အဋ္ဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တစ်ခုဖြစ်လာမယ့် ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန်ဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှာ ၂၀၀၉ ခု ဖေဖေါ်ဝါရီလ ၇ ရက်နေ့  နဲ့ ၈ ရက်နေ့များမှာ စတင်ဖွင့်လှစ် ခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို့  ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ၀ိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဂုရုကြီး ဦးဂိုအင်ကာ ပဲ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက ဂိုရိုင်းကျွန်း (Gorai Island) ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ ၅ သန်းတန် မြေ ၁၁ ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။
စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သော အားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ ၁ ပေ နှိမ့်ချပြီး ၃၂၅ ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။
အမြင့်ပေ ၃၂၅ ပေ။ အကျယ်အ၀န်း အချင်း ပေ ၂၈၀ နဲ့ မြေ ၁၁ ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ရဲ့  အထူးခြားဆုံး အချက်ကတော့ အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တစ်ခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံးဝမသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့် ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ် ဆောက်လုပ်ထားတာ ဖြစ်တယ်လို့  ဆိုပါတယ်။
ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို့  ဆိုကြတာဖြစ်ပါတယ်။
အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ၀ိပဿနာ တရားအားထုတ်တဲ့ ရောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ့ အကျယ်အ၀န်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမ ဗုဒ္ဓ ရဲ့  ဓါတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် ၂ ဆူပါဝင်ပါတယ်။
(စေတီတော်နှင့် ပတ်သက်သော အချက်အလက်များကို http://nyimuyar.blogspot.com/2009/02/global-vipassana-pagoda.html မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
Wednesday, March 18, 2009
Launch Of The Global Vipassana Pagoda
Subscribe to:
Post Comments (Atom)
No comments:
Post a Comment