အရယူတတ်ကြပါစေ
ယခုလိုရခဲလှသော လူ့ ဘ၀ကြီးကို ရနေရုံတင်မကဘဲ ကြုံခဲလှသော ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့  ကြုံနေတုန်း ဒါနကို ဧရာတည်၊ သီလဖြင့် တန်ဆာဆင်၊ ဘာဝနာဖြင့် အထွဋ်တင်ပြီးတော့ အခွင့်ကောင်းကြီးကို လက်မလွတ်ကြစေနဲ့ ။ အရယူတတ်ကြပါစေ။
ကုသိုလ်လေရွက် အထက်ကိုဆန်
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ တရားစခန်းဝင်ပြီး အရိယာသူတော်ကောင်းကြီးတွေ နည်းမှီးပြီး ခန္ဓာဥာဏ်စိုက်၍ ၀ိပဿနာတရားတွေ ကြိုးစားကျင့်ကြံနေတာဟာ မိမိတို့ ရဲ့  ကုသိုလ်လှေရွက်ကြီးကို အထက်ကို ဆန်တက်အောင် ပြုလုပ်နေကြတာပဲ။ နိဗ္ဗာန်ထိအောင် ဆန်တက်ကြရမယ် မဟုတ်လား။
တရားအားထုတ်ရခြင်းအကြောင်း
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ဘာကြောင့် တရားအားထုတ်ရတာလဲလို့  မေးရင် အရိယာ သူတော်ကောင်းကြီတွေ မြင်တော်မူ၊ ရတော်မူတဲ့ သန္တိသုခ နိဗ္ဗာနဓာတ် (အငြိမ်းဓာတ်) ကြီးကို ရပြီး အိုနာသေဇာတ် အမြစ်ပြတ်ချင်လို့  တရားအားထုတ်ရခြင်း ဖြစ်တယ်လို့  ဖြေရပါလိမ့်မယ်။
No comments:
Post a Comment