Tuesday, June 30, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၉)

ရုပ်အလှနဲ့ စိတ်အလှ

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ရုပ်ကို အလှပြင်ခြင်း၊ စိတ်ကို အလှပြင်ခြင်း လို့  အလှပြင်ခြင်း ( ၂ ) မျိုးရှိတယ်။ ရုပ်ကို အလှပြင်ခြင်းသည် အအိုတွင် လမ်းဆုံးပြီး၊ စိတ်ကို အလှပြင်ခြင်းသည်သာ နိဗ္ဗာန်မှာ လမ်းဆုံးတယ်။ ဒါကြောင့် အဲဒီအလှပြင်ခြင်း ( ၂ ) မျိုးမှာ ရုပ်ကို အလှပြင်ခြင်းထက် စိတ်ကို အလှပြင်ခြင်းက ပိုမြတ်တယ်။


သမထ နဲ့  ၀ိပဿနာ

သမထဆိုတာကတော့ အရှုခံအာရုံအပေါ်မှာ အနိစ္စ ဒုက္ခ အနတ္တလို မမြင်ဘူး။ အာရုံ နဲ့ မှတ် စိတ်နဲ့ တည်ပြီးတော့ သမာဓိအားကောင်းလာအောင် စူးစိုက်နေရုံလောက်ပဲရှိတယ်။ နောက်ဆုံးပန်းတိုင်ကတော့ လောကီဈာန် အဘိညာဉ်တွေ ရပြီးတော့ ဗြဟ္မာ့ပြည် ရောက်ရုံပါပဲ။ ၀ိပဿနာကတော့ ဒီလို မဟုတ်ဘူး။ အရှုခံအာရုံအပေါ်မှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါး ထင်မြင်လာအောင်ရှုမှတ်ရတယ်။ နောက်ဆုံးပန်းတိုင်ကတော့ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက်ပြီး အိုနာသေဇာတ်၊ အမြစ်ပြတ်သွားနိုင်တယ်။


သတိပဋ္ဌာန်လမ်းစဉ်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ အနေနဲ့  မဖြစ်မနေလုပ်ရမှာ၊ အချိန်မီ လုပ်ရမှာ၊ ကိုယ်တိုင်လုပ်ရမှာ၊ အကျိုးရများတာဟာ ဘာလဲလို့ မေးရင် သတိပဋ္ဌာန်လမ်းစဉ်ပဲလို့  ဖြေဆိုရမယ်။ ဒါဟာ အမှန်ဆုံးအဖြေပဲ။

No comments:

Post a Comment