Friday, October 9, 2009

စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ အပိုင်း (၂)


စီးပွားရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ
ခင်မောင်ညို (ဘောဂဗေဒ) နှင့် မအိမ်သူ

ဗုဒ္ဓဘာသာဟာ လောကီစည်းစိမ်တွေကို စွန့် ခွာပြီး တောထွက်၊ ရဟန်းပြု၊ လောကုတ္တရာတရားကို ကျင့်ကြံအားထုတ်ရတာမို့  နေ့ စဉ်ဘ၀နှင့်ဆိုင်တဲ့ လောကီကိစ္စတွေ အထူးသဖြင့် စီးပွားရေးလုပ်ဆောင်ချက်တွေနှင့် မပတ်သက်သလို ရှိပါတယ်။ ဗုဒ္ဓ၀ါဒနှင့် စီးပွားရေးလုပ်ငန်းဟာ ဆန် Justify Full့ကျင်ဖက်ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာဝင် အတော်များများမှာ ရှိနေတာပါ။ တဖက်ကတွေးကြည့်ရင် အဲဒီအယူအဆရှိနေတဲ့အတွက်ကြောင့်ပဲ ဗုဒ္ဓဘာသာရဲ့  ကျင့်ဝတ်တရားတွေကို စီးပွားရေးလုပ်ရာမှာ လိုက်နာကျင့်သုံးမှာ မဟုတ်ဘူးလို့  သိသာပါတယ်။

ဗုဒ္ဓဘာသာဟာ ရှေးနှစ်ပေါင်း ၂၅၀၀ က လူ့ အဖွဲ့ အစည်းထဲမှာ ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒဖြစ်တဲ့အတွက် မျက်မှောက်ခေတ်ရဲ့  အင်မတန်မှ ရှုပ်ထွေးခေတ်မီတဲ့ လူ့ အဖွဲ့ အစည်းရဲ့  လုပ်ဆောင်ချက်တွေ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့  ယူဆကြပါတယ်။

ဒီခေတ်ရဲ့ ရှုပ်ထွေးလာတဲ့စနစ်တွေဟာ အသေးစိတ် ညွှန်ကြားမှုတွေကြောင့် ဖြစ်လာတဲ့အကြောင်းဆက်တွေပါ။ အသေးစိတ်ညွှန်ကြားမှုတွေက သိပ်ပြီး သတ်သတ်မှတ်မှတ်ရှိလွန်းတော့ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး အမြဲပြောင်းလဲနေရတာပဲ။ ဒါကြောင့် အရင်က ရိုးစင်းတဲ့လူ့ အဖွဲ့ အစည်းနှင့် စီးပွားရေးလောကဟာ အခြေအနေ အချိန်အခါတွေနှင့်ညီအောင် ပြောင်းလဲရင်း ရှုပ်ထွေးတိုးတက်ခေတ်မီတယ်ဆိုတဲ့ ဒီကနေ့  မျက်မှောက်ခေတ်ကို ရောက်လာတာပါ။ ဒါပေမဲ့ အသေးစိတ်ညွှန်ကြားမှု အများစုရဲ့  အပြောင်းအလဲဟာ နည်းလမ်းတွေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေပဲ ပြောင်းလဲတာဖြစ်ပြီး အခြေခံနိယာမ အတွေးအခေါ်တွေ၊ အခြေခံစည်းမျဉ်းတွေကတော့ သိပ်မပြောင်းလဲတာကို တွေ့ ရတယ်။ ဗုဒ္ဓရဲ့ ဝါဒဟာ ရှေးခေတ်လူ့ အဖွဲ့ အစည်းက ပေါ်ပေါက်လာတာမို့  ဒီခေတ်ရဲ့ ရှုပ်ထွေးတဲ့ စီးပွားရေးပြဿနာတွေကို ရှင်းမပြနိုင်ဘူးလို့ တော့ မဆိုနိုင်ဘူး။

ဥပမာ-ဒီနေ့ ခေတ်ရဲ့ အဆောက်အဦတွေမှာရှိတဲ့ လုံခြုံရေးစနစ်ကိုကြည့်။ ရိုးရိုးခတ်လို့ ရတဲ့ သော့ခလောက်တစ်ခုကနေ ခေတ်မီတိုးတက်လာလိုက်တာ၊ ကွန်ပျူတာနဲ့ လုပ်ထားတဲ့ သော့ကဒ်ပြားတွေနဲ့ ၊ လျှပ်စစ်နဲ့  ဖွင့်ပိတ်လို့ ရတဲ့ တံခါးတွေနဲ့ ၊ ဗီဒီယိုကင်မရာတွေနဲ့ ၊ လေဆာရောင်ခြည် အဟန့် အတားတွေနဲ့ ၊ အလိုအလျှောက် အချက်ပေးစနစ်တွေနဲ့ ၊ ဒါတွေဟာ လုံခြုံအောင် ဘယ်လိုလုပ်ရမလဲလို့  စဉ်းစားတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ (တိုးတက်လာတဲ့) အသေးစိတ်တွေရဲ့  အကျိုးဆက်တွေပေါ့။ တစ်ဖက်က လုံခြုံရေးကို ထိပါးမယ့်သူတွေရဲ့  ပြောင်းလဲမှုအပေါ်မူတည်ပြီး နည်းလမ်းတွေနဲ့  ရုပ်ဝတ္ထုပစ္စည်းတွေရဲ့  ပြောင်းလဲမှုတွေလေ။ တကယ်လို့ များ သူတစ်ပါးရဲ့ ပစ္စည်းကို ပိုင်ရှင်က မပေးဘဲ မယူရဘူးဆိုတဲ့ အဒိန္နာဒါနာ အခြေခံစည်းကမ်းလေးကို တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေက အခုထိ စွဲစွဲမြဲမြဲ လိုက်နာနေတုန်းဆိုရင် ဘာသော့ခလောက်ကိုမှ တီထွင်နေစရာ မလိုတော့ဘူးပေါ့။ ကမ္ဘာကြီးမှာရှိနေတဲ့ သယံဇာတပစ္စည်းတွေ ဘယ်လောက်များများ သက်သာသွားလိုက်မလဲ မသိဘူးနော်။

ပြဿနာက လူတွေဟာ အသေးစိတ်တွေနောက်လိုက်နေပြီး အခြေခံစည်းမျဉ်းတွေကို စွဲစွဲမြဲမြဲ မကျင့်သုံးကြလို့ ပါ။ ဘာဖြစ်လို့ လဲဆိုတော့ အသေးစိတ်ညွှန်ကြားချက်က လိုက်နာရတာလွယ်ပြီး အခြေခံစည်းမျဉ်းတွေက အသုံးချဖို့ ခက်တာကို အခြေခံစည်းမျဉ်းတွေကို ကျင့်သုံးချင်ရင် ဒီစည်းမျဉ်းတွေကို စွဲမြဲယုံကြည်မှသုံးလို့ ရတယ်။ စွဲမြဲယုံကြည်မှ ပြောင်းလဲသွားတဲ့ အခြေအနေတိုင်းမှာ ဘယ်လိုသုံးရမလဲလို့  သိနိုင်တယ်။ မစွဲမြဲ မယုံကြည်ရင်လည်း ဒီစည်းမျဉ်းတွေက ချိုးဖောက်ရတာ သိပ်လွယ်တယ်။ ငါးပါးသီလ မလုံတော့တဲ့လူတွေ များလာတာကိုပဲ ကြည့်ပါလား။

မျက်မှောက်ခေတ်မှာ ဖြစ်နေတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေနဲ့  အဲဒီလုပ်ဆောင်ချက်တွေက ဖြစ်လာတဲ့ ပြဿနာတွေကို ဗုဒ္ဓဘာသာရဲ့  အခြေခံကျတဲ့ စည်းမျဉ်းတွေက အကြောင်းရင်းကိုလည်း ဖော်ထုတ်ပြနိုင်ပါတယ်။ အဖြေရှိတဲ့နည်းလမ်းကိုလည်း ညွှန်ပြနိုင်ပါတယ်။ ဒါပေမဲ့ အဖြေရှိတဲ့လမ်းဟာ အတွေးခေါ်တွေကိုပြောင်းလိုက်မှ ရောက်မယ့်လမ်းဖြစ်ပါတယ်။ လူတွေက သူတို့ တစ်ကောက်ကောက်လိုက်နေတဲ့ အသေးစိတ်တွေကနေ အခြေခံတန်ဖိုးတွေကို ပြောင်းပြီး စဉ်းစားကြည့်ဖို့ တော့ မကြိုးစားကြသေးပါဘူး။ ဒါကြောင့်လည်း အရင်တုန်းက စစ်ပွဲတွေရှိသလို အခုလည်း စစ်ပွဲတွေရှိနေတာပဲ။ အရင်တုန်းက စီးပွားပျက်ကပ်တွေဖြစ်ခဲ့သလို အခုလည်း စီးပွားရေးအကြပ်အတည်းတွေ ဖြစ်နေတာပဲ။ သူတို့ ရဲ့ အတွေးခေါ်တွေက မပြောင်းတော့ အရင်ကမှားတဲ့ အမှားတွေကို ဆက်မှားနေတာပဲ။ ခေတ်မီတိုးတက်သောလို့  ပြောရမှာတောင် ခပ်ခက်ခက်ရယ်။

ဒီလိုပြောလို့  လက်ရှိဗုဒ္ဓဘာသာ ဖွံ့ ဖြိုးနေသေးတဲ့ တိုင်းပြည်တွေမှာ ပြဿနာတွေ မတွေ့ ရတော့ဘူးလို့  မဆိုလိုပါဘူး။ မြန်မာပြည်မှာဆိုရင် အရေအတွက်အားဖြင့် လူဦးရေရဲ့  ၉၀% နီးပါးဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အများစုဟာ မိရိုးဖလာအလိုက် ဗုဒ္ဓဘာသာကို ကိုးကွယ်လာတဲ့လူတွေဖြစ်ပါတယ်။ အဲဒီလူတွေက ဗုဒ္ဓဘာသာဝင်တွေ လိုက်နာကျင့်သုံးရမယ့် အခြေခံစည်းမျဉ်းတွေကို တကယ်သိသလား၊ မသိဘူးလား၊ သိရင်လည်း တကယ်လိုက်နာသလား၊ မလိုက်နာဘူးလား မပြောနိုင်ဘူး။

ဆရာတော် အရှင်ဇနကာဘိဝံသ အခြေပြုပဋ္ဌာန်းတရားတော်စာအုပ်ထဲမှာ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာနဲ့ စပ်လျဉ်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ရာမှာတောင် အကုသိုလ်ဖြစ်အောင် ဘယ်လိုလုပ်တတ်ကြတယ်ဆိုတာ သုံးသပ်ပြထားပါတယ်။ ဒါတောင်ဆရာတော်က ခုခေတ်မှာ မှိုလိုပေါက်နေတဲ့ စည်ဘီယာဆိုင်တွေကို မမြင်သွားရ။ ဘီယာဆိုတာ အယ်ကိုဟော ရာခိုင်နှုန်းဘယ်လောက်ပဲပါတာမို့  အရက်မဟုတ်ပါဘူးဆိုတဲ့ လက်တစ်လုံးခြားစကားတွေကို ကြားမသွားရ။ လက်ဖက်ရည်တစ်ခွက်ဈေးနဲ့ ဘီယာတစ်ခွက်ဈေးယှဉ်ကြည့်ရင် ဘီယာသောက်ရတာ ပိုတန်တာပေါ့ဆိုတဲ့ လူတွေကို ဆုံးမ မသွားရရှာဘူး။ ဒီလို ဗုဒ္ဓဘာသာ မပီပြင်တဲ့ အပြုအမူတွေ နေ့ စဉ်ဘ၀ထဲမှာ ပိုပြီးနေရာယူလာတယ်ဆိုရင် စီးပွားရေးလုပ်ဆောင်ချက်တွေမှာလည်း ဗုဒ္ဓဘာသာက ညွှန်းဆိုတဲ့ကျင့်ဝတ်တွေနဲ့  ဝေးသထက်ဝေးလာတော့မှာပဲ။ ဘယ်လောက်အတိုင်းအတာအထိ ကြွှင်းကျန်ပြီး၊ ဘယ်အရာတွေ ပျောက်ကွယ်ကုန်ပြီလဲဆိုတာ ဂရုပြုသင့်တယ်။

Buddhist Economics (a middle way for the marketplace) ဆိုတဲ့ Bruce Evans နဲ့  Jourdan Arenson ရေးသားစုစည်းတဲ့ စာအုပ်မှာ စီးပွားရေးပညာရဲ့  အခြေခံက ဘယ်လိုယူဆတယ်။ ဒီယူဆချက်တွေကြောင့် ဘယ်လိုအပြုအမူတွေဖြစ်လာတယ်။ အပြုအမူတွေရဲ့  ရလဒ်တွေက ဘာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံစီးပွားရေးအယူအဆတွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာကို ရိုးရိုးလေးရှင်းပြထားပါတယ်။ သူ့ ရဲ့ တင်ပြချက်တွေအတွက် ကိုးကားမှုတွေကိုလည်း ဒီဃနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ သံယုတ္တနိကာယ်၊ ၀ိနယပိဋက၊ ၀ိသုဒ္ဓိမဂ်၊ အဘိဓမ္မာစတဲ့ ဗုဒ္ဓစာပေတွေကနေ တိတိကျကျ ထုတ်နုတ်ကိုးကားထားတာကိုတွေ့ ရပါတယ်။ ဒီစာအုပ်မှာ အခန်း ၅ ခန်းပါပါတယ်။ အခန်းတွေကို ခေါင်းစဉ်ပေးမထားပါဘူး။ ဒီဆောင်းပါးမှာထည့်ပေးလိုက်တဲ့ ခေါင်းစဉ်တွေဟာ စာရေးသူက သင့်တော်မယ်ထင်တဲ့ ခေါင်းစဉ်လေးတွေ တပ်ပေးလိုက်တာဖြစ်ပါတယ်။ “ဒီစာဟာ Buddhist Economics စာအုပ်ရဲ့ ဘာသာပြန်မဟုတ်ပါဘူး။ စာအုပ်ထဲက ထိထိမိမိရှိလှတဲ့ အတွေးအခေါ်အယူအဆတွေကိုပဲ ထုတ်နုတ်ဆွေးနွေးမှာပါ” မူရင်းစာအုပ်ရဲ့ ယူဆချက်ကို အဓိကထားပြီး ဆွေးနွေးပေမယ့် စာရေးသူရဲ့ သုံးသပ်ချက်တစ်ချို့ လည်း ရောနှောပါဝင်နေမှာ ဖြစ်ပါတယ်။

စီးပွားရေးပညာရဲ့ အတိုင်းအတာ

အခန်း-၁ ဟာ စီးပွားရေးပညာရဲ့  အကန့် အသတ်ရှိပုံတွေကို တင်ပြထားတာဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းခွဲပြီးတော့ တင်ပြထားပါတယ်။ ဇောက်ချထုတ်လုပ်ခြင်းရဲ့ ပြဿနာ (The Problem of Specialization)၊ ဓမ္မ၏ အဓိပ္ပါယ်နှစ်မျိုး (The Two Meanings Of Dhamma)၊ ကိုယ်ကျင့်တရားကစီးပွားရေးအပေါ် အကျိုးသက်ရောက်ပုံ (How ethics condition economics) တို့ ဖြစ်ပါတယ်။

စီးပွားရေးပညာရဲ့ အကန့် အသတ်တွေဟာ အထူးပြုလွန်းအားကြီးလို့ ဖြစ်ရတာပါ။ စီးပွားရေးပညာရဲ့ အတွေးခေါ်က ဘောင်ကျဉ်းလှတယ်လို့ ဆိုပါတယ်။ စီးပွားရေးသီအိုရီတွေဟာ လက်တွေ့ သက်သေပြနိုင်တဲ့ အချက်အလက်တွေကိုပဲ ထည့်စဉ်းစားတယ်။ လက်တွေ့ သက်သေမပြနိုင်တဲ့ တန်ဖိုးထားမှုတွေ (ဥပမာ- ကိုယ်ကျင့်တရား) ကို ထည့်မစဉ်းစားဘူးတဲ့။

ဒါ အမှန်ပါပဲ။ အထူးသဖြင့် သင်္ချာနည်းနဲ့  သက်သေပြချင်တဲ့ စီးပွားရေးပညာရဲ့  သီအိုရီတွေမှာ ယူဆချက် (ချွင်းချက်)တွေ ထားရတယ်ဆိုတာ အခြေအနေအားလုံးကို ထည့်မစဉ်းစားနိုင်ဘူးဆိုတဲ့ အားနည်းချက်ကို ပြနေတာဖြစ်ပါတယ်။ ဘောဂဗေဒဘာသာမှာ အလွန်ကျော်ကြားတဲ့ ချွင်းချက်တစ်ခုဖြစ်တဲ့ (everything remains unchanged) “တခြားအရာတွေအားလုံး မပြောင်းလဲဘူး ဆိုကြပါစို့ ...” ဆိုတဲ့စကားဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုကုန်ကြပြီ။ ဟုတ်တယ်လေ၊ တကယ့်လက်တွေ့ မှာ ဘယ်နှယ့်လုပ်ပြီး တခြားအရာတွေအကုန်လုံးကို ခဏဆိုင်းထားလို့ ရပါ့မလဲ။

ဒါ့အပြင် စီးပွားရေးပညာရဲ့ သက်သေပြနိုင်တဲ့အချက်တွေပေါ်မှာ အမှီပြုနေမှု (objectivity) က အမြင်တိမ်တယ်လို့  ဆိုပါတယ်။ အရှည်ကိုမကြည့်ပါဘူး။ စီးပွားရေးလုပ်ဆောင်ချက် တစ်ရပ်ကနေဖြစ်လာတဲ့ ကိုယ်ကျင့်တရားမဲ့မှုရဲ့ အကျိုးဆက်တွေကို ထည့်မစဉ်းစားပါဘူး။ ဗုဒ္ဓရဲ့ အမြင်အရ အပြုအမူတစ်ခု၊ လုပ်ဆောင်ချက်တစ်ခုဟာ လူတစ်ဦးအပေါ်မှာရော၊ လူ့ အဖွဲ့ အစည်းကိုရော၊ သဘာဝပတ်ဝန်းကျင်ကိုရော အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲဆိုတာကို ထည့်စဉ်းစားရပါမယ်။

စီးပွားရေးပညာဟာ အလွန်ပဲ သိပ္ပံနည်းကျဖြစ်ချင်ပါတယ်။ သိပ္ပံပညာဟာ ရုပ်လောကကိုသာ လေ့လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးပညာဟာလည်း ရုပ်ပိုင်းဆိုင်ရာကိစ္စတွေကိုသာ စဉ်းစားပြီး သူနဲ့ ဆက်စပ်နေသေးတဲ့ တခြားအရာတွေကို လျစ်လျူရှုထားပါတယ်။ သဘာဝလောကကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေ၊ ပြဿနာတွေအားလုံးဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်စပ်နေတာဆိုတော့ တစ်စိတ်တစ်ဒေသကိုသာ စဉ်းစားပြီးထုတ်ပေးလိုက်တဲ့ အဖြေတွေနဲ့ တကယ်ပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုကျယ်ကျယ်ပြန့် ပြန့် မစဉ်းစားပေမယ့် လုပ်ဆောင်ချက်တွေကတော့ ကျယ်ကျယ်ပြန့် ပြန့်  အကျိုးသက်ရောက်မှာပါ။

ဗုဒ္ဓဘာသာရှုထောင့်က စီးပွားရေးပညာမှတော့ လူတစ်ဦးချင်းရော၊ လူ့ အဖွဲ့ အစည်းရော၊ ပတ်ဝန်းကျင်ရော အားလုံးအတွက် တူညီတဲ့ ရည်မှန်းချက်ထားနိုင်မယ့် တစ်ခုနဲ့ တစ်ခု အပြန်အလှန်မှီခိုနေတဲ့ စည်းကမ်းတွေကို ချပေးပါတယ်။

အပိုင်း (၁) ကို ဖတ်ရန်

No comments:

Post a Comment