Friday, January 30, 2009

Different Aspects Of Loving-Kindness (Metta) (13) မေတ္တာနှင့် စပ်သမျှ အပိုင်း (၁၃)

Loving-kindness Meditation
By
Ven. Pannyavaro



To Download Dhamma Audio (1)

To Download Dhamma Audio (2)


About Ven. Pannyavaro

Venerable Pannyavaro is an Australian Buddhist monk who has devoted his life to the meditational aspects of the Buddha's teachings. During his meditation training he practiced under several meditation masters in Sri Lanka and Burma including Venerable Sayadaw U Janaka of Chanmyay Meditation Centre, Rangoon, who is the foremost disciple of the renowned Burmese meditation master, the late Venerable Mahasi Sayadaw.

Pannyavaro was involved in the beginnings of a number of the very early Buddhist communities in Australia. He later received full ordination at Wat Borvornivet in Bangkok under Venerable Phra Nyanasamvarva, the Sangha Raja of Thailand.

For the past twenty-five years, he has from time to time studied and practiced meditation in most of the major Theravada Buddhist countries, including long periods of intensive practise of Satipatthana-Vipassana meditation at the Mahasi Sayadaw centres in Burma.

As a Western meditation teacher, Ven. Pannyavaro naturally empathizes with the concerns and needs of meditators in their own culture. His long training and life experience combine to bring a practical in-depth approach to the teaching of insight (vipassana)meditation in contemporary life.

Pannyavaro is the resident teacher with the Buddha Dharma Education Association at its Centre at Surry Hills in Sydney and gives retreats from time to time at the Blue Mountains Insight Meditation Centre, Medlow Bath.

If you would like to develop your meditation practice further with this teacher, please free to contact Buddha Dharma Education at the contact information below. In this way you'll received information on meditation classes, workshops and longer retreats.


ဆက်လက်ဖတ်ရှုရန်

ဆားတောင်ဆရာတော်ဘုရားကြီး၏ ဆုံးမသြ၀ါဒ

ဆားတောင်ဆရာတော်ဘုရားကြီး၏ ဆုံးမသြ၀ါဒ


  • အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတရားသုံးပါးဖြစ်တယ်။
  • လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
  • ပြောတိုင်းမရ စိတ်မညစ်နှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
  • ကြံတိုင်းမမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
  • ဆင်းရဲကြုံမူ သည်းခံခွင့်လွှတ် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
  • ပျက်စီးတိုင်းလည်း စိတ်မပျက်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
  • အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
  • အရာရာမျိုး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
  • သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
  • ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။

(ဤဆုံးမစာကို ကိုငြိမ်းလွင်၏ ကျေးဇူးပြုမှုဖြင့် မိုးမခမီဒီယာမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ လင့်ခ်ပေးသော ကိုငြိမ်းလွင်ကို အထူးကျေးဇူတင်ပါသည်။)

(ဆရာတော်ကြီး၏ နောက်ဆုံးခရီးမှတ်တမ်းဓာတ်ပုံများကို ဤဘလော့ဂ်၏ http://vimuttisukha.blogspot.com/2008/07/maha-parinibbana-of-venerable-sar-taung.html တွင် ပြန်လည်ကြည့်ရှုကြည်ညိုနိုင်ပါသည်။)


ဆက်လက်ဖတ်ရှုရန်

Thursday, January 29, 2009

Daily Readings From The Buddha's Words Of Wisdom

Daily Readings From The Buddha's Words Of Wisdom
Edited By Venerable S. Dhammika



To Download Dhamma Book


ဆက်လက်ဖတ်ရှုရန်

Tuesday, January 27, 2009

ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သြ၀ါဒ (၄) ပုဒ်

စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး
ဆုံးမသြ၀ါဒများ




သြ၀ါဒ အမှတ် (၁)

အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့ လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။


သြ၀ါဒ အမှတ် (၂)

ပျက်လျှင်ကားပြင်
ပျောက်လျှင်ဖွေရှာ
ချွေတာသုံးဘိ
ဉာဏ်ရှိလူအား အမှူးထား
လေးပါးကြီးပွားကြောင်း။

သြ၀ါဒ အမှတ် (၃)

တံမြက်လှည်းက၊ စိတ်ကြည်ရ၊ နှစ်ဝသူရောကိုယ်ပါတည်း။
ဉာဏ်ဓာတ်ပွင့်လင်း၊ တံမြက်ရှင်း၊ လက်ငင်းရသော အကျိုးတည်း။
သန့် ရှင်းတတ်က၊ ကျန်းမာကြ၊ မုချရသော အကျိုးတည်း။
သန့် ရှင်းကလျှင်၊ နတ်လူပင်၊ လန်းရွှင်ဝမ်းသာဖြစ်သတည်း။
ဆူးငြောင့်ခလုတ်၊ ပယ်ရှင်းနုတ်၊ ကင်းပြုတ်ဘေးဒဏ် ရန်ပေါင်းတည်း။
အရှုပ်မြက်မှိုက်၊ သုတ်သင်လိုက်၊ ဖြစ်ထိုက် နတ်လူ လှချောတည်း။
လှချော လူနတ်၊ ဖြစ်တုံလတ်၊ ဉာဏ်ဓာတ် သူ့ ထက် ထွန်းလိမ့်တည်း။
နောက်ဆုံးကာလ၊ နိဗ္ဗာန်ရ၊ ဒုက္ခခပ်သိမ်း ကင်းလိမ့်တည်း။
ဗုဒ္ဓမိန့် ဟ၊ ကျမ်းဂန်မှ၊ ထုတ်ပြ ရှင်လူ ကောင်းကျိုးတည်း။

သြ၀ါဒ အမှတ် (၄)

အေး၊ ချို၊ ဆိမ့်၊ ဖန် စားသုံးပြန်
လေးလံ ကိုယ်ခန္ဓာ။
ချဉ်၊ ငန်၊ စပ်၊ ခါး စားသုံးငြား
ပေါ့ပါး ကိုယ်ခန္ဓာ။

(မြတ်မင်္ဂလာ ၁၊ ၂၀၀၉ စာစောင်မှ ကူးယူဖော်ပြပါသည်။)


ဆက်လက်ဖတ်ရှုရန်

Monday, January 26, 2009

တောင်ပုလုဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ

တောင်ပုလုဆရာတော်ကြီး


ဆုံးမသြ၀ါဒ



  • လူတို့ သည် သေခါနီးအချိန်သို့ ရောက်သောအခါ ရောဂါဝေဒနာ ခံစားမှုဆုတ်ယုတ်လျေားပါးသွားပြီး စိတ်နှလုံးတွင် ရောဂါဝေဒနာခံစားမှုထက် သေရမည့်ဘေးကိုတွေးကာ ကြောက်ရွံ့သည့်စိတ်များ ပေါ်ပေါက်လာတက်သည်။

  • ထိုသို့် ပေါ်ပေါက်လာသောအခါတွင် မြတ်စွာဘုရားသခင် အနတ္တလက္ခဏသုတ်၌ ဟောကြားတော်မူသည့် အတိုင်း ငါ 'မဟုတ၊် ငါ '၏ဥစ္စာမဟုတ်၊ ငါ '၏ ကိုယ်မဟုတ် ဟူ၍ ဟုတ်တိုင်းမှန်စွာ သိရှိပြီး ခပ်သိမ်းသော သင်္ခါရသဘောတရားတို့ သည် ဖြစ်ပြီးလျှင် မုချဧကန် အမှန်ပင် ပျက်စီးခြင်းသဘောရှိသည်ဟု စိတ်နှလုံးသွင်းသင့်သည်။

(http://kyawkyawsoe-monywa.blogspot.com မှ ပြန်လည်ကူးယူဖော်ပြ ကြည်ညိုခြင်းဖြစ်ပါသည်။)


ဆက်လက်ဖတ်ရှုရန်

Sunday, January 25, 2009

ကိုယ့်ကိုယ်ကိုချစ် လူအစစ်

ကိုယ့်ကိုယ်ကိုချစ် လူအစစ်

ရွှေဥမင်ဆရာတော်ကြီး

“အင်း..ပညာတတ် လူငယ်တွေပဲ၊ အရိပ်ပြရင် အကောင် ထင်မှာပါ။ ပုံပြင်လို့ပဲ ထားပါ တော့။ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပျားရည်သည်၊ နောက်တစ်ယောက်က ပျားရည် ၀ယ်မယ့်သူ ဖြစ်တယ်။ ပျားရည်သည်က သူ့ပျားရည်စစ်လို့ ဈေးကြီးတယ်တဲ့။ ပျားရည် ၀ယ်မယ့်သူက ဈေးကြီးပါစေ၊ ပျားရည်သာ စစ်ရင် ၀ယ်မယ်၊ ပျားရည်စစ်မစစ် စမ်းတဲ့နည်းတွေ အများကြီးရှိတယ်။ အလွယ်ဆုံးနည်းက ခွေးကို ကျွေးကြည့် မယ်။ ပျားရည်ကချိုပေမယ့် သိပ်ပူလို့ပျားရည်စစ်ရင် ခွေးမစားနိုင်ပါဘူး။ ပျားရည်သည် ကလည်း ကြိုက်တဲ့နည်း နဲ့ စမ်းပါတဲ့။ ဒါကြောင့် ပျားရည်ဝယ်မယ့် သူက သူ့ခွေးကို ပျားရည် ကျွေးကြည့်ပါတယ်။ခွေးကလည်း စားပါတယ်။ သည်တော့ ပျားရည်ဝယ်မယ့်သူက ပျားရည်သည်ကို မင်းပျားရည်က မစစ်လို့ခွေးစားတယ်။ ဒါကြောင့်မ၀ယ်နိုင်ဘူး လို့ပြောပါတယ်။ သည်တော့ ပျားရည်သည်က ငါ့ပျားရည်ကစစ်တယ်။ မင်းရဲ့ခွေးက မစစ်တာ လို့ပြန်ပြောပါတယ်။ သည်တော့ ပျားရည် ၀ယ်မယ့်သူဟာ ပျားရည်သည်နဲ့ကိုယ့်ခွေး စစ်ကြောင်း ဖက်ပြိုင်ငြင်းပြီး နေစရာ လိုပါဦးမလား။ ပျားရည်မစစ်ရင် မ၀ယ် တော့ရုံပါပဲ။ ကိုယ့်ခွေးက ခွေးစစ်ကြောင်း ဖက်ပြိုင်ငြင်းနေစရာ မလိုတော့ပါဘူး။ အများညီရင် ဤကိုကျွဲလို့ ဖတ်လို့ရတယ် ဆိုပေမယ့်လည်း ကျွဲကြီးကို ဤ လို့ပြောတိုင်း ကျွဲကြီးကတော့ ပုံပြောင်းမသွားနိုင်ပါဘူး။ ပျားရည်သည်များကစုပြီး မင်းရဲ့ခွေးက မစစ်တာလို့ ၀ိုင်းပြောတိုင်းလည်း သက်ရှိခွေးက အစစ်ကနေ အတု ဖြစ်မသွား နိုင်တဲ့အတွက် ပျားရည်ဝယ်မည့်သူဟာ ဘာမှ ကြောက်ရွံ့ အားငယ်နေစရာ မလိုပါဘူး။ ဒါပေမယ့် ပျားရည်ကတော့ မစစ်ရင် ခွေးစားခံရပါမယ်။

လူဆိုတာလည်း လူမစစ်ရင် ငရဲခွေး စားခံရပါလိမ့်မယ်။ လူစစ်မစစ် သိချင်ရင် ကိုယ့်ကိုယ်ကို ချစ်မချစ် ကြည့်ရုံပါပဲ။ ကိုယ့်ကိုယ်ကိုချစ် လူအစစ်တဲ့။ အဲဒါဟာ အတ္တကြီးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြပေမယ့် တကယ်တော့ ခံစားစရာအာရုံ ငါးပါးကိုပဲ ချစ်နေကြတာပါ။ ကိုယ့်ရောဂါနဲ့ မတည့်တာ တွေကို စားတယ်။ အန္တရာယ်ရှိတဲ့ ခရီးကို သွားတယ်။ လတ်တလော အဆင်ပြေရင် ပြီးရော သံသရာ နစ်မွန်းကြောင်း မကောင်းမှုတွေကို လုပ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာ ရောက်ပါတယ်။ ကိုယ့်ကိုယ်ကို မချစ်လို့လူမစစ်ရင် ငရဲခွေးစားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုချစ်ရင် လူကောင်း လူတော် ဖြစ်အောင် ကြိုးစားရမယ်။ သက်ရှည်ကျန်းမာအောင် နေထိုင်ရမယ်။ နောင်ဘ၀မှာ သုံးဆယ့်တစ် ဘုံရဲ့ အောက်ဆုံးဘုံများဖြစ်တဲ့ အပါယ်လေးပါး မကျရောက်အောင် ငါးပါး သီလကို စောင့်ထိန်းရမယ်။ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရာမှန် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်ဖို့ ၀ိပဿနာ ဘာဝနာများ ပွားများ အားထုတ် ကြရမယ်”

(The above dhamma note was reproduced from http://khunmyahlaing.blogspot.com/).


ဆက်လက်ဖတ်ရှုရန်

Different Aspects Of Loving-Kindness (Metta) (12) မေတ္တာနှင့် စပ်သမျှ အပိုင်း (၁၂)

Interpretation Of Metta Sutta
By
Venerable Dhamma Ceti Sayardaw

မေတ္တာသုတ်ကိုဖွင့်ဆိုခြင်း
ဓမ္မစေတီဆရာတော် ဦးကောသလ္လ




Dhamma Tape 1

Dhamma Tape 2

Dhamma Tape 3

Dhamma Tape 4


(These dhamma tapes are downloaded from http://www.lknt.org/)


ဆက်လက်ဖတ်ရှုရန်

Friday, January 23, 2009

Three Kinds Of Buddhists - ဗုဒ္ဓဘာသာသုံးမျိုး

ဗုဒ္ဓဘာသာသုံးမျိုး

သူငယ်တော်တောရဆရာတော်
တံတားဦးမြို့ နယ်၊ သူငယ်တော်ရွာ
  • အောက်တန်း ဗုဒ္ဓဘာသာ၊ အလယ်တန်း ဗုဒ္ဓဘာသာ၊ အထက်တန်း ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ သုံးမျိုးရှိတယ်။
  • ကံနဲ့ ကံ၏အကျိုးကို ယုံကြည်တဲ့အဆင့်ဟာ အောက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။
  • အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ-အစိုးမရဘူးလို့  လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီးတော့ ဉာဏ်ထဲမှာ ဆင်ခြင်တဲ့သဘောကတော့ အလယ်တန်းဗုဒ္ဓဘာသာ၊
  • မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး သစ္စာလေးပါးကို မြင်သွားတဲ့အဆင့်ကတော့ အထက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။
  • အောက်တန်း၊ အလယ်တန်း အဆင့်မျှနဲ့ ပဲ အားရတင်းတိမ်မနေကြဘဲ အထက်တန်း ဗုဒ္ဓဘာသာဝင် တွေဖြစ်အောင် ယောဂီသူတော်စင်တွေအားလုံး ကျင့်ကြံအားထုတ်ကြရမယ်။

(နေ့ စဉ်ဟောပြသြ၀ါဒ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။)


ဆက်လက်ဖတ်ရှုရန်

Thursday, January 22, 2009

ရုပ်နာမ်ဓမ္မဆင်ခြင်ရန်

ရုပ်နာမ်ဓမ္မဆင်ခြင်ရန်

ဝတ်ချက်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ

၁။ သိသမျှနာမ် ဖောက်ပြန်တာရုပ် ငါမဟုတ် နာမ်-ရုပ်အစုပါတကား။

၂။ ရုပ်နာမ်နှစ်ဖြာ ဤခန္ဓာ တဏှာကံစသည်တို့ ကြောင့် ဖြစ်ကုန်ပါတကား။

၃။ ဖြစ်ပြီးပျက်ပြန် ဤရုပ်နာမ် အမှန်အနိစ္စတို့ ပါတကား။

၎။ မပြတ်ဖြစ်ပျက် နှိပ်စက်ဖန်ဖန် ဤရုပ်နာမ် အမှန်ဒုက္ခတို့ ပါတကား။

၅။ တိတ္ထိကြံဆ အတ္တမပါ လိုရာအကြိုက် မလိုက်တတ်ပြန် ဤရုပ်နာမ် အမှန်အနတ္တတို့ ပါတကား။

၆။ လောလောပူပြင်း သံအိုးကင်း၌ ထည့်သွင်းနှမ်းတု ဖျစ်ဖျစ်ပြုသို့  ငါဟုပညတ် ရုပ်နာမ်ဓာတ်တို့ ဆတ်ဆတ်မုချ ပျက်ကုန်ကြသည် အနိစ္စ ဒုက္ခ အနတ္တ တို့ ပါတကား။

၇။ မတည်မရပ် ရှေ့ နောက်စပ်၍ မပြတ်ဖြစ်ချုပ် နာမ်နှင့်ရုပ် အဟုတ် အသစ်အသစ်တို့ ပါတကား။

၈။ နေရောင်ခြည်ကြောက် ဆီးနှင်းပေါက်တို့  ခန်းခြောက်အလား ရုပ်နာမ်များသည် ပျက်ပြားမြန်လှချေတကား။

၉။ ရေပြင်အထက် ဥဖောင်းတတ်သည့် ရေပွက်အလား ရုပ်နာမ်များသည် ပျက်ပြားမြန်လှချေတကား။

၁၀။ ရေပြင်ဖွေးဖွေး ဒုတ်ဖြင့်ရေးသည့် ရေးရေးအလား ရုပ်နာမ်များသည် ပျက်ပြားမြန်လှချေတကား။

၁၁။ ပွတ်ဆောက်ဖျားလျှင် မုံညင်းတင်က လိမ့်စဉ်အလား ရုပ်နာမ်များသည် ပျက်ပြားမြန်လှချေတကား။

၁၂။ ကောင်းကင်ထိပ်ခေါင် မိုဃ်းတိမ်တောင်မှ လျှပ်အရောင်အလား ရုပ်နာမ်များသည် ပျက်ပြားမြန်လှချေတကား။

၁၃။ အာရုံ အာရမ္မဏိက ဓမ္မအားလုံး ကုန်ဆုံးပျက်ဆီး လောကကြီးသည် အချည်းအနှီးသော သဘောတရားတို့ ပါတကား။

၁၄။ လွန်လေနာမ်ရုပ် ကုန်ချုပ်ခဲ့ပြီ ခုလည်းတဖန် ရုပ်နှင့်နာမ်တို့  အမှန်ချုပ်ဆဲ နောင်လဲမသွေ ရုပ်နာမ်တွေကို ပျက်ကြေကုနှ်ဆုံး ချုပ်လိမ့်အုံးမည် ရွှင်ပြုံးမရှိ ကြောက်ဖွယ်ဘိပါတကား။


ဆက်လက်ဖတ်ရှုရန်

Wednesday, January 21, 2009

ဧည့်သည် - The Guest (The Most Famous Dhamma Poem In Myanmar Buddhism Society)

ဧည့်သည် (THE GUEST)

  • လာတုံးကလဲ၊ တစ်ယောက်ထဲနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
  • ပြန်သွားတော့လဲ၊ တစ်ယောက်ထဲနော်၊ လက်တွဲခေါ်ကာ၊ ဖော်မပါဘူး၊ ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
  • လာပြီးတော့နား၊ မသွားသေးခင်၊ ချိန်လေးတွင်မှ၊ ၀န်းကျင်းယှက်နွယ်၊ နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ။
  • မလိုဒေါသ၊ လိုလောဘနှင့်၊ ဘ၀ရိပ်မြုံ၊ ကကြိုးစုံခဲ့၊ ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ၊ သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊ တို့ လျင် ဧည့်သည်ပါတကား။

(I think this poem was written By Venerable Min Gun Sayardaw Gyi but it is not sure. And there was an English translation to this poem by U Moe Hein (Son Of Journal Gyaw U Chit Maung). If anyone who has this English Translation, we cordially invite to share with us. Regards /Vimuttisukha)


ဆက်လက်ဖတ်ရှုရန်

Tuesday, January 20, 2009

The Highest Noble Properties Of Three Gems - Part 6 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၆)

မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏
သံဃာဂုဏ်တော်မြန်မာပြန်

သံဃာဂုဏ်တော် (၉)ပါး ဘုရားရှိခိုး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂဝတော သာဝကသံဃော၊
အာဟုနေယျော
ပါဟုနေယျော၊
ဒက္ခိနေယျော၊
အဉ္စလိကရဏီယော
အနုတ္တရံ ပုညက္ခေတံ္တ လောကဿ။

သုပ္ပဋိပန္နဂုဏ်တော် အဖွင့်

ဘုရားဆုံးမတိုင်းသာ လိုက်နာပါ၍ ကျင့်ရှာသည့်ပြင် ပြစ်မမြင်လတ်သည့် အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကောင်းကောင်းကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် သုပ္ပဋိပ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ဥဇုပ္ပဋိပန္နဂုဏ်တော် အဖွင့်

တင်းလွန်း ရော့လွန်းသည် အစွန်းနှစ်စွန်းသို့ မတိမ်းယွန်းဘဲ ကျင့်ကြံတတ်သည့်ပြင် ကိုယ်နှုတ်စိတ်တွင် လိမ်ကောက်မထင်လတ်သဖြင့် ဖြောင့်ဖြောင့် မတ်မတ် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် ဥဇုပ္ပဋိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ဉာယပ္ပဋိပန္နဂုဏ်တော် အဖွင့်

ပုဆိုးနှင့်ခေါင်းမှာ မီးလောင်နေပါလည်း ပမာမထားဘဲ နောင်လာမည့် မီးဆယ့်တစ်ပါး ငြိမ်းသွားလောက်အောင် သင့်လျော် လျောက်ပတ်သည့် သိက္ခာသုံးရပ် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် ဉာယပ္ပဋိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

သာမိစိပ္ပဋ္ပိပန္နဂုဏ်တော် အဖွင့်

ဂုဏ်ကို ချီးကျုးလျှက် သူတထူးသို့ အာရုံစူးစိုက်၍ ပြုလိုက်ကြသည့် ရိုသေမှုအရပ်ရပ်ကို ပူဇော်ခံနိုင်လောက်အောင် ကျင့်ကြံတတ်သည့် ကျင့်ဝတ်ပဋိပတ် ဂုဏ်သကတ်ကြောင့် သာမိစိပ္ပဋ္ပိပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အာဟုနေယျဂုဏ်တော် အဖွင့်

အဝေးကဆောင်ယူလျှက် သီလရှိသူအား မှန်းထားလှူဒါန်းသည့် အလှူအတန်းမျိုးကိုကောင်းကျိုးဖြစ်စေရန်အလှူခံနိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အာဟုနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ပါဟုနေယျဂုဏ်တော် အဖွင့်

ကွဲနေကြာ၍ ရောက်လာလစ်သည့် မိတ်ချစ် ဆွေချစ်တို့သုံးဆောင်ဘို့ရန် အထူးစီမံထားအပ်သည့် ဧည့်ဝတ်လက်ဆောင်ကို တွေ့အောင်လည်းခဲယဉ်း ချစ်ခြင်းလည်း မြဲပါသဖြင့် ရဲရဲလှူဒါန်းသင့် အလှူခံသင့်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် ပါဟုနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

ဒက္ခိနေယျဂုဏ်တော် အဖွင့်

ဘုံကောင်းရောက်၍ သမ္ပတ္တိပေါက်ပြီး ထွန်းထွန်းကားကား ရောက်နိုင်စေရန် ဆုပန်ပြု၍ လှူမှုအမျိုးမျိုးကို ကောင်းလိုတိုင်းသာ ပြည့်စုံစေရန် အလှူခံနိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် ဒက္ခိနေယျ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အဉ္စလိကရဏီယဂုဏ်တော် အဖွင့်

ဘုန်းတန်ခိုး တောက်လင်းသည့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ လက်အုပ်ချီဝတ်စင်းလျှက် ကိုယ်ကို ညွှတ်စင်းပြီး ရှိခိုးခြင်းကို ခံနိုင်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အဉ္စလိကရဏီယ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

အနုတ္တရံ ပုညခေတံ္တ လောကဿဂုဏ်တော် အဖွင့်

နောင်ကျိုးလိုလားသည့် နတ်လူများ၏ ဖွံ့ဖြိုးကြီးမားပြီး အသီးများများ ဖြစ်နိုင်စေရန် ကုသိုလ်ကံ မျိုးမှန်ကို စိုက်ပျိုးကြဲချရာ လယ်ယာမြေ အကောင်းဆုံး အသာဆုံး ဖြစ်နိုင်ကုန်သည့် သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသည်၏ အဖြစ်ကြောင့် အနုတ္တရံ ပုညခေတံ္တ လောကဿ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှါ ထိုက်တော်မူသော အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်တွေပါတကား။

နိဂုံးချုပ်ပေါင်း ဘုရားရှိခိုး

ဤသို့ သုပ္ပဋိပန္နအစ ပုညခေတ္တအဆုံး ဘဝဘုံချုံးအောင် နေတနှုံးပမာ ရောင်ဝါလင်းထိန် ဘုန်းရှိန် လွန်ကြီး အံ့ချီးလို့မကုန်သည့် ကိုးဖြာဂုဏ်နှင့် ပြည့်စုံတော်မူလတ်သည့် အရိယာရှစ်ပါးနှင့် ကလျာဏပုထုဇဉ် သံဃာတော် အရှင်မြတ်များအား ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့်တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း၊ နှုတ်ဖြင့် ချီးမွမ်းပြီးလျှင် နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ်အားလုံးတွင် အမြတ်ဆုံးသံဃာဟု ယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏အရှင်ဘုရား။

သံဃာဂုဏ်တော်(၉)ပါး မြန်မာပြန်ဘုရားရှိခိုးပြီး၏။
ဂုဏ်တော် မြန်မာပြန်ပြီး၏။

ဆက်လက်ဖတ်ရှုရန်

Monday, January 19, 2009

The Highest Noble Properties Of Three Gems - Part 5 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၅)

မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး၏
တရားဂုဏ်တော်မြန်မာပြန်
တရားဂုဏ်တော် (၆)ပါး ဘုရားရှိခိုး

သွာက္ခာတော ဘဂဝတာ ဓမ္မော

သန္ဒိဋ္ဌိကော
အကာလိကော
ဧဟိပဿိကော
ဩပနေယျိကော
ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ။

သွာက္ခာတဂုဏ်တော် အဖွင့်

စ လယ် အဆုံး သုံးပါးလုံးအကုန် ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသည့်ပြင် သဒ္ဒါ အနက်စုံလင်၍ ပယ်ချင် စရာမပိုလိုတာလဲမရှိသည့် သာသနာမဂ်နှစ်ရပ် အကျင့်မြတ်ကို ထင်ရှားပြလတ်၍ ကောင်းစွာ ဟောကြား တော်မူအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ နိဗ္ဗာန်နှင့်ပဋိပတ် ကိုက်ညီလတ်အောင် ဟောကြား တော်မူအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သွာက္ခာတ ဂုဏ်ကျေးဇူး အထူးရှိပါပေသော ဓမ္မက္ခန်နှင့် မဂ် ဖိုလ် နိဗ္ဗာန် ဆယ်တန်သော တရားတော် မြတ်တွေပါတကား။

သန္ဒိဋ္ဌိကဂုဏ်တော် အဖွင့်

ရသူတိုင်းပင် အရိယာရှင်တို့ပြောလျှင်ယုံတာ ပယ်စွန့်ခွာ၍ ပစ္စဝေက္ခဏာဉာဏ်ပညာဖြင့် ကိုယ်တိုင် သာလျှင် တွေ့မြင်ခံစားအပ်သည်၏အဖြစ်ကြောင့်လည်း သန္ဒိဋ္ဌိက ဂုဏ်ကျေးဇူး အထူးရှိပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

အကာလိကဂုဏ်တော် အဖွင့်

အခါမဆိုင်း ရက်ပိုင်းမရွေ့ ရသည့်နေ့ပင် ချုပ်လျှင်ချုပ်ခြင်း လက်ငင်းကိုယ်တွေ့ ဖိုလ်ကျိုးကို ပေးလေ့ရှိသည်၏ အဖြစ်ကြောင့်လည်း အကာလိကဂုဏ်ကျေးဇူး အထူးရှိပေသော မဂ်တရား လေးပါး တရားတော် မြတ်တွေပါတကား။

ဧဟိပဿိကဂုဏ်တော် အဖွင့်

အဟုတ်လည်းရှိခြင်း တကယ်လည်းမြင်ရတာ သန့်ရှင်းပါသဖြင့် လာရောက်ရှုမြင်ခဲ့ပါလျှင် စိတ်ရွှင်ပျမြဲ ကျေးဇူးတင်မြဲဖြစ်ပါ၍ လာဖြစ်အောင် လာကြစမ်းပါနော် အားထုတ်ဖြစ်အောင် အားထုတ်ကြစမ်းပါနော်ဟု စိတ်မပါသော လူတစ်ယောက်ကို မပါပါအောင် သွေးဆောင် တိုက်တွန်းခေါ်ငင်ခြင်းငှါ ထိုက်သည်၏အဖြစ်ကြောင့် ဧဟိပဿိက ဂုဏ်ကျေးဇူး အထူးရှိပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါ တကား။

ဩပနေယျိကဂုဏ်တော် အဖွင့်

ပုဆိုးနှင့်ခေါင်းမှာ မီးလောင်နေပါလည်း ပမာမထားဘဲ ဘာဝနာပွါးလတ်၍သာ မိမိစိတ်ဓာတ်၌ ဆောင်ကပ်ထိုက် ဖြစ်ပေါ်ထိုက်သည်၏ အဖြစ်ကြောင့် ဩပနေယျိက ဂုဏ်ကျေးဇူး အထူးရှိပါပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော် အဖွင့်

သစ္စာသိမြင် ပညာရှင်တို့သည် ကိုယ့်ကိုယ်၌ပင် မိုက်မှောင်စင်လျှက် ငါမဂ်ကိုပွါးရလေပြီ၊ ဖိုလ် ကို လည်းရလာလေပြီ၊ နိဗ္ဗာန်ကိုလည်း မြင်ရပေပြီ၊ အလွန်အေးချမ်းပါသည်ဟု ယခုမှပင် အထူး ထင်လျှက် တွေ့မြင်ခံစားအပ်သည်၏ အဖြစ်ကြောင့် ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ ဂုဏ်ကျေးဇူး အထူးရှိပါပေသော လောကုတ္တရာ တရား (၉)ပါး တရားတော်မြတ်တွေပါတကား။

နိဂုံးချုပ်ပေါင်း ဘုရားရှိခိုး

ဤသို့ သွာက္ခာတ အစ ဝေဒိတဗ္ဗ အဆုံး ဘဝဂ်ဘုံချုံးအောင် နေတနှုံးပမာ ရောင်ဝါလင်းထိန် ဘုန်းရှိန် လွန်ကြီး အံ့ချီးလို့မကုန်သည့် ခြောက်ဖြာဂုဏ်နှင့် ပြည့်စုံလတ်သည့် မဂ် ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်နှင့် ဆယ်တန်သော တရားတော်မြတ်ကို ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့်တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း နှုတ်ဖြင့်ချီးမွမ်းပြီးလျှင် နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ် အားလုံးတွင် အမြတ်ဆုံးတရားဟု ယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏အရှင်ဘုရား။

တရားဂုဏ်တော်(၆)ပါး မြန်မာပြန်ဘုရားရှိခိုးပြီး၏။


ဆက်လက်ဖတ်ရှုရန်

Sunday, January 18, 2009

Different Aspects Of Loving-Kindness (Metta) (11) မေတ္တာနှင့် စပ်သမျှ အပိုင်း (၁၁)

Gists From Metta Sutta
By
Venerable Sayardaw U Jotika

မေတ္တာသုတ်မှ အချက်အလက်များ

ဆရာတော် ဦးဇောတိက


Click To Download Dhamma Tape



ဆက်လက်ဖတ်ရှုရန်

Friday, January 16, 2009

The Highest Noble Properties Of Three Gems - Part 4 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၄)

(ဘုရားဂုဏ်တော် အဆက်...)
ဗုဒ္ဓဂုဏ်တော် အဖွင့်
သစ္စာလေးတန် တရားမှန်ကို ဧကန်သိပေ များဝေနေကိုလည်း ခရီးနှေးသုံးလှမ်း အမြန်တလှမ်းဖြင့် ကြွမြန်း တော်မူလတ်၍ သိစေတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဝါသနာတွင်း မှောင်အလွန်ပြင်းသည့် မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နှိုးမည့်သူကင်း၍ လင်းချိန် ရောက်ပြန် ဧကန်ပင် နှိုးတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဘဂဝါဂုဏ်တော် အဖွင့်

လောကီ၊ လောကုတ္တရာ ချမ်းသာနှစ်မျိုး ဖွံ့ဖြိုးဝေလှိုင်၍ မတုနိုင်စေရန် ကျိုးပေးသန်လှသည့် ဘုန်းကံတန်ခိုး ထိပ်တန်းစား ပါရမီမျိုးရှိတော်မူသည်၏ အဖြစ်ကြောင့် ဘဂဝါ ဂုဏ်ထူး ဖြင့် ချီးကျူးခြင်းငှာ ထိုက်တော် မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဒေဝပုတ္တ ကိလေသနှင့် အဘိသင်္ခါရ ခန္ဓ မစ္စု မာရ်ငါးခုကို တစ်ခုမကျန် ဧကန် ဖျက်ဆီး ပြီးတော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ရှစ်ဖြာသော လောကီတန်ခိုး စိတ်တော်ကို ပိုင်စိုးနိုင်သည့် “ဣဿရိယ“ ဘုန်းတော်၊ တရား လောကုတ္တရာ ကိုယ်တော်မှာ ရှိသည့် “ဓမ္မ”ဘုန်းတော်၊ ဘဝဂ်ဘုံမဆန့်အောင် ဂုဏ်သတင်း ပြန့်သင်း၍ သန့်ရှင်းကျော်ကြားတော်မူသည့် “ယသ”ဘုန်းတော်၊ လက္ခဏာကြီးငယ် ကိုယ်တော်ဝယ် တင့်တယ်လှပပါသဖြင့် ဖူးလို့ပင် မဝနိုင်သည့် “သီရိ” ဘုန်းတော်၊ မိမိသူတစ်ပါး အကျိုး စီးပွါး ကိုလိုသလိုပြီးစေနိုင်သည့် “ကာမ” ဘုန်းတော်၊ ဝိရိယပါရမီဖြစ်၍ မဂ်မှာတည်ဘိ သဖြင့် ဝိရိယခေါ်သည့် “ပယတ္တ”ဘုန်းတော်၊ ဤဘုန်းတော်ခြောက်စုံအံ့မကုန်နိုင်သည့် ဂုဏ်တော်တို့ နှင့် ပြည့်စုံတော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော် မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အလုံးစုံသော တရားဓမ္မကို ကုသလာဒိဘေဒတသွယ် ထိုဝယ်တစ်ခါ ခန္ဓာဒိဘေဒဆွယ်၍ လေးသွယ်သစ္စာ တစ်ဆယ့်ခြောက်ဖြာ ဝေဖန်ခါဖြင့် ဒေသနာဖြန့်ဖြူး၍ ရောင်ခြည်တော်ကွန့်မြူးအောင် အထူးပင်သုံးသပ် လျက် တာဝတိံသာနတ်ပြည်ကြီး၌ မယ်တော်မိနတ်သား အမှုးထား၍ ဟောကြားတော်မူအပ်သည်၏ အဖြစ် ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဒိဗ္ဗ ဗြဟ္မ အရိယဝိဟာရနှင့် ကာယ၊ စိတ္တ၊ ဥပဓိဝိဝေသုံးထွေဝိမောက္ခ ဥတ္တရိမနုဿ ခေါ်ဆိုကြသည့် ဈာန်မဂ်ဖိုလ်ကို လိုသလိုသာလျှင် များစွာမှီဝဲဆည်းကပ်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

မြို့ရွာသံတိတ် လူကင်းဆိတ်၍ တခြားစိတ်မပြောင်းကမ္မဋ္ဌာန်းဝင်ဘို့ ကောင်းသည့် တောရကျောင်းကို ကိန်း အောင်းမွေ့လျှော် မှီဝဲဆည်းကပ်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဘဂဝါ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

နိဂုံးချုပ်ဘုရားရှိခိုး

ဤသို့ အရဟံ-အစ ဘဂဝါ-အဆုံး အကျဉ်းချုံးငြား ဂုဏ် (၉)ပါးနှင့် ဂုဏ်ခြောက်ဆယ်ပွါး၍ မြတ်ဘုရား သည်ပင် စကားမသုံးဘဲ အသက်ထက်ဆုံး သီကုံးထောမနာ ဟောမြွက်ပါလည်း သက်တော်သာကုန် ဂုဏ်မစုံနိုင်ကြ၍ အနန္တဂုဏ် အသင်္ချေယျဂုဏ် အပ္ပမေယျဂုဏ်တို့နှင့် ပြည့်စုံတော်မူလတ်သည့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်းကောင်း၊ ရှင်တော်မြတ်၏ကိုယ်စား ဓိဋ္ဌာန်ထားတော်မူအပ်ခဲ့သည့် ဓာတ်တော်သုံးသွယ် စွယ်တော်လေချောင်း ဆံတော်ပေါင်းစု ဆင်းတုစေတီတော် ပရိဘောဂစေတီတော် ဓာတုစေတီတော်မြတ်တို့ကိုလည်းကောင်း၊ ရုပ်ဓာတ်နာမ်ဓာတ် ပရမတ်ပေါ်တွင် ပညတ်တင်ခေါ် တပည့် တော်သည် ဂုဏ်တော်ကို စိတ်ဖြင့်ရည်မှန်း နှုတ်ဖြင့်ချီးမွမ်းပြီးလျှင်နဖူးတွင် လက်အုပ်တင်ထား၍ ကိုယ်ကို ညွတ်တွားကာ ထိငါးဖြာဖြင့် ရိုသေစွာ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ လောကဓာတ်အားလုံးတွင် အမြတ်ဆုံးဟုယုံကြည်ပြု၍ ကိုးကွယ် ဆည်းကပ်မှုလည်းပြုပါ၏ အရှင်မြတ်ကြီးတို့ဘုရား။

ဘုရားဂုဏ်တော်(၉)ပါး မြန်မာပြန်ဘုရားရှိခိုးပြီး၏။

ဆက်လက်ဖတ်ရှုရန်

Thursday, January 15, 2009

The Highest Noble Properties Of Three Gems - Part 3 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၃)

(ဘုရားဂုဏ်တော်အဆက်.....)

သုဂတောဂုဏ်တော် အဖွင့်
တင့်တယ်သန့်ရှင်း အပြစ်ကင်းသည့် အရိယာမဂ်တည်းဟူသော သွားခြင်းဖြင့် ဘယ်သင်းတစ်ခု တွယ်တာ ခြင်းမပြုဘဲ နိဗ္ဗူနန်းသို့ကြွမြန်းတော်မူသည်၏ အဖြစ်ကြောင့် သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

မကောင်းဟူသမျှ ဒုက္ခသင်္ခါရ မဖြစ်ပါသဖြင့် ဘေးကင်းရာမှန်သည့် အမတပြည်နိဗ္ဗာန်သို့ ဧကန်ကြွသွား တော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ထိုထိုမဂ်ဖြင့် ပယ်ဖြတ်ကိလေ နောက်တခါ ပြန်မလာစေဘဲ ရန်သူတွေကင်းကွာ၍ ကောင်းမွန်စွာကြွသွား တော်မူတတ်သည်၏ အဖြစ်ကြောင့် သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

နိယတဗျာဒိတ်ပန်းကို ဆင်မြန်းသည်ကစ၍ ဗောဓိပင်နှင့်ရွှေပလ္လင်ရသည့်တိုင်အောင် သဿတ ဥစ္ဆေဒဒိဋ္ဌိ တွေပြုတ်၍ အယုတ်တရား နုယောဂနှစ်ပါးသို့ မကပ်ငြားပါဘဲ ကောင်းမွန်စွာ ကြွသွားတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

စကားဆိုရန် ခွန်းခြောက်တန်တွင် ဟုတ်မှန်ကြောင်းကျိုး မမြတ်နိုးအပ် မြတ်နိုးအပ်သည့် နှစ်ရပ်သော စကားကိုသာ ကောင်းမွန်စွာ ပြောဆိုတော်မူတတ်သည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

လက္ခဏတော်ကြီး လက္ခဏတော်ငယ် ကိုယ်တော်ဝယ်ပြည့်စုံပါ၍ တုန်လှုပ်ဆွဲငင် ချွတ်လျှင်နှိပ်ကြွား ကောက်ငြားရောထွေး အပြစ်ဝေးပါသဖြင့် ကောင်းမွန်တင့်တယ်စွာ ကိုယ်တော်၏ ကြွသွားတော်မူခြင်းနှင့် ဝေနေယျအများစီပွါးဖြစ်ထွန်းစေနိုင်သည့် ဉာဏ်တော်၏သွားလာခြင်းရှိတော်မူသည်၏ အဖြစ်ကြောင့်လည်း သုဂတ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

လောကဝိဒူ ဂုဏ်တော် အဖွင့်
သတ္တဝါဘုံအမျိုးမျိုး ဖြစ်ပျက်နေပုံနှင့် သင်္ခါရခေါ်တုံသည့် ရုပ်နာမ်အကုန် ပရမတ်ဖြစ်ပျက်နေပုံ အမျိုးစုံကို အကုန်အစင် ဉာဏ်ပေါ်မှာတင်၍ သိမြင်တော်မူသည်၏ အဖြစ်ကြောင့်လည်း လောကဝိဒူ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

သတ္တောကာသ သင်္ခါရဟု လောကသုံးခွင် ဘုံအပြင်ကို ကုန်စင်ခြင်းရာ လိုသလိုသာလျှင် အလင်းထင်ပေါ်သိ မြင်တော်မူသည်၏ အဖြစ်ကြောင့်လည်း လောကဝိဒူ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော် အဖွင့်
ယဉ်ကျေးပြီးသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဣရိယာတစ်ပါးတည်းဝယ် ရှစ်သွယ်သမာပတ် နိရောဓ သမာပတ် နိဗ္ဗာန်ရပ်သို့ ပြေးသွားနိုင်လတ်အောင် ဒေသနာဆောင်ပြု၍ ဆုံးမမှုဝယ် အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသည်၏ အဖြစ်ကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

သတ္တာ ဒေဝမနုဿနံ ဂုဏ်တော် အဖွင့်
လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာ လျော်စွာ ပြလတ်၍ ဆုံးမတော်မူတတ်ပါသဖြင့် လူနတ်တို့အရှင် ဆရာသခင်ဦးထိပ်တင်ကြီး ဖြစ်တော်မူသည်၏ အဖြစ်ကြောင့်လည်း သတ္တာဒေဝမနုဿာန ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

လှည်းမှုးကြီးပမာ နတ်လူဗြဟ္မာ သတ္တဝါတို့ကို အိုနာသေရေး ဒုက္ခစုံရောထွေးသည့် ကန္တာရကြီး သံသရာခရီးမှ အမတပြည်ကြီးသို့ ဦးစီးခေါင်းဆောင်၍ ရောက်အောင်ပို့ဆောင်တော်မူသည်၏ အဖြစ်ကြောင့်လည်း သတ္တာဒေဝမနုဿာန ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဆက်လက်ဖတ်ရှုရန်

Wednesday, January 14, 2009

The Highest Noble Properties Of Three Gems - Part 2 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၂)

(ဘုရားဂုဏ်တော် အဆက်...)
သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် အဖွင့်
ကိစ္စလေးပါး ခွဲဝေငြား၍ လေးပါးသစ္စာ ညေယျအဖြာဖြာကို လက်ပေါ်မှာတင်ထားသည့် မျက်ရှင်ပတ္တမြား ကဲ့သို့ ထင်ရှားပိုင်ပိုင် ကိုယ်တော်တိုင်သာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ် ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

တရားတစ်ခု လေးခုသစ္စာ ဝေဖန်ကာဖြင့် စိတ်ဖြာပေါင်းစည်း အစဉ်မှီးပြီး တစ်ကြိမ်တည်းသာ လိုရာမကျန် ဖေါက်ပြန်မရှိ မိမိအလိုလိုသာလျှင် တပ်အပ်ထင်ထင် အကုန်သိမြင်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဝိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော် အဖွင့်
အကျဉ်းး မိမိနှင့်ဆိုင်ရာကို ပိုင်နိုင်စွာ သိနိုင်သည့် သုံးပါး-ရှစ်ပါး ဝိဇ္ဇာဉာဏ်၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတရား စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံလုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အကျယ်း ရှေးဘဝက နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို လိုသလိုသိမြင်နိုင်သည့် ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်၊ အာသဝေါလေးတန် အမှန်ကုန်ခမ်း စေနိုင်သည့် အာသဝက္ခယဉာဏ်၊ အဝေးကွယ်ရာ သိမ်မွေ့နူးညံ့လှစွာသော အဆင်းကို လိုသလိုမြင်နိုင်သည့် ဒိဗ္ဗစက္ခုဉာဏ်၊ ဤဉာဏ်သုံးတန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်သည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အဝေးကွယ်ရာ သိမ်မွေ့ နူးညံ့လှစွာသော အသံကို လိုသလိုကြားနိုင်သည့် ဒိဗ္ဗသောတဉာဏ်၊ သူတစ်ပါး၏စိတ်ကို လိုသလိုသိမြင်နိုင်သည့် ပရစိတ္တ ဝိဇာနနဉာဏ်၊ ဉာဏ်ပေါင်းစုံပေးလျက် ရင့်ကျက် နက်နဲ ခက်ခဲ သိမ်မွေ့ပါသဖြင့် သူတကာနှင့်မတူ နည်းမျိုးစုံ ရှုနိုင်သည့် ဝိပဿနာဉာဏ်၊ တန်ခိုးအမျိုးမျိုး တို့ကို လိုသလိုဖန်ဆင်းနိုင်သည့် ဣဒ္ဓိဝိဓဉာဏ်၊ မိမိကိုယ်တွင်းမှာ ခန္ဓာကိုယ်တစ်ခုကို ဈာန်စိတ်ဖြင့် ပြုလုပ်နိုင်သည့် မနောမယသိဒ္ဓိဉာဏ် ဤရှစ်တန်သော ဝိဇ္ဇာဉာဏ်တို့နှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

သီလမျိုးစုံ လုံခြုံတော်မူသည့် သီလသံဝရဂုဏ်၊ ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ် မဝင်နိုင်လောက်အောင် စောင့်ရှောက်တော်မူနိုင်သည့် ဣနြ္ဒိယဂုတ္တဒွါရတာဂုဏ်၊ ကောင်းမြတ်သော အာဟာရ၌သော်လည်း အတိုင်းအရှည်ကို သိတော်မူလေ့ရှိသည့် ဘောဇနေမတ္တညုတဂုဏ်၊ မိုးသောက်ယံကို သုံးပုံပုံကာ အလယ်အပုံ၌သာ ကျိန်းစက်တော်မူပါသဖြင့် နိုးကြားထကြွ လုံ့ လရှိတော်မူသည့် ဇာဂရိယာနုယောဂဂုဏ်၊ သဒ္ဓါ သတိ ဟိရိ ဩတ္တပ္ပဗာဟုဿစ္စ ဝိရိယ ပညာ သူတော်ကောင်းတရား (၇)ဖြာကိုယ်တော်မှာရှိသည့် သဒ္ဓမ္မဉာဏ်၊ ရူပဈာန်လေးဖြာ ကိုယ်တော်မှာရှိသည့် ဈာနိကဂုဏ်၊ ဤဂုဏ်တစ်ဆယ့်ငါး စရဏတရားနှင့် ပြည့်စုံ လုံလောက်တော်မူသည်၏ အဖြစ်ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဆက်လက်ဖတ်ရှုရန်

Tuesday, January 13, 2009

The Highest Noble Properties Of Three Gems - Part 1 (ရတနာသုံးပါး ဂုဏ်တော်များ-အပိုင်း ၁)

ကျေးဇူးတော်ရှင် မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူခဲ့သော
ဘုရားဂုဏ်တော် မြန်မာပြန်

မူလကသစ်ဝိုင်ဆရာတော်ဘုရားကြီး

ဘုရားဂုဏ်တော် (၉)ပါး ဘုရားရှိခိုး
ဣတိပိသော ဘဂ၀ါ အရဟံ၊
သမ္မာ သမ္ဗုဒ္ဓေါ၊
ဝိဇ္ဇာ စရဏ သမ္ပန္နော၊
သုဂတော၊
လောက၀ိဒူ၊
အနုတ္တရောပုရိသ ဓမ္မသာရထိ၊
သတ္တာဒေ၀မနုဿနံ၊
ဗုဒ္ဓေါ၊
ဘဂ၀ါ။

အရဟံဂုဏ်တော် အဖွင့်
ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သော်မှ မပယ်နိုင်ရှာသည့် ဝါသနာအိုး ကိလေသာဆိုး အပူမျိုးတို့မှ အလွန့် အလွန် ပြတ်စဲဝေးကွာတော်မူလှသည်၏ အဖြစ်ကြောင့် အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်း ငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

တစ်ထောင့်ငါးရာ ကိလေသာမှန် သူပုန်ရန်တို့ကို ဝါသနာပါမကျန်အောင် လေးတန်သော မဂ်လက်နက်ဖြင့် တွန်းလှန်ဖြိုဖျက်တော်မူနိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အဝိဇ္ဇာပုံတောင်း ဆယ်ချောင်းကန့်ထောက် အို သေ ပျောက်ထာ အကွပ်ထားပြီး လှည်းဘီးပမာ စက်သံသရာ ၏ ဆယ်ဖြာသော အကန့်ထောက်ဆံတို့ကို မလည်နိုင်လောက်အောင်ပစ်ချိုးပြီး ဖျက်ဆီးပယ်နိုင်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

အလှူခံအမြတ်ဆုံးဖြစ်၍ လူသုံးဦးတို့ အထူးပူဇော် အလှူတော်အမျိုးမျိုးကို ကောင်းကျိုးဖြစ်စေရန် အလှူခံတော်မူထိုက်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ပညာရှိယောင်ယောင် ဟန်ဆောင်သူယုတ်မာများကဲ့သို့ မကောင်းမှု အကုသိုလ် ပြုလုပ်စရာ ဆိတ်ကွယ်ရာ အရပ်မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

သင်္ကန်းစွန်းကိုင်ခါ ထက်ကြပ်မကွာ နောက်တော်က လိုက်ပါငြားသော်လည်း တရားပျက်ပြား ကြသည့် သူယုတ်မာများနှင့် အလွန်တစ်ရာဝေးကွာခြားတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ယူဇနာတစ်ရာ ဘုရားနှင့် ဝေးကွာခြားပါသော်လည်း တရားမြင်ကြသည့် သူတော်စင်တို့နှင့် အလွန်တရာပင် နီးကပ်နေတော်မူသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူး ခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

မကောင်းကျိုးလည်းဆောင် ကမ္မဋ္ဌာန်းဘောင်နှင့်လည်း ဆန့်ကျင်ပါသဖြင့် သူတော်စင်တို့အကျင့် ပြည့်စုံ ဘို့ရာဝေးစွာကပင် ပယ်စွန့်ထားအပ်သည့် အကုသိုလ်တရား မရှိငြားသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

တရားကိုမြင်ကြသည့် အရိယာအရှင် ကလျာဏပုထုဇဉ်တို့ အမြဲပင်မပြတ် မစွန့်အပ် မစွန့်နိုင်သည်၏အဖြစ် ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဘဝသံသရာမှာ တဖန် ပြောင်းရွေ့သွားလာခြင်း မရှိသည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။

ဘုရားဂုဏ်အရပ်ရပ်ကို ခွဲခြားဝေဖန်၍ ဟောတော်မူအပ်သည်ရှိသော် ဘုရားကိုယ်တော်တောင်မှ ဂုဏ်တော် ကို ကုန်စင်အောင် မဟောနိုင်ပါကလားဟု ပညာရှိအများချီးမွမ်းပြောကြားအပ်သည်၏ အဖြစ်ကြောင့်လည်း အရဟံ ဂုဏ်ထူးဖြင့် ချီးကျူးခြင်းငှာ ထိုက်တော်မူသော သဗ္ဗညုမြတ်စွာဘုရား၊ မြတ်စွာဘုရား၊ မြတ်စွာဘုရား။


ဆက်လက်ဖတ်ရှုရန်

Sunday, January 11, 2009

Different Aspects Of Loving-Kindness (Metta) (10) မေတ္တာနှင့် စပ်သမျှ အပိုင်း (၁၀)

မေတ္တသုတ် အဖွင့်
ဆရာကြီး ဦးသုခ
Metta Sutta By Sayargyi U Thu Kha


Click to download the ebook

U Thu Kha's Metta

This ebook was downloaded from My Thought (www.ashinkumara.com)
ဆက်လက်ဖတ်ရှုရန်

Different Aspects Of Maha Pahtana (8) ပဌာန်းတရားတော်နှင့်စပ်သမျှ အပိုင်း(၈)

Explanation Of Maha Pahtana
By
U Sumingala (Migadawun)
မိဂဒါဝုန်ကျောင်းတိုက်ဆရာတော်
ဥူးသုမင်္ဂလ ဟောကြားတော်မူသည့် ပဌာန်းဒေသနာတော်မြတ်ကြီး


Introduction-Day 1

Day 2

Day 3

Day 4

Day 5

Day 6

Day 7

Day 8

Day 9

Day 10

Day 11

Day 12

Day 13

Day 14

Day 15

Day 16

Day 17

Day 18

Day 19

Day 20

Day 21

Day 22

Day 23

Day 24

Day 25


These tapes are downloaded and shared from MMA, "http://mp3.mmblogs.net".
ဆက်လက်ဖတ်ရှုရန်

Thursday, January 8, 2009

Very Old & Rare Myanmar Buddhist Dhamma Songs (ရှားပါး မြန်မာ ဓမ္မာ့ သီချင်းများ)

၁။ တေဘုမ္မာ- (Tay-Bone-Mar) Click To Listen
၂။ ဘ၀သံသရာ-ဦးသုခ (Bawa-Than-Tha-Yar) Click To Listen
၃။ အောင်ခြင်းရှစ်ပါး-ဒေါ်မေရှင် (Aung-Chin-Shit-Par) Click To Listen

We deeply appreciate to Lin Htet Myanmar Educational Information Forum (www.linhtet.com) for uploading and sharing these songs.
ဆက်လက်ဖတ်ရှုရန်