မရွေးသုံးခုအလေးပြု
- မရွေးသုံးခု၊အလေးပြု၊ မရွေးသုံးပါး၊ အလေးထား၊
- တရားရှုမှတ်တဲ့အခါမှာ နေရာလည်းမရွေးနဲ့ ၊ အချိန်လည်းမရွေးနဲ့ ၊
- ဣရိယာပုတ်လဲမရွေးပါနဲ့ ၊ ကျရာအခြေအနေဖြင့်ကြိုးစားပြီးရှု
မှတ်ဘို့ လိုအပ်ပါတယ်။
အကုသိုလ်တွေကုန်သွားအောင်
တရားကို မှတ်နည်းသိလို့ ၊ မှတ်နိုင်လို့ ၊ မှတ်တတ်လို့ ၊ မှတ်အားကောင်းလာလို့  ရှိရင် လောဘ၊ ဒေါသ၊ မောဟ၊ သောကဆိုတဲ့ အကုသိုလ်ကိလေသာတရားတွေဟာ မလာနိုင်တော့ဘူး။ နည်းသွားတယ်။ ပါးသွားတယ်။
နောက်ဆုံး ကုန်သွားပါလိမ့်မယ်။
မွေးရာပါကမ္မဋ္ဌာန်း
- တရားရှုမှတ်တယ်ဆိုတာ အရှိကိုမြင်အောင် ရှုမှတ်ရတာပါပဲ၊
- မရှိတာကိုရှာပြီးတော့ မှတ်နေစရာ မလိုပါဘူး။
- ၀င်လေထွက်လေဆိုတာ မွေးရာပါပင်တိုင် ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။
No comments:
Post a Comment