ဗုဒ္ဓဘာသာသုံးမျိုး
သူငယ်တော်တောရဆရာတော်
တံတားဦးမြို့ နယ်၊ သူငယ်တော်ရွာ
- အောက်တန်း ဗုဒ္ဓဘာသာ၊ အလယ်တန်း ဗုဒ္ဓဘာသာ၊ အထက်တန်း ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ သုံးမျိုးရှိတယ်။
- ကံနဲ့ ကံ၏အကျိုးကို ယုံကြည်တဲ့အဆင့်ဟာ အောက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။
- အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ-အစိုးမရဘူးလို့  လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီးတော့ ဉာဏ်ထဲမှာ ဆင်ခြင်တဲ့သဘောကတော့ အလယ်တန်းဗုဒ္ဓဘာသာ၊
- မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး သစ္စာလေးပါးကို မြင်သွားတဲ့အဆင့်ကတော့ အထက်တန်းဗုဒ္ဓဘာသာဖြစ်တယ်။
- အောက်တန်း၊ အလယ်တန်း အဆင့်မျှနဲ့ ပဲ အားရတင်းတိမ်မနေကြဘဲ အထက်တန်း ဗုဒ္ဓဘာသာဝင် တွေဖြစ်အောင် ယောဂီသူတော်စင်တွေအားလုံး ကျင့်ကြံအားထုတ်ကြရမယ်။
(နေ့ စဉ်ဟောပြသြ၀ါဒ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။)
No comments:
Post a Comment