Friday, May 1, 2009

Reverse Thinking ရိုက်ချက်ကြောင့် Heart ထိသွားတဲ့ ဘုန်းဘုန်း

ခင်မင်ရတဲ့ ဓမ္မမောင်နှမတို့ ရေ.....

ပြီးခဲ့တဲ့ရက်ပိုင်းက သိလိုက်ရတဲ့ အကြောင်းလေးကို ၀မ်းသာကြည်နူးမိလို့  ဓမ္မမောင်နှမတွေကို ပြန်လည်ဝေမျှပြောပြချင်ပါတယ်။ ပို့ စ်အနေနှင့်တော့ မတင်တော့ပါဘူး။ ကာယကံရှင်က သူ့ အကြောင်းလူတွေအများကြီးသိမှာကိ

ု ကြိုက်ချင်မှကြိုက်မှာမို့ လို့ ပါ။ ဘာလို့ လဲဆိုတော့ ကျွန်တော့်ကိုတောင်မှ တိုက်ရိုက်ဘာမှမပြောလို့ ပါ။

ဟိုတနေ့ က ကျွန်တော့်အမျိုးသမီးနှင့် အွန်လိုင်းတွေ့ ရင်း ပြောဖြစ်ပါတယ်။ သူ့ ဆီကို ဘုန်းဘုန်း ဦး(----) ကဖုန်းဆက်သွားကြောင်း။ အဲဒါ ဖုန်းထဲကနေ “ကိုဝိမုတ္တိရဲ့  ရိုက်ချက်ကပြင်းတယ်။ ရင်ထဲကို ဒိုင်းခနဲဖြစ်သွားတာဘဲ” လို့ ပြောသွားကြောင်း လှမ်းပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ငါ ဘုန်းဘုန်းကို ဘာများလုပ်မိလို့ ပါလိမ့်လို့ တော်တော်ဦးနှောက်စားသွားပါတယ်။ နောက်ဆက်ပြီး ကျွန်တော့်အမျိုးသမီးကပြောလိုက်တော့မှ ဇာတ်ရည်လည်ပြီး သဘောပေါက်သွားတော့တယ်။ အမှန်ကဘုန်းဘုန်းကို ရိုက်လိုက်တာ ကျွန်တော်မဟုတ်ပါဘူး။ ပါဠိစာလေးတစ်ကြောင်းပါ။ ကျွန်တော့်မောင်နှမတွေ အားလုံးသိနေကြပြီဖြစ်တဲ့

“စိတ္တုပ္ပာဒ မတ္တမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရော ၀ဒါမိ။”

ဟိုတလောက ကျွန်တော့် ကျေးဇူးတင်လွှာမှာပါတဲ့ ပါဠိတော်လေးပါ။ အခုဒါနှင့် စပ်ဆက်တဲ့အကြောင်းလေးပါဘဲ။

ပြီးခဲ့တဲ့လဆန်းပိုင်းရက်တွေထဲမှာ ကျွန်တော်ကလည်း ဘယ်လိုဖြစ်မှန်းမသိ၊ အဲဒီပါဠိကိုဘဲ စိတ်ကစွဲနေ။ တွေ့ တဲ့သူ လူတကာလိုက်ပြီး ပြောပြ ဖြစ်နေတာ။ အဲဒါ တနေ့  အွန်လိုင်းမှာ ဘန်ကောက်က ဦးဇင်းလေးတစ်ပါးနှင့်တွေ့ တော့သူ့ ကိုလည်း အဲဒီပါဠိတော်လေးကို သဘောကျမိတဲ့အကြောင်း ပြောဖြစ်တယ်။ နောက် အဓိပ္ပါယ်ကို အနီးစပ်ဆုံး အခုလိုမြန်မာ ပြန်ရင် သင့်တော်မသင့်တော်မေးဖြစ်ပါတယ်။ အဲဒါကလည်း ဆရာတော်တစ်ပါးဘာသာပြန်ထားတာလေးပါဘဲ။

“ကုသိုလ်ကောင်းမှုကို လုပ်မယ်လို့ စိတ်ကူးရုံမျှနဲ့  အကျိုးများလှပြီလို့  ငါဘုရားဟောတော်မူ၏”

နောက်ဆက်ပြီး အဲဒီဘုန်းဘုန်းကို ကျွန်တော်အခုလိုမျိုးလေးလည်းဘဲ တွေးဖြစ်တဲ့အကြောင်းကို ပြောလျှေက်ဖြစ်ပါတယ်။me:တပည့်တော်က အဲဒီအဓိပ္ပါယ်အပေါ်မှာ ပြန်ပြီး စောက်ထိုးစဉ်းစားကြည့်တာဘုရား။
 ဘုန်းဘုန်း: ပြောပါအုံး။
 me: အဲဒီပါဠိရဲ့ ဆန့် ကျင်ဘက်အဓိပ္ပါယ်
  ဘုရားဟောထားတာ ရှိ မရှိတော့ တပည့်တော် မသိဘူးဘုရား။ ဘယ်လိုမျိုးလဲဆိုတော့
“မကောင်းမှုတစ်ခုခုကို လုပ်မယ်လို့ ကြံစည်တွေးတောရုံမျှဖြင့်.......”

အဲဒါလေးပါဘဲ။ ကျွန်တော်ပြောလိုက်တာ (အဲ..ကျွန်တော်ရိုက်ထည့်လိုက်တာ။ ကျန်တာက ဆက်မရိုက်တော့ဘူးလေ။ ဘုန်းဘုန်းသူ့ ဖာသာ ဆက်ဖြည့်ဖတ်ပါစေတော့ ဆိုပြီးတော့။)

အဲဒီနေရာလေးမှာ ပါဘဲ။ ဘုန်းဘုန်း Heart ထိသွားတာ။ ဇင် (Zen) ကျင့်စဉ်နှင့်ဆိုရင်တော့ အဲဒီနေရာမှာ ဆတိုးရီ (Satori) ရတာလို့ ပြောလို့ ရမယ်ထင်ပါတယ်။

အဲဒီဘုန်းဘုန်းက ကျွန်တော့်အမျိုးသမီးကို  ဖုန်းထဲမှာ ဆက်မိန့် သွားတာတော့ အဲဒီပြောင်းပြန်အဓိပ္ပါယ်ကို တွေးမိတဲ့နေ့ ကစပြီးတော့ သူ ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်ဖြစ်မိကြောင်း။ မိမိရဲ့ အတွေးတွေ၊ စိတ်ကူးတွေကို အထူးဂရုစိုက်ပြီး သတိထားနေတော့ကြောင်း၊ မလိုအပ်တဲ့အပိုအာရုံတွေကို သိပ်မခံစားတော့ကြောင်း၊ အွန်လိုင်းတောင် အရင်လို အားတိုင်းမတက်တော့ဘဲ မိမိအကျိုးဖြစ်ထွန်းမယ့်အကြောင်းတွေဘဲ ရှာလုပ်နေတော့ကြောင်း စသည်ဖြင့်ပေါ့ ပြောသွားပါတယ်တဲ့။

ကျွန်တော်ကြားရတာ မင်္ဂလာရှိလွန်းလို့  စိတ်ထဲကနေ သာဓုခေါ်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်တွေဟာ တကယ့်ကိုဘဲ ဆန်းကြယ်လွန်းလှပါတယ်။ ကျွန်တော်ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ တခြားသူတစ်ယောက်မှာ အကျိုးများစွာဖြစ်ထွန်းသွားတာကို သိလိုက်ရပါတယ်။ ဘ၀တစ်ခုတိုးတက်ဖို့ အတွက် ပြင်ဆင်မှုတွေလုပ်နိုင်သွားပါတယ်။ သြော်...တန်ဖိုးရှိလေစွ။

ဒီ အဖြစ်အပျက်ကလေးကို ခင်မင်ရတဲ့ မောင်နှမတွေအားလုံးကို ကြည်နူးမှုဖြင့် ထပ်ဆင့်အသိပေးဝေမျှပါတယ်။ တကယ်လို့ များ ဒီဘုန်းဘုန်းလိုမျိုးဘဲ အရင်က သတိမထားမိသေးတဲ့ အသိတရားတစ်ခုခု အသစ်ဖြစ်ထွန်းသွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်ရဲ့  နောက်ထပ်ရိုက်ချက်အသစ်တွေ ထပ်တိုးတယ်လို့ ဆိုရမှာပေါ့ဗျာ။


အားလုံးကို ခင်မင်လေးစားလျက်

No comments:

Post a Comment