Friday, February 6, 2009

ပါရမီ

ပါရမီ
သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာဘိဝံသ


ပါရမီ
-ဟူသည် မိမိအကျိုးအတွက် ငဲ့ကွက်လိုလားခြင်းမရှိပဲ အများကောင်းကျိုးအတွက်၎င်း၊ သံသရာမှ လွတ်မြောက်ရေးအတွက်၎င်း၊ ပြုအပ်သော ဒါနစသော ကောင်းမှုများပင်ဖြစ်သည်။ ထိုကောင်းမှုများဖြင့် မြင့်မြတ်သူဟု သိရသည်ဖြစ်ရာ မြင့်မြတ်သူဖြစ်ကြောင်း ဟု အနက်ဖွင့်ဆိုကြ၏။


လူညံ့များမှာ ကောင်းမှုပင်ဖြစ်စေ မိမိအကျိုးရှိမှ ပြုလုပ်လိုကြ၏။ သံသရာမှလွတ်ရေးထက် ဘ၀ကောင်းစားရေး၊ ထင်ပေါ်ကျော်ကြားရေးကိုသာ အလေးပေးတတ်၏။ ထို့ ကြောင့် ပါရမီမြောက်အလုပ်များမှာ ထိုလူညံ့တို့ အရာမဟုတ် ဖြပ်ရ၏။ ထိုအလုပ်များမှာ ဘ၀အပြစ်မြင်၍ အများအပေါ်မှာ ကရုဏာမေတ္တာအားကြီးသော သူတော်ကောင်း ပုဂ္ဂိုလ်မွန်တို့ ၏ လုပ်ငန်းများဖြစ်ကြ၍ ပါရမီအနက်ကို မြင့်မြတ်သူတို့ ၏ အလုပ် ဟုလည်း ဖွင့်ဆိုကြပြန်သည်။


(သပြေကန်ဆရာတော်ကြီးရေးသားစီရင်အပ်သော “ပရိတ်ကြီးနိဿယသစ် ” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။)

No comments:

Post a Comment