Wednesday, February 25, 2009

မင်္ဂလသုတ်မှ မှတ်သားမိသမျှ (၃)

သောကကင်းဝေး အေးချမ်းရေး

ကိုယ်ကျိုးသာ ကျင့်သူ၊ သူတပါး အကျိုးသာ ကျင့်သူ၊ သူကျိုး ကိုယ်ကျိုးနှစ်မျိုးလုံးကျင့်သူ၊ နှစ်မျိုးလုံးမကျင့်သူဟု ပုဂ္ဂိုလ်လေးမျိုးရှိရာ ကိုယ်ကျိုးသာကျင့်သူမှာ ဥစ္စာစသည် ပြည့်စုံချင်ပြည့်စုံမည် ဖြစ်သော်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုကား အပြည့်အ၀ရလိမ့်မည်မဟုတ်။ သူကျိုးသာကျင့်သူ၌ မိမိအကျိုးအတွက် သောကဖြစ်ရ တတ်သေး၏။ နှစ်မျိုးလုံးကျင့်သူမှာ သောကကင်းဝေး အေးချမ်းသသူတည်း။ နှစ်မျိုးလုံးမကျင့်သူမှာ လောက၌ ဆုံးရှုံးသောသူတစ်ယောက်ဖြစ်၏။ အများအကျိုးအစဉ်ဆောင်သူမှာ အများ၏ချစ်ခင်လေးစား အရေးထားခြင်း ခံရသည့်အပြင် မိမိ၏ထိုကောင်းမှုများကို မြင်ရတွေ့ ရတိုင်း စိတ်ကြည်နှုး၍ ရွှင်မြူးချမ်းသာကာ ပျော်လျက်ရှိ၏။ ဘေးကင်း ရန်ကင်း စိတ်ချမ်းသာခြင်းဖြင့် အစဉ်အမြတ်ထွက်လျက်ရှိ၏။ တရပ်တရွာ တမြို့ လုံး ထိုလူမျိုးတွေများ လျင် ထိုအရပ်မှာ အစဉ်သာယာ အေးချမ်းရွှင်လန်း ပျော်မွေ့ ဖွယ်ရာသာဖြစ်၏။ ထိုအရပ်မျိုး၌ လူ-လူချင်း မေတ္တာဖြင့် ဖွဲ့ လျက်ရှိရာ ကွဲပြားမှုမရှိ၊ တသားတည်း ညီညွတ်စည်းလုံးလျက်သာ ရှိမည်ဖြစ်၍ အန၀ဇ္ဇကမ္မမှာ ရပ်ရွာစည်ပင်သာယာရေး၊ လူလူချင်း စည်းလုံးညီညွတ်ရေး၊ ကုသိုလ်အမြဲဖြစ်ရေးအတွက် လေးလေးနက်နက် လိုက်နာသင့်သော ကုသိုလ်မှု ဖြစ်ပေသည်။

(သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿယသစ် စာမျက်နှာ ၁၄၀-၁၄၁ မှ ကူးယူဖော်ပြပါသည်။)

1 comment:

  1. တက်နိုင်သလောက်တော့နှစ်မျိုးစလုံးကျင့်ဖြစ်တယ်။
    အခုလိုထပ်မံတင်ပြတာပိုပြီးသတိထားဆင်ခြင်မိပါတယ်
    ကျေးဇူး

    ReplyDelete