ သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း ခြောက်နှစ်တစ်ကြိမ် ဥပုသ် ပြုလေ၏။

“ ကကုသန်နှင့် ကောဏာဂုံဘုရားတို့သည် တစ်နှစ်တစ်ကြိမ်ကျ ဥပုသ်ကို ပြုလေ၏။

“ ကဿပမြတ်စွာဘုရားသည် ခြောက်လတစ်ကြိမ် ဥပုသ်ကို ပြုတော်မူ၏။ ။”

ဤကဲ့သို့ ထို မြတ်စွာဘုရားသခင် တို့၏ ဥပုသ် ပြုရာ အချိန် တို့မှာ ကာလ ကွာပြား ခြားနားခြင်းသာ ဖြစ်၍ အဆုံးအမ သြဝါဒ ပါတိမောက် ပြသော တရား စကားမှာကား ကွဲပြားခြင်း မရှိ၊ ထပ်တူ ထပ်မျှ ပင်တည်း “ - ဟု မိန့်တော်မူ လေသတည်း။

စိတ်ဆိုသောစိတ်နှင့် ပတ်သတ်၍ သဗ္ဗပါပဿ အကရဏံ - အစချီသော ဒေသနာတော်တွင် ဖော်ပြထားပါသည်။

“ မကောင်းမှုဟူသမျှကို ရှောင်၊
ကောင်းမှုဟူသမျှကို ဆောင်၊
စိတ်ကို စင်ကြယ်အောင်ထား၊
အဲဒါ မြတ်စွာဘုရားတို့၏ အဆုံးအမစကား။ ။ "

ယခုလို ဆောင်ပုဒ်ကလေးလုပ်၍ နှုတ်မှ တတွတ်တွတ် ရွတ်ဆိုလေ့ ရှိကြပါသည်။ ထိုမှ တစ်ဆက်တည်း အနက်အဓိပ္ပာယ်ကို ကိုယ့်ဉာဏ်နှင့်ကိုယ် စဉ်းစားကြည့်ကြသော် -


“ မကောင်းမှုဟူသမျှကို ရှောင်သည့်အခါ ဖြစ်စေ၊ ကောင်းမှုဟူသမျှကို ဆောင်သည့်အခါ၌ ဖြစ်စေ မိမိစိတ်ကို စင်ကြယ်အောင် ထားရမည်။” စိတ်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းတွင်ပင် လျှင်မြန်စွာ ပြောင်းလဲနိုင်သည် - ဆိုသော စကားကို လူတိုင်းလက်ခံနိုင်ကြပေလိမ့်မည်။ ထို့ကြောင့် စိတ်ကောင်းရှိအောင် မွေးမြူကြပါ။

(ဆက်လက်ဖတ်ရှုရန်....)

(ဤဆောင်းပါးကို http://kyawkyawoo81.blogspot.com မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆက်လက်ဖတ်ရှုရန်

နှစ်သက်မိသော ဇင် ပုံပြင်များ (၅)

It Will Pass



A student went to his meditation teacher and said, "My meditation is horrible! I feel so distracted, or my legs ache, or I'm constantly falling asleep. It's just horrible!"

"It will pass," the teacher said matter-of-factly.

A week later, the student came back to his teacher. "My meditation is wonderful! I feel so aware, so peaceful, so alive! It's just wonderful!'

"It will pass," the teacher replied matter-of-factly.


ဆက်လက်ဖတ်ရှုရန်

သြ၀ါဒပါတိမောက် (သို့ ) မြတ်စွာဘုရားရှင်တိုင်း တို့ ၏ အဆုံးအမတော် (၂)

ဓမ္မပဒ၌ သုံးဂါထာ ဆက်စပ်လျက် ဟောတော်မူထားသည့် အကြောင်းအရာကို ဗုဒ္ဓ၏ ညီတော် အာနန္ဒာ၏ ဥပုသ် ပြဿနာ ဝတ္ထုတွင် တွေ့သိ ဖတ်ရှု ရပေသည်။

သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ ဗုဒ္ဓသခင် သီတင်းသုံး နေတော်မူစဉ် အခါသမယ ဖြစ်၏။

တစ်နေ့သော် အရှင်အာနန္ဒာ မထေရ်သည် တစ်ကိုယ်တော် တစ်ပါးတည်း နေ့ သန့်စင်တော်မူစဉ် ဤသို့ စဉ်းစားမိ ပေသည်။

“ ယခု ငါတို့ သံဃာတော်များသည် လခွဲတစ်ကြိမ် ဥပုသ်နေ့ များ၌ အစည်းအဝေးပြုကာ မြတ်စွာဘုရားရှင်၏ ပါတိမောက် ပြခြင်းကို ကြားနာပြုပြင် ဆောက်တည် နေကြရသည်။ လွန်လေပြီးသော ဘုရားရှင်များ၏ လက်ထက်တော်က ယခုကဲ့သို့ပင် လခွဲတစ်ကြိမ် ဥပုသ်ပြု၍ ပါတိမောက်ကို ကြားနာရ ပေသလား။ ပါတိမောက် အဆိုအမိန့် ဒေသနာတော်များ သည်လည်း ယခုအတိုင်း ဖြစ်ပါသလား။

“ မြတ်စွာဘုရားသခင်သည် ငါတို့အား ခုနစ်ဆူသော ဘုရားရှင်တို့ ဗုဒ္ဓဝင်ကို ဟောကြားတော် မူခဲ့ပြီ၊ ထို ဘုရားရှင်တို့၏ တစ်ဆူနှင့်တစ်ဆူ မတူ ကွဲပြားကြသော အကြောင်းအရာများ ကိုလည်း ကြားနာ ခဲ့ကြရသည်။

ဥပမာအားဖြင့် -

၁။ ဝိပဿီမြတ်စွာဘုရား။ ။ ၉၁ ကမ္ဘာ၌ ပွင့်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီပြည်၌ ဖွားမြင်တော်မူသည်။ ခမည်းတော် မယ်တော်ကာ ဗန္ဓုမတီမင်းကြီးနှင့် ဗန္ဓုမတီမိဖုရားကြီးဖြစ်၏။ နန္ဒ၊ သုနန္ဒ၊ သီရိမာ မည်သော နန်းမသုံးဆောင်၌ သုဒဿနာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ရှစ်ထောင် မင်း၏ စည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သမဝတ္တက္ခန္ဓကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လမျှ ကျင့်တော်မူ၍ သခွတ်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ခုနစ်ယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ရှစ်သောင်း ဖြစ်၏။

၂။ သိခီမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အရုဏဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အရုဏမင်းကြီးနှင့် ပဘာဝတီမိဖုရားကြီး တို့ဖြစ်၏။ သုစန္ဒက၊ ဂိရိ၊ ဝိသဘ ရွှေနန်းသုံးဆောင်၌ သဗ္ဗကာမာဒေဝီ မည်သော မိဖုရားနှင့် အနှစ်ခုနစ်ထောင်မျှ မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား အတုလကုမာရ ဖြစ်၏။ ဆင်ယာဉ်ကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ သရက်ဖြူပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ အဘိဘူမထေရ်နှင့် သမ္ဘဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ခေမင်္ကရမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် သုံးယူဇနာ ရှိ၏။ သက်တမ်းကား အနှစ်ခုနစ်သောင်း ဖြစ်၏။

၃။ ဝေဿဘူမြတ်စွာဘုရား။ ။ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူ၏။ အနောမမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုပ္ပတီတမင်းကြီးနှင့် ယသဝတီမိဖုရားကြီး တို့ဖြစ်၏။ ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန ရွှေနန်းသုံးဆောင်၌ သုစိတ္တာဒေဝီမိဖုရားနှင့် အနှစ်ခြောက်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သုပ္ပဗုဒ္ဓမင်းသား ဖြစ်၏။ ရွှေထမ်းစင်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ အင်ကြင်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်ခြောက်သောင်း ဖြစ်၏။

၎။ ကကုသန်မြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ခေမဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ အဂ္ဂဒတ္တပုဏ္ဏားကြီးနှင့် ဝိသာခါပုဏ္ဏေးမ တို့ဖြစ်၏။ ကာမပြာသာဒ်၊ ကာမဝဏ္ဏပြာသာဒ်၊ ကာမသုဒ္ဓိပြာသာဒ် သုံးဆောင်၌ ရောစိနီမည်သော ပုဏ္ဏေးမနှင့် အနှစ်လေးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဥတ္တရကုမာရ ဖြစ်၏။ ရထားယာဉ်ကို စီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ရှစ်လကျင့်တော်မူ၍ ကုက္ကိုပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဝိဓူရမထေရ်နှင့် သဉ္စီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ ကွန့်မြူး၏။ သက်တမ်းကား အနှစ်လေးသောင်း ဖြစ်၏။

၅။ ကောဏာဂုံမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ သောဘဝတီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ယညဒတ္တပုဏ္ဏားကြီးနှင့် ဥတ္တရာပုဏ္ဏေးမ တို့ဖြစ်၏။ တုသိတပြာသာဒ်၊ သန္တိသိတပြာသာဒ်၊ သန္တုဋ္ဌပြာသာဒ် သုံးဆောင်၌ ရုစိဂတ္တာမည်သော ပုဏ္ဏေးမနှင့် အနှစ်သုံးထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား သတ္တဝါဟကုမာရ ဖြစ်၏။ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်လကျင့်တော်မူ၍ ရေသဖန်းပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ဘိယျောသမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောတ္ထိဇမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်သုံးသောင်း ဖြစ်၏။

၆။ ကဿပမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ဗာရာဏသီမြို့၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ ဗြဟ္မဒတ္တပုဏ္ဏားကြီးနှင့် ဓနဝတီပုဏ္ဏေးမ တို့ဖြစ်၏။ ဟံသပြာသာဒ်၊ ယသပြာသာဒ်၊ သိရိနန္ဒပြာသာဒ် သုံးဆောင်၌ သုနန္ဒာမည်သော ပုဏ္ဏေးမနှင့် နှစ်ပေါင်းနှစ်ထောင် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ဝိဇိတသေနကုမာရ ဖြစ်၏။ စံနန်းပြာသာဒ်တော်နှင့်ပင် ကောင်းကင်ခရီးဖြင့် တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခုနစ်ရက်မျှကျင့်တော်မူ၍ ပညောင်ပင် ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ တိဿမထေရ်နှင့် ဘာရဒွါဇမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သဗ္ဗမိတ္တမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား အပိုင်းအခြား မရှိ။ သက်တမ်းကား အနှစ်နှစ်သောင်း ဖြစ်၏။

၇။ ဂေါတမမြတ်စွာဘုရား။ ။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူ၏။ ကပိလဝတ်နေပြည်တော်၌ ဖွားမြင်တော်မူ၏။ ခမည်းတော် မယ်တော်မှာ သုဒ္ဓေါဒနမင်းကြီးနှင့် မဟာမာယာမိဖုရားကြီး တို့ဖြစ်၏။ ရမ္မ၊ သုဘ၊ သုရမ္မဟူသော နန်းမသုံးဆောင်၌ ယသော်ဓရာမိဖုရားနှင့် ဆယ့်သုံးနှစ် မင်းစည်းစိမ်ကို ခံစားတော်မူ၏။ သားတော်ကား ရာဟုလာ ဖြစ်၏။ ကဏ္ဍကမြင်းကိုစီး၍ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ဗောဓိဝယ် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူ၏။ အဂ္ဂသာဝက အစုံမှာ ရှင်သာရိပုတ္တရာမထေရ်နှင့် ရှင်မဟာမောဂ္ဂလာန်မထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ညီတော်အာနန္ဒာမထေရ် ဖြစ်၏။ ပကတိရောင်ခြည်တော်ကား ကိုယ်တော်၏ အလံနှင့် ညီမျှစွာ လေးတောင်ခန့် ပျံ့နှံ့၍ တည်၏။ သက်တမ်းကား အနှစ်တစ်ရာ (၁၀၀) ဖြစ်၏။

ထိုကဲ့သို့ မြတ်စွာဘုရားသခင်သည် မိမိ၏ ဘဝ ဖြစ်စဉ်နှင့် တကွ အခြားသော ဗုဒ္ဓ ကိုယ်တော်များ၏ ဗုဒ္ဓဝင် ကို ဟောကြားတော် မူဖူး၏။

(ဆက်လက်ဖတ်ရှုရန်....)


(ဤဆောင်းပါးကို http://kyawkyawoo81.blogspot.com မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)


ဆက်လက်ဖတ်ရှုရန်

Tuesday, March 3, 2009

Light Kasina Meditation 1 (အလင်းကသိုဏ်း အားထုတ်ပုံ အပိုင်း ၁)

(အောက်ဖော်ပြပါ အကြောင်းအရာသည် လွန်ခဲ့သော (၄)နှစ်ခန့် က ဓမ္မမိတ်ဆွေတစ်ဦးနှင့် Online နေရာတစ်ခုတွင်မေးမြန်းဆွေးနွေးဖြစ်ခဲ့သော အကြောင်းအရာကို အမှတ်တရအနေဖြင့် ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။)

Me: Can you explain me how to attain 4th Step of Jhana through practicing "Breath In-Breath Out Meditation" or through practicing "Light Kacina"?

Friend: I think "Light Kasina" or "Light Spot Meditation" will be better.

There are 5 Jhanas in that 'A Lin Ka Thine' or 'light kasina'.

Choose a room of average space. Close all windows and doors. Make sure there is enough air circulating the room. And average temperature is also needed not to be distracted. The room should be dark. And initial step should be practised at night. So that darkness is sure.

Then create a light spot of 2 feet size. There may be rim of light around the margin and it is not very important. The distinction is that between the centre of the spot and outside of the spot are completely different. That is total darkness and brilliant light spot.

Before the practise make yourself sure that you do not have any attachment to anything. That is all your personal matter should be put aside. Make clean your body. Have a nice bath. Cut nails and hair and mouthstache, beard etc. Make sure you do not have sexual desire at least a day before. When you do not have any small distraction (like I have a duty to call my children etc etc).

Your aim is that you have to clean all your mind. This means that your mind at any time is cleaned. Clean means 'free of akusala' or unwholesome thoughts and actions. This is the main aim of Jhana. Take 8 special precepts. This 8 special precepts is not 8-Par-Thi-La. This 8 special precepts for Jhana is

1. not killing
2. not stealing
3. free of sex thoughts (not kamesumicchaacara only)
4. not telling lie
5. not telling harsh speech
6. not telling divisive speech
7. not telling non-sense story
8. living on right livelihood

As soon as you have done all these, you are ready to start the Jhana Journey.

Step 1:

Prepare 'The Circle of Light Spot' as I said above.

Sit in a position which suits you to sit for a long time say at least 1 hour without any movement. Otherwise there will be distractions.

You have not to be too close to the light spot. And equally you have not to be too far from the light spot. You should be (your eyes) should be 2 feet away from the right centre of the light spot.

Put the mind right at the centre with un-closing eyes. There may be many thoughts. Do not worry at earlier stages. Just pass them. Eyes may become fatigue. But try it. Look at all the details of the light spot.

Think or put your mind on the light spot only. Your mind will be wandering around the light spot. If this happen it is good. Otherwise try to put the mind to the light spot again and again.

The reason to be not too far and not too near is that to prevent distraction.



(to be continued.....)
ဆက်လက်ဖတ်ရှုရန်

သြ၀ါဒပါတိမောက် (သို့ ) မြတ်စွာဘုရားရှင်တိုင်း တို့ ၏ အဆုံးအမတော် (၁)


ခန္တီပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

တိတိက္ခာ = သည်းခံခြင်း ဟုဆိုအပ်သော၊ ခန္တီ = သည်းခံခြင်း ခန္တီသည်၊ ပရမံ = မြတ်သော၊ တပေါ = အကျင့်တည်း၊ နိဗ္ဗာနံ = ကိလေသာမှ ငြိမ်းခြင်း နိဗ္ဗာန်ကို၊ ပရမံ = မြတ်၏ ဟူ၍၊ ဗုဒ္ဓါ = ဘုရား ပစ္စေက ဗုဒ္ဓါတို့သည်၊ ဝဒန္တိ = ဟောကြားတော် မူကြကုန်၏။ ပရူပဃာတီ = သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲလေ့ ရှိသောသူသည်၊ ပဗ္ဗဇိတော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။ ပရံ = သူတစ်ပါးကို၊ ဝိဟေဌ ယန္တော = ညှဉ်းဆဲသောသူသည်၊ သမဏော = ရဟန်းမည်သည်၊ နဟောတိ = မဖြစ်။

အငြိုငြင် အဆင်းရဲခံရခြင်း၊ သည်းခံခြင်းသည် အမြတ်ဆုံးသော အကျင့်ဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးဟု ဘုရားရှင်တို့ ဟော၏။ သူတစ်ပါးအား သတ်ပုတ်သော ရဟန်းဟူ၍ မရှိ။ သူတစ်ပါးအား နှိပ်စက်သော သူမြတ်၏ဟူ၍ မရှိ။


သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သ စိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။

သဗ္ဗပါပဿ = အလုံးစုံသော အကုသိုလ်ကို၊ ယံအကရဏံ = အကြင် မပြုခြင်း သည်လည်းကောင်း၊ ကုသလဿ = ကုသိုလ်ကို၊ ယာဥပသမ္ပဒါ = အကြင် ပြည့်စုံစေခြင်း လည်းကောင်း၊ ယံသစိတ္တ ပရိယောဒပနံ = အကြင် မိမိစိတ်ကို ဖြူစင်စေခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤ အလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏၊ သာသနံ= အဆုံးအမတော်တည်း။

ခပ်သိမ်းသော မကောင်းမှုတို့ကို ကြဉ်ရှောင်ခြင်း၊ ကောင်းမှုကို ဆည်းပူးခြင်း၊ မိမိ၏ စိတ်ကို စင်ကြယ်စေခြင်း ဤသည်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။



အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသ္မိံ၊
ပန္တဉ္စသယနာသနံ။
အဓိစိတ္တေစ အာယောဂေါ။
ဧတံ ဗုဒ္ဓါန သာသနံ။

အနုပဝါဒေါ = မစွပ်စွဲ မကဲ့ရဲ့ခြင်းသည် လည်းကောင်း၊ အနုပဃာတော = မညှဉ်းဆဲ မသတ်ဖြတ်ခြင်းသည် လည်းကောင်း၊ ပါတိမောက္ခေ = အကြီးဖြစ်သော ပါတိမောက္ခေ သံဝရသီလ၌၊ သံဝရော = စောင့်စည်း ပိတ်ပင်ခြင်းသည် လည်းကောင်း၊ ဘတ္တသ္မိံ = ဆွမ်းဘောဇဉ်၌၊ မတ္တညုတာစ = အတိုင်းအရှည်ကို သိသည်၏ အဖြစ်သည် လည်းကောင်း၊ ပန္တဉ္စသယနာသနံ = ဆိတ်ငြိမ်ရာ ဖြစ်သော ကျောင်း၌ နေခြင်းသည် လည်းကောင်း၊ အဓိစိတ္တေ = ရှစ်ပါးသော သမာပတ်ဟု ဆိုအပ်သော စိတ်ကို အစိုးရခြင်း အဓိစိတ္တ သိက္ခာ၌၊ အာယောဂေါစ = လုံ့လပြုခြင်းသည် လည်းကောင်း၊ အတ္ထိ = ရှိ၏၊ ဧတံ = ဤအလုံးစုံသည်၊ ဗုဒ္ဓါနံ = မြတ်သောဘုရားတို့၏၊ သာသနံ = အဆုံးအမတော်တည်း။

မကဲ့ရဲ့ အပြစ်မတင်ခြင်း၊ မသတ်ပုတ် မညှဉ်းဆဲခြင်း၊ ရဟန်းတို့၏ ပါတိမောက် အကျင့်သီလကို စောင့်စည်းခြင်း၊ ဆွမ်း၌ အတိုင်းအရှည်ကို သိခြင်း၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာသို့ ကပ်ခြင်း၊ သမာဓိတရား၌ လုံ့လပြုခြင်း ..ဤသည်ပင်လျှင် ဘုရားရှင်တို့၏ အဆုံးအမတော်တည်း။

ဆက်လက်ဖတ်ရှုရန်