ဓမ္မမောင်နှမတို့ ရေ
ဒီရက်ပိုင်းထဲ ကျွန်တော် ဖတ်လက်စတန်းလန်းနှင့် နှစ်ချီကြာနေတဲ့ စာအုပ်တစ်အုပ်ကို လက်စသပ်ပြီး ပြီးအောင်ဖတ်ဖြစ်ခဲ့လိုက်ပါတယ်။ စာအုပ်ကတော့ ဆရာတော် ဦးဇောတိက ရေးထားတဲ့ "A Map Of The Journey" ဆိုတဲ့စာအုပ်ပါ။ စာအုပ်က မြန်မာပြည်မှာကတည်းက ဝယ်ပြီး လက်ထဲမှာ ရောက်နေတာ နှစ်နှစ်လောက် ရှိနေပါပြီ။ အကြောင်းအမျိုးမျိုးနှင့် ပြီးအောင် မဖတ်နိုင်ခဲ့တာပါ။ နဲနဲဖတ်လိုက် ရပ်လိုက်။ တစ်လ နှစ်လ လောက်ကြာမှ တစ်ခါပြန်ကိုင်လိုက်၊ မေ့သွားလို့ အစကနေ ပြန်ဖတ်လိုက်၊ နောက် မအားတော့လို့ မဖတ်ဖြစ်လိုက်နှင့် သံသရာလည်နေတာပါ။ ခရီးသွားတိုင်းတော့ အမြဲသယ်သွားပါတယ်။ အားရင်ဖတ်မယ်ဆိုပြီးတော့။ ဒီလိုနှင့်ဘဲ စာအုပ်က ပြည်ပရောက်တဲ့အထိ ပါလာတာပါ။
ဆရာတော်ရဲ့  အရင်စာအုပ် "Snow In The Summer" တုန်းကတော့ ဆက်တိုက်ပြီးအောင် ဖတ်ဖြစ်ခဲ့ပါတယ်။ အခုရက်ပိုင်းထဲမှာ ပါဠိနှင့် တရားစာပေကို အင်္ဂလိပ်လိုအသုံးလေးတွေ လေ့လာချင်တာနှင့် ဒီတစ်ခါတော့ ပြီးအောင်ဖတ်မယ်လို့  ဆုံးဖြတ်ပြီး အလုပ်သွားအလုပ်ပြန် ရထားပေါ်မှာ ဖတ်လိုက်တာ သုံးပတ်လောက် အချိန်ပေးလိုက်တော့ ပြီးသွားပါတယ်။ အခု အဲဒီစာအုပ်နှင့် ပတ်သတ်ပြီး မဖတ်ရသေးတဲ့သူတွေအတွက် စာအုပ်မိတ်ဆက် (သို့ ) စာအုပ်အညွှန်းလေး လက်ဆင့်ကမ်းပေးချင်လို့ ပါ။
စာအုပ်က နိုင်ငံခြားက တရားစခန်းတစ်ခုမှာ ယောဂီတွေအတွက် ဟောထားတဲ့တရားကို စာအုပ်အနေနှင့် ပြန်ရေးထားတာပါ။ အဓိကကတော့ ဉာဏ်စဉ်တရားကို ဟောထားတာပါဘဲ။ အားလုံး အခန်း(၁၁) ခန်း ပါဝင်ပြီး အခန်းတွေကို Talk (1) ကနေ Talk (11) အထိခွဲထားပါတယ်။
ပထမအခန်းတွေမှာ တရားစအားမထုတ်မီ မိမိကိုယ်ကို ကြိုတင်ပြင်ဆင်မှုပြုလုပ်ပုံကို ဖော်ပြထားပါတယ်။ ပြီးမှ တရားစအားထုတ်ပြီး သမာဓိထူထောင်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်။ သမာဓိကြောင့်ဖြစ်တတ်တဲ့ ထူးခြားဖြစ်စဉ်များအကြောင်းနှင်
ဒီနေရာမှာ အခုစာအုပ်ရဲ့ ထူးခြားမှုလေးကိုတော့ ပြောချင်ပါတယ်။ ဉာဏ်စဉ်တရားတော်တွေအကြောင်းကို ဆရာတော်ဘုရားကြီးများနှင့် ဓမ္မစာပေပညာရှင်များ ရေးသားထား၊ ဟောပြပေးထားတာတွေ ရှိပါတယ်။ အခုစာအုပ်မှာက ဆရာတော်က ဉာဏ်စဉ်တွေရဲ့  သဘော၊ သဘာဝလက္ခဏာတွေကို မိမိရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံများနှင့် ယှဉ်ပြီးဖော်ပြပေးထားတာကို တွေ့ ရပါတယ်။ နောက်ပြီး ဒီဉာဏ်တစ်ခုဖြစ်ခိုက်မှာ လောကီလူမှုကိစ္စတွေမှာ ဘယ်လိုမျိုး ယောဂီတစ်ဦးအနေနှင့် ဖြစ်တတ်ကြောင်း သတိပြုရမယ့်အချက်တွေ ဆင်ခြင်ရမယ့် အချက်တွေကို ဓမ္မဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးထားပါတယ်။
ဉာဏ်စဉ်များအပြီးမှာတော့ သောတာပန်တစ်ယောက်ရဲ့  စိတ်အခြေအနေ၊ ကိုယ်ကျင့်တရား၊ တရားအပေါ် နားလည်ယုံကြည်ပုံတွေကို ရှင်းပြထားပါတယ်။ အရိယာအဆင့်အလိုက် ကိလေသာ ပယ်သတ်မှုအဆင့်ဆင့်ကိုလည်း ဖော်ပြပေးထားပါတယ်။ နောက်ဆက်လက်ပြီး ရပြီးသား သောတာပတ္တိဖိုလ်ကို ၀င်စားပုံ နည်းလမ်း နှင့် ဖြစ်တတ်တဲ့ အခက်အခဲများကို ဖော်ပြထားပါတယ်။ နောက် အထက်မဂ်ဖိုလ်တရားများကို ဆက်လက်အားထုတ်ဖို့ ရန်အတွက် ပြင်ဆင်ပုံနှင့် အားထုတ်ပုံကိုလည်း ဖော်ပြပေးထားပါတယ်။
နောက်ဆုံးမှာတော့ တရားအားထုတ်နေစဉ် ဖြစ်တတ်တဲ့အခက်အခဲများအတွက် စိတ်ထားတတ်ရန်နှင့် နည်းလမ်းမှန်မှန် အားထုတ်နိုင်ရန် ဟောပေးထားပါတယ်။
စာအုပ်တစ်အုပ်လုံးကတော့ ဆရာတော့်ရေးဟန်အတိုင်း စာမဆန်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်လို့ ရတဲ့ ဓမ္မစာပေ အရေးအသား ဟောပြောပို့ ချချက်များဖြစ်ပါတယ်။ ၀ိသုဒ္ဓိမဂ် ကို အခြေခံပြီး ရေးသားဟောပြထားတာ ဖြစ်ပါတယ်။
လက်ရှိ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်များနှင့် တရားအားထုတ်ဖို့  ပြင်ဆင်နေတဲ့ သူများအတွက် သဒ္ဓါတရား တက်ပြီး အသိဉာဏ်ပွင့်စေတဲ့ စာအုပ်တစ်အုပ်လို့ ပြောလို့ ရပါတယ်။ ဘယ်နည်းနှင့်ဘဲ အားထုတ်သူ ဖြစ်ဖြစ် ဒီခရီးကို လူတိုင်းဖြတ်သန်းရမှာဖြစ်လို့  ဘယ်ယောဂီအတွက်ဘဲ ဖြစ်ဖြစ် အသုံးတည့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာတော်က သူ့ ရဲ့ ကိုယ်တွေ့ တရားအတွေ့ အကြုံတွေနှင့် ပေါင်းပြီး ဟောထားတာမို့ တကယ်လို့  ဆရာတော်နှင့် စရိုက်ဝါသနာတူပြီး အားထုတ်ပုံနည်းလမ်းတူသူတွေအတွက်
ဒီစာအုပ်ကို အွန်လိုင်းမှာ ဒီနေရာကနေ http://www.buddhanet.net/pdf_
1: A Map of the Journey - day 1
2: A Map of the Journey - day 2
3: A Map of the Journey - day 3
4: A Map of the Journey - day 4
5: A Map of the Journey - day 5
6: A Map of the Journey - day 6
7: A Map of the Journey - day 7
8: A Map of the Journey - day 8
9: A Map of the Journey - day 9
10: A Map of the Journey - day 10
11: A Map of the Journey - day 11
ကျွန်တော်ကတော့ ဓမ္မဒါနအဖြစ် လက်ဆင့်ကမ်းလိုက်ပါပြီ။ ဓမ္မမောင်နှမတို့ က တကယ်လို့ ဖတ်ရှုနာယူကြည့်လို့  မိမိအတွက် အကျိုးတစ်ခုခု ဖြစ်ထွန်းခဲ့ရင် ကိုယ်ခင်မင်တဲ့ သူများကို ဆက်လက်ပြီး လက်ဆင့်ကမ်းပေး လိုက်ပါအုံးလို့  ဆန္ဒပြု တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။
လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
စာအုပ်ယူသွားတယ်ဗျို့...
ReplyDeleteချမ်းမြေ့ပါစေ။
ကျေးဇူးတင်ပါတယ်ရှင်... လာရောက်တရားနာယူ ဖတ်ရှုသွားပါတယ်...:)
ReplyDelete