- အမြဲဆင်ခြင်နေရမဲ့ တရားက အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတရားသုံးပါးဖြစ်တယ်။
- လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက ဘယ်မှာအနတ္တရှိမည်နည်း။
- ပြောတိုင်းမရ စိတ်မညစ်နှင့် ကိုယ်ပြောတိုင်းသာ ရနေပါက ဘယ်မှာအနတ္တရှိမည်နည်း။
- ကြံတိုင်းမမြောက် စိတ်မဖောက်နှင့် ကိုယ်ကြံတိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တ ရှိမည်နည်း။
- ဆင်းရဲကြုံမူ သည်းခံခွင့်လွှတ် ချမ်းသာချည်းသာကြုံနေပါက ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
- ပျက်စီးတိုင်းလည်း စိတ်မပျက်နှင့် မပျက်စီးကာ ခိုင်မြဲပါက ဘယ်မှာအနိစ္စ ရှိမည်နည်း။
- အာရုံဟူသမျှ မတောင့်တနှင့် အာရုံတိုင်းသာ တောင့်တပါက ဘယ်မှာ လောဘဆုံးမည်နည်း။
- အရာရာမျိုး စိတ်မလိုနှင့် အရာရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
- သိဥာဏ်မလိုက် သင်မမိုက်နှင့် သိဥာဏ်မရ မိုက်နေပါက ဘယ်မှာ မောဟဆုံးမည်နည်း။
- ဗုဒ္ဓတရားမေ့မထားနှင့် ဆုံးမတိုင်းသာကျင့်ကြံပါက ဘယ်မှာနိဗ္ဗါန်ဝေးမည်နည်း။
(ဤဆုံးမစာကို ကိုငြိမ်းလွင်၏ ကျေးဇူးပြုမှုဖြင့် မိုးမခမီဒီယာမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ လင့်ခ်ပေးသော ကိုငြိမ်းလွင်ကို အထူးကျေးဇူတင်ပါသည်။)
(ဆရာတော်ကြီး၏ နောက်ဆုံးခရီးမှတ်တမ်းဓာတ်ပုံများကို ဤဘလော့ဂ်၏ http://vimuttisukha.blogspot.com/2008/07/maha-parinibbana-of-venerable-sar-taung.html တွင် ပြန်လည်ကြည့်ရှုကြည်ညိုနိုင်ပါသည်။)
အိပ်ယာနိုးနိုးချင်း..ဆရာတော်ကြီးရဲ့ဆုံးမသြ၀ါဒကိုနယူရတယ
ReplyDeleteအလွန်အေးချမ်းပါပေတယ်