(ဒီပို့ စ်ကို ဆရာတော်ကြီးဈာပနအမှီ အမှတ်တရ ရေးမယ်စိတ်ကူးထားပေမယ့် မအားတာနှင့် မရေးဖြစ်ခဲ့ပါဘူး။ အခုရက်ပိုင်းထဲ တိုက်တိုက်ဆိုင်ဆိုင် ရေးဖို့ အကြောင်းတွေကြုံလာတာရော၊ အချိန်လည်း ရနေတာရောနှင့် ဆရာတော်ကြီးရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ပူဇော်ရေးသားလိုက်ရပါတယ် ခင်ဗျာ။)
ကျွန်တော်နှင့် ဖြူးဆရာတော်နှင့် လူချင်း ခင်မင်သိကျွမ်းရင်းနှီးလားလို့  မေးခဲ့ရင် မသိကျွမ်းခဲ့ပါဘူးလို့ ဘဲ ဖြေရမှာပါ။ နှစ်ခါ သုံးခါလောက်တော့ မိနစ်ပိုင်းလေး စကားပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆရာတော်နှင့် ကျွန်တော်နှင့်ကြားမှာ အကြောင်းတိုက်ဆိုင်မှုလေးတွေ ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်ကာလ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစ ဘာသာရေးနှင့်ပတ်သတ်တာတွေ ရှာဖွေလေ့လာတဲ့အချိန်တွေတုန်းကေ
လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်ကပါ။ ကျွန်တော်နေတဲ့ မြို့ ကဗုဒ္ဓဘာသာလူငယ်အဖွဲ့ တစ်ခုက တရားပွဲတစ်ခုကို ရက်ရှည်လုပ်ဖို့  စီစဉ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်က ဆရာတော်တွေကို လိုက်ပင့်ပေးဖို့ တာဝန်ယူရပါတယ်။ အားလုံးက ဖြူးဆရာတော်ကြီးကို ပင့်ပေးဖို့ တောင်းဆိုကြတာနှင့် ကျွန်တော်လည်း ဆရာတော်ကြီးသီတင်းသုံးတဲ့ ကမာရွတ်ဘူတာနားက ကျောင်းကို သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဆရာတော်ကြီးကတော့ တရားပွဲအတွက် နယ်ကြွနေလို့ ရှိမနေပါဘူး။ တပည့်ဦးဇင်းတွေနှင့်ဘဲ လိုချင်တဲ့ရက်ကိုလျှောက်တော့ ဆရာတော်ရဲ့ တရားပွဲ Planner စာအုပ်ထဲမှာ ရက်အားမအား ရှာကြည့်ကြပါတယ်။ ကျွန်တော်တို့ တရားပွဲ လုပ်မယ့်အချိန်မှာ ဆရာတော်က တရားပွဲအတွက် နယ်ကို ရောက်နေမယ့်အချိန်ဖြစ်နေပါတယ်။ ရန်ကုန်ပတ်ဝန်းကျင်ဆိုရင်တောင် ရှေ့ တရားပွဲအပြီး နောက်တရားပွဲကို အဆင်ပြေရင်ကြွပေးနိုင်သေးတယ်။ အခုတော့ နယ်ကိုကြွမှာဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တာနှင့် ကျွန်တော်လည်း ဆရာတော့်ကျောင်းကနေ တပ်ခေါက်ပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။
နောက်တစ်နှစ် ကျွန်တော်တို့ အဖွဲ့ တရားပွဲထပ်လုပ်ဖို့ ပြင်ဆင်တော့ ဒီတခါတော့ ဖြူးဆရာတော်ကြီး အားမယ့်ရက်ကို ရွေးပြီး ရက်ရတော့မှ စီစဉ်မယ်ဆိုပြီး သဘောတူဆုံးဖြတ်ကြပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နောက်တစ်ခေါက် ဆရာတော့်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဒီတခါတော့ ဆရာတော့်ကို ဖူးတွေ့ ရပါတယ်။ တပည့်ရဟန်းတစ်ပါးက ဆရာတော့်ကျောကအနာလေးတွေကို ဆေးလိမ်းပေးနေတဲ့အချိန်မှာ ရောက်သွားတာပါ။ (အဲဒီတုန်းကမှာ ဆရာတော့်မှာ ဆီးချိုရောဂါရှိမှန်း သိခဲ့ရပါတယ်။) ဆရာတော်ကြီးကို တရားပွဲပင့်ချင်တဲ့အကြောင်းလျှေ
တရားပွဲနီးလာတဲ့ လပိုင်းအလိုလောက်မှာပါ။ ကျွန်တော်တို့ မြို့ က ပြီးစီးခါနီး သာသနာရေးဆိုင်ရာ အဆောက်အအုံအသစ်တစ်ခုဆက်လက်ဆောက်
ဒီတခါလည်းဆရာတော်ကြီးကို ကျောင်းမှာ ဖူးတွေ့ ရပါတယ်။ အကျိုးအကြောင်းလျှောက်ပြီး တရားပွဲရက်မပြောင်းဘဲ ကျင်းပတဲ့နေရာနှင့် ဦးစီးတဲ့အဖွဲ့ အပြောင်းအလဲလုပ်လိုက်တဲ့အကြော
အဲဒီလိုနှင့် ဆရာတော်ကြီးရဲ့ တရားပွဲရက်ကို ရောက်လာပါတော့တယ်။ အဲဒီနေ့ က ဖြူးဆရာတော်တရားပွဲဆိုတော့ ပရိတ်သတ်က သောင်းနှင့်ချီပြီး တရားနာလာကြပါတယ်။ ဆောက်လက်စ အဆောက်အဦးထဲမှာပြည့်ကျပ်သွားလိ
ကျောင်းကို ရောက်တော့လည်း ဆရာတော်ကြီး ပြန်ကြွမလာသေးပါဘူး။ တရားပွဲကျင်းပရမယ့်အချိန်က ရောက်နေပါပြီ။ ကျွန်တော်တို့ လည်း စိတ်တွေပူပြီး စောင့်နေကြပါတယ်။ နောက်တော်တော်လေးကြာတော့ ဆရာတော်ကြီးကား ကျောင်းထဲဝင်လာပါတယ်။ ဆရာတော်ကြီးကို တွဲပြီး ကျောင်းပေါ်ကို ပင့်သွားကြပါတယ်။ နောက်ထပ် ဆယ့်ငါးမိနစ်လောက်နေတော့ ဆရာတော်ကြီးဟာ တပည့်ရဟန်းတော်၊ ကပ္ပိယတို့ နှင့်အတူ ကျွန်တော်တို့ ကားပေါ်ကို တက်လာပြီး တရားပွဲကို စတင်ထွက်ခွာကြပါတော့တယ်။
မြို့ ရောက်လို့ တရားပွဲစတော့ တစ်နာရီခွဲလောက်တောင် နောက်ကျနေပါပြီ။ ဒါပေမယ့် ပရိတ်သတ်ကတော့ လျော့မသွားပါဘူး။ ချမ်းအေးနေတဲ့ကြားကဘဲ ဇွဲကောင်းကောင်းနှင့် ဆရာတော့်ကြွအလာကို စောင့်မျှော်နေကြပါတယ်။ ဒီလိုနှင့် ဆရာတော်ကြီးလည်း ပလ္လင်ပေါ်တက်ပြီး တရားမဟောခင် သူနောက်ကျရတဲ့အတွက်တောင်းပန်စကားဆိုပါတယ်။ အမှန်က ဆရာတော်ကြီးက ဆေးခန်းတစ်ခုမှာ သွားပြီးကျောက်ကပ်ဆေးပြီး ပြန်ကြွလာတာပါ။ ကျောင်းပြန်ရောက်ရောက်ချင်း တရားပွဲကို ချက်ချင်းပြန်ထွက်လိုက်လာခဲ့တာပါ။
ဆရာတော်ကြီးဟာ တရားပွဲ စစချင်းမှာ တော်တော်ကို အားယူပြီး သီလပေး၊ တရားနိဒါန်းပျိုးတွေလုပ်နေရတာကို ကျွန်တော်တို့ တွေသတိထားမိပါတယ်။ အသံက တိုးတိမ်နေပြီး တစ်ချက်တစ်ချက် ပျောက်မလိုတောင် ဖြစ်ဖြစ်သွားပါတယ်။ ဆောက်လက်စအဆောက်အဦးရဲ့  မိုးမလုံ၊ လေမလုံတဲ့ ခန်းမဆောင်ထဲမှာ ဆောင်းလေကလည်း တဖြူးဖြူးနှင့် တိုက်ခတ်နေပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ဆရာတော်ကြီးဟာ ဘယ်လိုများဝေဒနာကို တောင့်ခံပြီး တရားဟောနေမလဲလို့  ကျွန်တော်တွေးကြည့်မိပါတယ်။ တော်တော်ကိုလည်း စိတ်မကောင်းဖြစ်မိပါတယ်။
ကျွန်တော်တို့ အဖွဲ့ တွေက တရားပွဲကြီးအပြင်မှာ Stand By အဖြစ် တာဝန်ကျနေကြတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်နှာတွေပျက်နေကြပါတယ်။ ဆရာတော်ကြီးကို ဒုက္ခပေးသလိုတော့ဖြစ်သွားပြီဆိုပြီးတော့။ တစ်ယောက်ကဆိုရင် “ရင်ထဲမကောင်းလိုက်တာဗျာ” ဆိုပြီးတော့ကို ပါးစပ်က ထုတ်ပြောလာပါတယ်။
ဒီလိုနှင့် တရားပွဲစလို့  နာရီဝက်ကျော်လာတော့ ဆရာတော်ကြီးအသံက တဖြည်းဖြည်းကျယ်လာပြီး ပုံမှန်လိုဖြစ်လာပါတယ်။ နောက်တစတစနှင့် ဆရာတော်ကြီးဟောနေကျစတိုင်လ်အတိုင်း အသံမြှင့်တဲ့နေရာတွေမှာ မြှင့်ပြီး အားကျိုးမာန်တက်ကို ဟောနေပါတော့တယ်။ ဆရာတော်ကြီး အခုအချိန်မှာ ဝေဒနာဒဏ်ကို ဘယ်လိုများသည်းခံနိုင်သွားလဲတော့ မပြောတတ်ပါဘူး။ တကယ့်ကို ပုံမှန်အခြေအနေအတိုင်းဖြစ်သွားပါတယ်။ အဲဒီညက တရားကို နှစ်နာရီကျော်ကျော်လောက်ကြာအောင်ကို ဟောပေးတော်မူသွားခဲ့ပါတယ်။ အဲဒီနေ့ က ရရှိတဲ့ န၀ကမ္မအလှူငွေတွေရဲ့  တစ်ဝက်ကို ဆောက်လက်စ သာသနာ့အဆောက်အအုံအတွက် ပြန်လည်လှူဒါန်းသွားပြီး ကျန်တစ်ဝက်ကို ယိုးဒယားသွားဆေးကုရာမှာ အသုံးပြုမှာဖြစ်တဲ့အကြောင်းလည်း မိန့် တော်မူသွားခဲ့ပါတယ်။
အဲဒီနေ့ က ဆရာတော်ကြီးဟာ တရားကို ပုံစံနှစ်မျိုးနှင့် ဟောပြော ပြသသွားခဲ့တယ်လို့  ကျွန်တော်စိတ်ထဲမှာ စွဲမြဲယုံကြည်နေပါတယ်။ တစ်မျိုးက တရားကို ပါးစပ်ကနေ ၀စီကံမြောက် ဟောပြောညွှန်ပြသွားပြီး နောက်တစ်မျိုးကတော့ လုပ်ဆောင်မှုနှင့် ပြသသွားခဲ့တာပါဘဲ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် သာသနာ့တာဝန်ဆိုတာ ခန္ဓာကိုယ်ကို မငဲ့ဘဲ ဒီလိုမျိုးထမ်းရတယ်ကွလို့  ကာယကံမြောက် လမ်းညွှန်သွားခဲ့ သလိုပါဘဲ။ အဲဒီညရဲ့  တရားပွဲကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။
တစ်နေ့ က ကျွန်တော့်လက်ကို မတော်တဆထိခိုက်မိလို့  ကွဲသွားတာ သုံးချက်ချုပ်လိုက်ရပါတယ်။ ရာသီဥတုအေးအေးမှာ အနာဖြစ်တော့ လက်က နာပြီး ကိုက်တာပေါ့ဗျာ။ ဆရာဝန်က လက်ကို ငြိမ်ငြိမ်ထားပါလို့ တော့ မှာလိုက်ပါတယ်။ ကျွန်တော့်ခေါင်းထဲ ဆရာတော်ကြီး အကြောင်းက ချက်ချင်းရောက်လာပါတယ်။ ဆရာတော်ကြီးရဲ့  ဝေဒနာနှင့်ယှဉ်ရင် ကျွန်တော့်အနာက ဘာမှမပြောပလောက်တာလေးပါ။ နောက် လေတဖြူးဖြူးတိုက်နေတဲ့ကြားမှာ အသံကိုမြှင့်ပြီးလည်း စကားပြောနေရတာ မဟုတ်ပါ။ တင်ပလ္လင်ခွေပုံစံနှင့်လည်း နှစ်နာရီကျော်ထိုင်ရတာမဟုတ်ပါ။ အပူပေးစက်ဖွင့်ထားတဲ့အခန်းထဲမှာ အေးအေးလူလူ ခြေပစ်လက်ပစ်ထိုင်ပြီး လက်ချောင်းလေး ဆယ်ချောင်းနှင့် သာသနာ့တာဝန်ကို (ကြီးကြီးကျယ်ကျယ်ပြောတာပါ) မဆိုစလောက် သေးသေးမွှားမွှားပမာဏလေး ထမ်းဆောင်ရတာ ဘာများအပန်းကြီးနိုင်မှာ မို့ လို့ လဲနော်။
ကျွန်တော် ဒီအပတ်ထဲ လေးငါးရက်လောက်တော့ အခန်းထဲမှာ နားနေရပါမယ်။ အချိန်အားလေးမှာ ဆရာတော်ကြီးရဲ့ သာသနာတော်အတွက်လုပ်ဆောင်ခဲ့တဲ့ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုရင်း ကျွန်တော်လည်း တတ်နိုင်သလောက် သာသနာ့ဝန်ကို ရက်ပိုင်းလောက်လေး နိုင်သလောက် ထမ်းလိုက်ပါအုံးမည်ဟု စိတ်ကူးလျက်။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
No comments:
Post a Comment