Monday, February 2, 2009

တပည့်များ သတိထား

(၁)
မွေးနေ့ ရှိက၊ မှန်မုချလျှင်၊ သေရမည့်နေ့ ၊ ဧကန်တွေ့ လိမ့်
ဘယ်နေ့ ဘယ်ခါ၊ မသိပါသည်၊ စောင့်ခါနေရ၊ လူ့ ဘ၀။

(၂)
မော်ခါကြွားခါ၊ မာန်တက်ခါဖြင့်၊ ပျော်ခါပါးခါ၊ ဇိမ်ယူခါဖြင့်
တရားမသိ၊ လောဘဖိလျက်၊ မှိုင်းမိကိလေ၊ ပျော်ပျော်နေက
သေသည့်အခါ၊ ငရဲရွာတွင်၊ ခံရမည်မှာ၊ မုချသာတည်း။ ။

(ဤဆုံးမလင်္ကာကို ရေးစပ်သူမှာ သတ္တမမြောက် ကျော်အောင်စံထား ဆရာတော်ဟု ထင်ပါသည်။ ရေးသားသူအမှန်ကို သိရှိသူများ ရှိပါက မေတ္တာရှေ့ ထား ပြင်ပေးကြပါ ခင်ဗျား။ )

No comments:

Post a Comment